Tuesday, February 28, 2017

Child Mode Error (MI)

Bypass Child Mode Error
.......***** ...... **** ......****
Save ထားကြနော် အရေးကြုံရင် သုံးလို့ရတယ် 😃

Child Mode မှာပြန်ထွက်မရတဲ့ မိတ်ဆွေများအတွက်ဖြစ်ပါတယ်။ မေးခွန်းတွေအတွက် အဖြေရှာဖို့ နည်းလမ်းအချို့ ရှိရာမှာ အသင့်တော်ဆုံးနည်းလမ်းကို ရှာဖွေဖို့  ကျွန်တော့်ဖုန်းကို Child Mode ဝင်ခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေကိုဖန်တီးဖို့အတွက် ဘာ app ကိုမှ permission မပေးခဲ့ပါဘူး။ ဒါကြောင့် Child Mode မှာ ဘာမှမပေါ်ဘူးပေါ့

အဆင့် (၁)

ပထမဆုံး ကိုယ့်ရဲ့ဖုန်းကို လုံးဝပိတ်ပြီးပြန်ဖွင့်ပါ။ သတိရှိရန် ** ဖုန်းပြန် ပွင့်လာရင် Lock မဖြည်မိပါစေနဲ့ သို့မဟုတ် Fingerprint နဲ့မဖြည်ပါနဲ့ ပါဝါပြန်တက်လာရင် ဒီတိုင်းထားပါ။ Lock Screen ပေါ်နေပါစေ။

အဆင့် (၂)
Lock Screen ကိုရောက်အောင်မျက်နှာပြင်ကို Swipe လုပ်လိုက်ပါ PIN ထည့်ရန်နေရာ သို့မဟုတ် pattern နေရာကိုရောက်သွားပါမယ်။ ဒါဆို အဲသည်နေရာမှာ အောက်ဘက်နားဆီကိုကြည့်လိုက်ပါ။ Emergency ဆိုတဲ့ အရေးပေါ်ခေါ်ဆိုရန်နေရာကို ရောက်ရှိသွားပါလိမ့်မယ်။

အဆင့် (၃)
၁၂၂ လို့နံပါတ်ရိုက်ပြီး ခေါ်လိုက်ပါ။ ဖုန်းခေါ်နေစဉ် ဖုန်းရဲ့ Dialing မျက်နှာပြင်မှာ Contact လေးပေါ်နေတာရှိပါတယ်( လူပုံလေးပါ ) သူ့ကိုနှိပ်ပြီးတာနဲ့ Password or PIN တောင်းရင် ပေးလိုက်ပါ။ ဒါဆို Recent ရယ် Contact ရယ် Yellow Pages ဆိုတဲ့နေရာရယ်ကို ရောက်သွားပါပြီ။ Yellow Pages ကိုနှိပ်ပါ

အဆင့် (၄)
ပါဝါခလုတ်ကိုဖိထားလိုက်ပြီး လေယာဉ်ပုံစံ Airplane Mode ကိုဖွင့်လိုက်ပါ။ Status Bar မှာ လေယာဉ်ပုံလေးပေါ်လာပါလိမ့်မယ်

အဆင့် (၅)
Yellow Pages ခေါင်းစဉ်အောက်က icon အဝိုင်းလေး တစ်ခုခုကို နှိပ်လိုက်ပါ။ အင်တာနက်ကိုချိတ်ဆက်မရတဲ့အတွက် Network Setting ကိုသွားဖို့ Button လေးမြင်ရပါလိမ့်မယ်

အဆင့် (၆)
Network Setting ကိုနှိပ်ပြီး ဝင်လိုက်ရင် Setting ထဲရောက်သွားပြီ ဖြစ်ပါတယ်

အဆင့် (၇)
ဟုတ်ကဲ့ Child Mode လေးရှာပြီးပိတ် .. Home ခလုတ်လေးနှိပ် .. ပျော်စရာပေါ့ဗျာ

MIUI Myanmar Fan Site Team

(တစ်နေရာရာမှာ သုံးချင်တဲ့အခါ နာမည်မဖော်ချင်လည်းရပါတယ်။ Credit Original post ဆိုကျေနပ်ပါတယ်)
#Credit

No comments:

Post a Comment