Tuesday, February 28, 2017

လုပ်တိုင်းမဖြစ်စိတ်မညစ်နဲ့


လုပ်​တိုင်းမဖြစ်​ စိတ်​မညစ်​နဲ့ 
-----------------------------

လူတော်တော်များများဟာ နည်းနည်းလေး
အဆင်မပြေဖြစ်တာနဲ့  ဘဝကို အရှုံးပေး
ချင်ကြတယ် ကိုယ့်ရဲ့ အရည်အချင်းကို
လောကဓံအောက် အရောက်ခံကြတယ်

ဒါဆိုရင်
ကိုယ်ဖြစ်ချင်တာ မဖြစ်တာဟာ
ကံဆိုးတာလား

မထင်ပါနဲ့ 

ကိုယ်ဖြစ်ချင်တာ မဖြစ်တာဟာ
ကံဆိုးတာဖြစ်နိုင်သလို
ကံကောင်းတာလည်း ဖြစ်တက်ပါတယ်

ဆြာဦးသွင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ မဟာစည်သာသနာ့ရိပ်သာကို ထူထောင်
ခဲ့သူကြီးပေါ့ သူဟာ စီးပွားရေးစလုပ်ခါစက အကုန်ရှုံးသွား
တယ် အဲဒီမှာများ သူ စိတ်ပျက်ပြီး အရှုံး
ပေးခဲ့ရင် ဒီကနေ့ မဟာစည်ဆိုတာ
ပေါ်လာမှာတောင် မဟုတ်ပါဘူး
သူဟာ အကြိမ်ကြိမ်လဲကျတဲ့ကြားထဲက
ပြန်ထနိုင်ခဲ့လို့  အောင်မြင်မှူ့ ပြန်ရပြီး
လောကဓံကိုအလဲထိုးနိုင်ခဲ့တယ်
သူ့ ကြောင့်မဟာစည်ဆိုတာ ပေါ်ပေါက်
လာခဲ့ရပြီး ဒီကနေ့ သာသနာတော်အတွက် ကြီးကျယ်ခမ်းနားခဲ့ရတယ်

နောက်တစ်ယောက်က
ဦးဂိုအင်ကာ

သူ့ စီးပွားရေးတွေသာ ပြည်သူပိုင်အသိမ်း
မခံရ ရင် ဒီကနေ့ ဦးဂိုအင်ကာဟာ
နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို သာသနာ
မပြု နိုင်ခဲ့ဘူး သူ ပျက်စီးတာဟာ သာသနာတော်အတွက် ကြီးကျယ်ခမ်းနား
ခဲ့ရတယ်

ဆရာကြီးမင်းသိင်္ခ
သူ ထောင်မကျခဲ့ရင် ခုလို အောင်မြင်မှူ့ 
ဘယ်လိုမှ မရနိုင်ခဲ့ဘူး

ဆရာကြီးအောင်သင်း
သူကိုယ်တိုင်ပြောခဲ့တာ
သူထောင်ကျတာ ကံကောင်းတာ တဲ့

ဟော

ကြည့်စမ်းပါ သူတို့ တွေရဲ့  အောင်မြင်မှူ့ 

သင်ရော

ဖြစ်ချင်တာ မဖြစ်တိုင်း
စိတ်ညစ်နေလား

သင်ယူခဲ့တဲ့ ပညာတွေနဲ့ 
ဗုဒ္ဓတရားတော်တွေက
ဘာလုပ်ဖို့ လဲ

ဗုဒ္ဓတရားတော်တွေနဲ့ 
မကျော်ဖြတ်နိုင်တဲ့ ဒုက္ခ ဆိုတာ
ရှိကို မရှိပါဘူး

ကျရှုံး တဲ့အခါ
သင်က
ဇွဲလေးပဲစိုက်ပါ

ဗုဒ္ဓတရားတော်က
အောင်မြင်မှူ့ ဆီကို
ခေါ်ဆောင်သွားပါလိမ့်မယ်

ပျက်စီးတိုင်းလည်း
စိတ်မညစ်နဲ့ 
တချို့ ပျက်စီးမှူ့ တွေက
သင့်အောင်မြငိမှူ့ အတွက်
အရင်းအနှီးပါပဲ

အဲဒါလေးနှစ်ခုကို
မှတ်ဖြစ်အောင် မှတ်ထားကြပါ

            ဦးမြင့်ခိုင်
Credit to Original Post

No comments:

Post a Comment