Tuesday, February 28, 2017

User for Xiaomi & MPT

MPT အသုံးပြုသူများအတွက်
Line Clear မဖြစ်တဲ့ Error ဖြေရှင်းနည်း

Xiaomi Mi Series သုံးကြတဲ့
အစ်ကို/အစ်မတွေ MPT နဲ့ ဖုန်းပြောရင်
သိပ်အဆင်မပြေတာတွေ တွေ့နေရပါတယ်
SIM 2 မှာ MPT ကိုထည့်ထားရင်
Line Clear မဖြစ်တာတွေပိုများပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း အဲလိုဖြစ်နေလို့
ဆရာသမားတွေကိုမေးမြန်းခဲ့ပြီး
နောက်ဆုံးရတဲ့အဖြေကို ပြန်လည်ဝေမျှပေးတာပါ ။

###
MPT နဲ့ Internet သုံးပြီးတိုင်း
Setting, About Phone, Internal Memory ကို
5 ချက်​​လောက်​နှိပ်​ MPT ထည့်ထားသော
Phone Information ထဲဝင်
1 မှာထည့်ထားရင် Phone Information 1 ကိုရွေး
2 မှာထည့်ထားရင် Phone Information 2 ကိုရွေး
TD-SCDMA, GSM,WCDMA and LTE ​နေရာမှာ
GSM Only ​ပြောင်းပြီး Home Key နဲ့ပြန်ထွက်လိုက်ပါ
Internet သုံးမယ်ဆိုရင်
GSM Only ကနေ
TD-SCDMA, GSM,WCDMA and LTE ကို
ပြန်ပြောင်းပေးရပါမယ် ၊
နည်းနည်းတော့ အလုပ်ရှုပ်ပေမယ့်
မပြောင်းပဲထားရင် Internet က 2G, E ပဲ
တက်ပါလိမ့်မယ် ။

*#*#4636#*#* နဲ့ ဝင်လုပ်ရင်လည်းရပါတယ် ၊
နောက်တစ်နည်းကတော့
MPT 2G Only ပြောင်းဖို့အတွက်က
Setting, Preferred Network Type ထဲက
ဝင်ချိန်းရင်လည်း ရပါတယ် ။

###
အဲလိုတွေ လုပ်ရတာ အလုပ်ရှုပ်တယ်၊
မလုပ်ချင်ဘူးဆိုရင်တော့
နောက်ဆုံးနည်းလမ်းက MPT ဖြင့်
ဖုန်းပြောတော့မယ်ဆိုတိုင်း Phone Internet
ဖွင့်ပြီး ဖုန်းပြောကြည့်ပါ ၊
ဘေလ်မကုန်ပါဘူး ၊
လိုင်းကြည်ကြည်လင်လင်နဲ့
ပြောလို့ အဆင်ပြေတာကိုတွေ့ရပါတယ် ၊
တချို့ကတော့ မရဘူးပြောကြတယ်
ကျွန်တော်လေ့လာရသလောက်ကတော့
ဒီ MPT SIM Error ဖြစ်တဲ့ 90% သော ဖုန်းတွေ
ဒီနည်းနဲ့ အဆင်ပြေနေတာ တွေ့ရပါတယ် ။

ဒါက ကျွန်တော် တတ်သလောက်
မှတ်သလောက်လေး ပြန် Share တာပါ ၊
သင်ဆရာ/ မြင်ဆရာများကို
ကျေးဇူးအထူးတင်ပါတယ် ။

THit PiN

Credit to Original Post

No comments:

Post a Comment