Saturday, March 4, 2017

ဝဋ္ဋသုတ်


"ဝဋ္ဋသုတ်"
✿✿✿✿✿

"ဝဋ္ဋသုတ်ရွတ်ဖတ်ရခြင်းအကျိုး"
━━━━━━━━━━━━
မီးဘေးလွတ်ကင်းစေနိုင်သည်။

မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင် မိမိရပ်ကွက်
မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။
.
.
.
.

"ဝဋ္ဋသုတ် မြန်မာပြန်"
━━━━━━━━
၁/ သဗ္ဗညုတ ညဏ်တော်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို
ဖြစ်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေ၏။ ဘုရားအလောင်း ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့်
တောမီးကွင်းရလေ၏။
.
.
.
၂/ ဤပရိတ်တော်ကို ရှင်သာရိပုတ္တရာ
မဟာထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ဤပရိတ်တော်သည်
ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလည်း လွန်စွာကြီး၏။ ယခုအခါ
ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
.
.
.
၃/ လောက၌ သီလ၏ ဂုဏ်ကျေးဇူးသည် ရှိပေ၏။
မှန်ကန်သောသစ္စာသည်ရှိပေ၏။ ကိုယ်ရေး၊ နှုတ်ရေး၊ စိတ်ရေး
လုံးဝ စင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တဝါတို့အား ကြင်နာသနားခြင်းသည်
ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော
သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။
.
.
.
၎/ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသော
ဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍
သစ္စာပြုခဲ့ဖူးလေပြီ။
.
.
.
၅/ အို…တောမီး။ ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ။
ငါ့မှာခြေတို့ ရှိပါသော်လည်းမသွားတတ်သေးပါ။ ငါ၏ မိဘတို့သည်လည်း
(ငါ့ကိုထား၍) ထွက်သွားကြလေပြီ။ အို…တောမီး။ ငါ့ကို ဖဲကြဉ်ပါလော့။
.
.
.
၆/ ချစ်သား… သာရိပုတ္တရာ။ ဤကဲ့သို့ ငါဘုရားလောင်း ငုံးငယ်က
သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည်
ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့သို့ ငါ့ကို ဖဲကြဉ်လေ၏။ အရှိန်အလျှံ ကြီးမားလှသော တောမီးသည် မင်းပယ် (၁၆)ပယ်ခန့်မျှ ကွင်းလေ၏။
.
.
.
ချစ်သား သာရိပုတ္တရာ။ ငါ၏သစ္စာစကားနှင့် တူသောတရား
မည်သည် မရှိချေ။ ဤပါရမီကား ငါဘုရား၏ သစ္စာပါရမီပင် ဖြစ်တော့သည်။

                    ဝဋ္ဋသုတ်အနက် ပြီး၏။

No comments:

Post a Comment