Tuesday, February 28, 2017

မေ့လျော့ပေါ့ဆခြင်း

"မေ့လျော့ပေါ့ဆခြင်း"

ဒီကနေ့ တိုင်းသားပြည်သူလူအားလုံး
အထူးသဖြင့်လူငယ်တွေ
ယောင်္ကျားလေးငယ်တွေ ပိုများတယ်
မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆတွေ
သိပ်များကုန်ပြီ။အဲ့ဒါကို ဘာခေါ်လဲဆိုရင်
ပမာဒ-အားကြီးတယ်။
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ
ဖြစ်ကတတ်ဆန်း အဲ့ဒီလို နေတတ်ထိုင်တတ်
သွားတတ်လာတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ 
ဘာဖြစ်လဲဆိုတော့ ဘဝပျက်စီးတတ်တယ်။

ဒါကိုမြတ်စွာဘုရားပြောတယ် "ပမာဒေါ မစ္စုနောပဒံ"။
ပမာဒေါ-မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆ သတိလွတ်ပြီးတော့
နေကြမယ်ဆိုရင်တော့ မစ္စုနောပဒံ- သေလမ်းကို
လျှောက်နေကြတာနဲ့ အတူတူပဲ။

မေ့လျော့ပေါ့ဆတဲ့သူများဟာ ပရိသတ်ရေ
သေလမ်းကို လျှောက်နေကြတာနဲ့တူတယ်။
ဒီကနေ့ပဲ ဘုန်းကြီးတို့ ကျည်တောက်ပေါက်လာတော့
လမ်းမှာ မော်တော်ကားလမ်းမှာ
ဆိုင်ကယ်စီးလာတဲ့ ကောင်းလေးတစ်ယောက်နဲ့
ကောင်မလေးတစ်ယောက် ။ကောင်မလေးက နောက်က
ကောင်လေးက ရှေ့က။

အမယ်ဖက်ထားလိုက်တာ ကျစ်နေတာပဲ။
လိမ့်ကျမှာကြောက်လို့တဲ့ထင်တယ်။
ဘေးကနေ့ အိမ်ထဲကနေထွက်လာပြီးတော့
လမ်းလယ်ခေါင်ရောက်ခါမှာ
ဆိုင်ကယ်ပေါ်ကနေ လမ်းပေါ်ကိုကျသွားတာ
ဘုန်းကြီးထင်တယ်။
တယ်လီဖုန်းကျသွားတာလို့ ဒီလိုပဲထင်တယ်။
မော်တော်ကားလမ်းလယ်ခေါင်ကြီးမှာ
ဒီတိုင်းရပ်ပြီးတော့ ကောင်မလေးက
ပြန်ကောက်တယ်။ပြန်ကောက်ပြီးတော့
အဲ့ဒါလေးကို လက်နဲ့ပွတ်ပြီး သေချာကြည့်နေသေးတယ်။

ကားတွေက သူတို့ကိုရှောင်သွားနေရတယ်။
အဲ့ဒါလက်နဲ့ ပွတ်နေတာကိုထောက်ခြင်းဖြင့်
ဒါတယ်လီဖုန်းပဲနေမှာပဲ  ပြီးတော့မှ
မော်တော်ဆိုင်ကယ်ပေါ် ပြန်တက်ပြီးတော့
နှစ်ယောက်သား မောင်းပြေးကြတာ။
ဘုန်ကြီးက ကားပေါ်ကနေမြင်လိုက်တယ်။

ဒါတွေဟာပတ်ဝန်းကျင်လောကကြီးကို
မထီလေးစားလုပ်တာ။
ဒီလမ်းက သူတိုပဲ ပိုင်တဲ့လမ်းမှ မဟုတ်ပဲ။
ဆိုင်ကယ်ပေါင်းမြောက်များစွာ
မော်တော်ကားပေါင်းမြောက်များစွာ
သွားနေတာ လမ်းလယ်ခေါင်မှာ တယ်လီဖုန်း
ပွတ်နေတယ်။

အဲ့ဒီတော့ ဒီကနေ့ တိုင်းပြည်မှာ
လူငယ်တွေ ခပ်များများ
မိမိတို့ရဲ့ လူနဲ့လူ့ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး။
တံထွေးလည်း ထွေးချင်သလိုထွေးတယ်။
စကားလည်းပြောချင်သလို ပြောတယ်။
သေးလည်ပေါက်ချင်သလို ပေါက်တယ်။
လုပ်ချင်တာ အကုန်လုံးလုပ်ကြတာ။
ပစ်ချင်တာတွေလည်း တွေ့ရာ
နေရာ အကုန်ပစ်ထားခဲ့တာ။

နိုင်ငံတော်ရဲ့ ဖွံဖြိုးတိုးတက်ရေးဆိုတာ
အလားအလာ တော်တော်မကောင်းဘူး။
ဘာကြောင့်လဲ လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့
အကျင့်စာရိတ္တ ပျက်စီးတာတွေ များလာတယ်။

အဲ့ဒါဟာအကြောင်းရင်းကဘာလဲဆိုတော့
ဒီခေတ်မှီဖွံဖြိုးတိုးတက်ခြင်းရဲ့
အကျိုးကျေးဇူးပဲ။လူတိုင်း
တယ်လီဖုန်းကိုင်လိုက်ပြီဆိုတာနဲ့တပြိုင်နက်
လောကကြီး ဂရုမစိုက်တော့ဘူး ဒါပဲ
ပွတ်နေရရင် သူတို့က ဘဝမှာ
စည်းစိမ်ကအပြည့်နဲ့တူတယ်။
ဒီထဲမှာ ဘာတွေပါလဲ မသိဘူး တစ်ခုခုတော့
ပါလိမ့်မယ်။

ပြီးတော့ မူးယစ်ဆေးဝါး လမ်းဘေးမှာ ငေးငိုင်ပြီးတော့
ကုလားထိုင်ပေါ်မှာ အိပ်နေတဲ့ကောင်တွေ အများကြီးရှိတယ်။
ဆိုယ်ကယ်ပေါ်မှာ အိပ်နေတဲ့ကောင်တွေအများကြီးရှိတယ်။
ဆိုယ်ကယ် taxi လုပ်တဲ့ကောင်တွေ လူမရတော့ ဆိုင်ကယ်ပေါ်မှာ
အိပ်နေတာ ဒီကနေ့ ပဲ ဘုန်းကြီးတို့ နှစ်ယောက်တွေ့ခဲ့တယ်။
စစ်ကိုင်းအထွက်မှာ။ငေးမှိုင်ပြီး အိပ်နေတာ။မန်းလေးအထွက်မှာ
တစ်ယောက်တွေ့တယ်။ဆိုင်ကယ်ပေါ်မှာ အိပ်ပျော်နေတာ။
ဒါလိုတွေ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ပတ်ဝန်ကျင်ကို ဂရုမစိုက်
တာတွေဟာ တိုင်းပြည်အနာဂတ်အတွက် သိပ်မကောင်းဘူးပေါ့လေ။

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
(၂၀.၁.၁၇)ရက်နေ့က ကျည်တောက်ပေါက်မြို့တွင်
ဟောကြားခဲ့သော တရားတော်မှ >>>>>

_/\_ ပရေသံ ဟိတ မိစ္ဆေယျံ_/\_

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

Credit to Original Post

No comments:

Post a Comment