Saturday, March 4, 2017

မင်းကွန်းဆရာတော်ဘုရားကြီး

ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး ဂင်းနစ် စရင်းဝင်
မင်းကွန်းဆရာတော်ဘုရားကြီး၏
ကြည်ညိုဖွယ်ရာ ဘွဲတံဆိပ်တော်များ
~•~•~•~•~•~•~•~•~•~•~•~•~•~~•~•~•
၁။ပထမကျော်-၁၂၉၅ခုနှစ်
၂။ပရိယတ္တိသာသနဟိတဓမ္မာစရိယ-          (သကျသီဟဓမ္မာစရိယ-အဘိဝံသ-ဝဋံသကာ)-၁၂၉၆ ခုနှစ်
၃။သာသနဓဇသီရိပဝရဓမ္မာစရိယ-၁၃၀၂
၎။ဝိသိဌဝိနယဓရ-၁၃၁၂ ခုနှစ်
၅။မဟာဝိနယကောဝိဒ-၁၃၁၂ ခုနှစ်
၆။ဝိသိဌအာဘိဓမ္မိက-၁၃၁၃-၁၃၁၄ ခုနှစ်
၇။မဟာအဘိဓမ္မကောဝိဒ-၁၃၁၃-၁၃၁၄
၈။ဝိသိဌဒီဃဘာဏက-၁၃၁၅ ခုနှစ်
၉။မဟာဒီဃနိကာယကောဝိဒ-၁၃၁၅ ခုနှစ်
၁၀။ဗုဒ္ဓသာသနဝိသိဌတိပိဋကဓရ-၁၃၁၅ ခုနှစ်
၁၁။မဟာတိပိဋကကောဝိဒ-၁၃၁၅ ခုနှစ်
၁၂။တိပိဋကဓရ ဓမ္မဘဏ္ဌာဂါရိက-၁၃၁၅
၁၃။ဆဌသံဂီတိပါဠိသောဓက-၁၃၁၈ ခုနှစ်
၁၄။ဆဌသံဂီတိပါဠိပဋိဝိသောဓက-၁၃၁၈
၁၅။ဆဌသံဂီတသြသာနသောဓေယျပတ္တပါဌက-၁၃၁၈
၁၆။ဆဌသံဂီတိကာရက-၁၃၁၈ ခုနှစ်
၁၇။ဆဌသံဂီတိဘာဏက-၁၃၁၈ ခုနှစ်
၁၈။ဆဌသံဂီတိဘာရနိတ္တာရက-၁၃၁၈ ခုနှစ်
၁၉။ဆဌသံဂီတိဓမ္မဝိသဇ္ဇက-၁၃၁၈ ခုနှစ်
၂၀။အဌကထာသံဂီတိကာရက-၁၃၂၃ ခုနှစ်
၂၁။ဋီကာသံဂီတိကာရက-၁၃၂၃ ခုနှစ်
၂၂။အဂ္ဂမဟာပဏ္ဍိတ-၁၃၄၀ ခုနှစ်
၂၃။အဘိဓဇမဟာရဋ္ဌဂုရု-၁၃၄၅ ခုနှစ်
၂၄။အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက-
၁၃၅၃ ခုနှစ်တို့ဖြစ်ကြသည်။

မင်းကွန်းဆရာတော်သည်
၁၂၈၇-ခုနှစ်
သာမဏေ(၁၅)နှစ်သားအရွယ်၌ ပထမငယ်တန်း
၁၂၈၈-ခုနှစ် (၁၆) နှစ်သားအရွယ်၌ ပထမလတ်တန်း
တို့ကို အောင်မြင်၍

၁၂၈၉-ခုနှစ် (၁၇)နှစ်သားအရွယ်တွင်မူ ဆရာဖြစ်သော ဆရာတော်ဦးသောဘိတ ကိုယ်တခြမ်းသေ(သွက္ချာပါဒ)
လေဖြတ်ရောဂါဖြစ်သည်ကို
၁၂၈၉မှ ၁၂၉၁-ခုနှစ်အထိ (၃)နှစ်တိုင်တိုင် စာမေးပွဲမဖြေပဲ မိမိပညာရေး ဘေးဖယ်ထားကာ ပြုစုခဲ့ပါသည်။

၁၂၉၃-ခုနှစ် ဝါမရသေးမီ ပထမကြီးတန်း၊
၁၂၉၄-ခုနှစ် ၁-ဝါရ အမျိုးသား ပထမကြီးတန်း၊
၁၂၉၅-ခုနှစ် ၂-ဝါရ အစိုးရပထမကျော်တန်းနှင့်
သကျသီဟ စာသင်တန်း၊
၁၂၉၆-ခုနှစ် ၃-ဝါရ သကျသီဟ စာချတန်းတို့ကို အောင်မြင်ပါသည်။

