Friday, March 31, 2017

သီလ

ဘိက္ခဝေ- ချစ်သားရဟန်းတို့ သီလရှိသော ပုဂ္ဂိုလ်သည် စိတ်၏တောင့်တချက်ဟူသမျှသည် သီလစင်ကြယ်နေသည့် အတွက်ကြောင့် မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်၏။

သီလစင်ကြယ်နေသည့် အတွက်ကြောင့် မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်၏  ဆိုသောကြောင့် သီလစင်ကြယ်နေဖို့ မလိုဘူးလား ? ။ သီလမြဲဖို့လည်း လိုတယ်နော်။  သီလစင်ကြယ်နေသည့် အတွက်ကြောင့် သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့ တောင့်တချက်သည် ဟူသမျှသည်မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်တဲ့ "

ဒီအချက်လေးကို ယုံကြည်မယ်ဆိုရင် တရားနာပရိတ်သတ်တွေ ဒီနေ့ကနေစပြီး ငါးပါးသီလကို အသက်ထက်ဆုံး မြဲအောင်ဆောက်တည်
နိုင်ကြမလား ?

ဘုန်းကြီးအနေနှင့် ဆောက်တည်စေချင်တာရည်ရွယ်ချက် ရှိပါတယ်။ တစ်လောက ဘုန်းကြီးမကျန်းမာတော့ ဗီယက်နမ်နိုင်ငံမှာ ဆေးကုခဲ့ရတယ်၊ ထိုအချိန်အခါမှာ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ မဟာယာနဘုန်းတော်ကြီးတစ်ပါးက လာပြီးကန်တော့ပါတယ် ။ ကန်တော့တဲ့ အချိန်အခါမှာ သူကထူးခြားတဲ့ စကားလေးတစ်ခုကို လျောက်ထားသွားတယ်။"

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်၊ ဒီလိုဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါလျက် ကုလသမဂ္ဂကနေပြီးတော့ မြန်မာနိုင်ငံမှာလိုက်လံပြီး စာရင်းကောက်ယူလိုက်တဲ့ အခါ အရက်သေစာသောက်စားကျူးလွန်နေတဲ့ ပုဂ္ဂိုလ်ဟာ ၇၅ရာခိုင်နှုန်းရှိနေပါတယ်တဲ့၊ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါလျက် ဘာကြောင့် အရက်သေစာသောက်သုံးနေတဲ့ ပုဂ္ဂိုလ်တွေ များပြားနေရသလဲ ?
ဆိုပြီးတော့ သူက ဒီမေးခွန်းလေးမေးပါတယ်။

ဘုန်းကြီးဘက်ကဖြေနိုင်တာကတော့ သူတို့ဟာ သီလခိုင်ခိုင်မြဲမြဲ မဆောက်တည်ကြလို့ပါ " ဒီအဖြေဘဲရှိပါတယ်နော်။

သီလမဆောက်တည်တဲ့ အတွက်ဘာဖြစ်သလဲလို့ရှိရင် ဆောက်တည်ထားတဲ့ သရဏဂုံတောင် မတည်တော့ဘူး။
သရဏဂုံမတည်ဘူး ပျက်စီးတယ်ဆိုတာက ဗုဒ္ဓဘာသာတောင်မဟုတ်တော့ဘူးလို့ ဆိုလိုပါတယ်။

အဲ့ဒါတရားနာနေတဲ့ ပုဂ္ဂိုလ်တွေ ဒီနေကနေစပြီး ငါးပါးသီလကို အသက်ထက်ဆုံး ဆောက်တည်နိုင်ကြမလား ? ။ ကဲ...ဆောက်တည်နိုင်ဖို့ ကြိုးစားကြရမယ်။

" ဖားအောက်တောရဆရာတော် "

No comments:

Post a Comment