သကျသီဟစာမေးပွဲ စတင်ကျင်းပသည့် ၁၂၆၅-မှ ၁၂၉၆-ခုနှစ်အထိ၊၃၁-နှစ်အတွင်း၌
စာသင်တန်းနှင့် စာချတန်းကို နှစ်မခြားပဲ ဆက်တိုက် အောင်မြင်သောပုဂ္ဂိုလ် မပေါ်
ပေါက်ခဲ့ဖူးပေ။ အရှင်ဝိစိတ္တသာရသည်သာ စာသင်တန်း စာချတန်း နှစ်မခြားပဲ ပထမဦးဆုံး
အောင်မြင်သောကြောင့် ဝဋံသကာ (ဦးစိုက်ပန်း-ဦးဆောက်ပန်း) ဟူသော ဘွဲ့ထူးအသစ်တီထွင်၍
အရှင်ဝိစိတ္တသာရာဘိဝံသ
ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဝဋံသကာ ဟု
ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဤသို့ ထူးချွန်စွာ အောင်မြင်သဖြင့် ရန်ကုန်ပါဠိဆရာ မြန်မာ
ပညာရှိအသင်းကြီးမှ အဋ္ဌကထာပြန်အကျော် ဘွဲ့တံဆိပ်နှင့် အစိုးရမှ ပထမကျော်ဘွဲ့ အခြားအသင်းပေါင်းစုံမှ ရွှေတံဆိပ်အမျိုးမျိုးတို့ကို ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီး၌
ကြီးကျယ်ခမ်းနားစွာ ဆက်ကပ်လှူဒါန်းကြပါသည်။

၁၃၀၂-ခုနှစ်၌
ဓမ္မာစရိယဘွဲ့နှင့် သာသနဓဇသီရိပဝရ ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့ပါသည်။

၁၃၁၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၇)ရက် တတိယအကြိမ် တိပိဋကဓရ ရွေးချယ်ရေး
စာမေးပွဲ၌ ဝိနည်း၅ကျမ်းကို အာဂုံရော ရေးဖြေပါ ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍၊
ဝိသိဋ္ဌဝိနယဘွဲ့နှင့် မဟာဝိနယကောဝိဒဘွဲ့တို့ကို ရရှိတော်မူခဲ့သည်။

၁၃၁၃-ခုနှစ်၊ စတုတ္ထအကြိမ် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ၌ အဘိဓမ္မာရှေ့ပိုင်း ၅-
ကျမ်း၊ ၁၃၁၄ခုနှစ်၊ ပဉ္စအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌ အဘိဓမ္မာ နောက်
ပိုင်း၂-ကျမ်းတို့ကို အာဂုံရေးဖြေ နှစ်ထွေလုံး ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍
ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့နှင့် မဟာအာဘိဓမ္မိကကောဝိဒဘွဲ့ တို့ကို ရရှိတော်မူခဲ့ပါသည်။

သက်တော်(၄၂)နှစ်အရွယ် ၁၃၁၅-ခုနှစ်၊ ဆဋ္ဌမအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌
ဒီဃနိကာယ် သုတ်သုံးကျမ်းကို အာဂုံရေးဖြေ နှစ်ထွေလုံး ဂုဏ်ထူးနှင့်ချည်း အောင်မြင်တော်မူ၍
ဝိသိဋ္ဌ ဒီဃဘာဏကဘွဲ့၊ မဟာဒီဃနိကာယကောဝိဒဘွဲ့၊ ဝိသိဋ္ဌတိပိဋကဓရဘွဲ့၊
မဟာတိပိဋကကောဝိဒဘွဲ့၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး စပ်ရွှေသိုက် လက်ထက်က သမ္မတအိမ်တော်၌ ကြီးကျယ်ခမ်းနားစွာ
ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ပိဋကတ်.၃ပုံကို နှုတ်ငုံဆောင်နိုင်သည့် ပုဂ္ဂိုလ်
မရှိနိုင် မပေါ်ပေါက်နိုင်ဟု အယူရှိနေသည့် ရဟန်းရှင်လူပြည်သူအားလုံး အရှင်ဝိစိတ္တသာရ
ဟူသည့် ပိဋကတ်သုံးပုံ နှုတ်ငုံဆောင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ပေါ်
ပေါက်လာခြင်းကြောင့် တနိုင်ငံလုံး ချီးကျူးပူဇော်ပွဲများကျင်းပပြုလုပ်ခဲ့ပါသည်။

ဝိနည်း.၅ကျမ်း စာမျက်နှာ- ၂၂၆၀
အဘိဓမ္မာရှေ့ ပိုင်း ၅ကျမ်း စာမျက်နှာ- ၁၃၉၀
အဘိဓမ္မာနောက်ပိုင်း ၂ကျမ်း စာမျက်နှာ- ၃၅၉၈
ဒီဃနိကာယ် သုတ်သုံးကျမ်း စာမျက်နှာ- ၇၇၉
စာမျက်နှာ စုစုပေါင်း- ၈၀၂၇ တို့ကို အထောက်မရှိ၊ အမှားမရှိ နှုတ်တက်အရ အာဂုံ
ဆောင်နိုင်သည့်အတွက်ကြောင့် ကမ္ဘာ့စံချိန် မှတ်တမ်းများ အမည်ရှိ ကမ္ဘာကျော်
စာအုပ်ကြီးထဲ၌ အရှင်ဝိစိတ္တသာရအား ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်ဟု
မှတ်တမ်းတင်ထားခဲ့ပါသည်။

အင်္ဂလန် နိုင်ငံ ၁၉၈၅ ခုနှစ်ထုတ်
ဂင်းနစ် မှတ်တမ်းစာအုပ် စာမျက်နှာ ၁၆ ၌ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ်  သုတဗုဒ္ဓ ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်ကြီး ကိုမှတ်တမ်းတင်ခဲ့ကြသည်။

အစဦးဆုံး တိပိဋကဓရ ဆရာတော်ကြီး အဖြစ်မြန်မာ၌သာမက ကမ္ဘာ့နိုင်ငံတွေကပါ အသိအမှတ်ပြုထားကြသည်။

သာသနာနှစ် ၂၄၉၈-မှ ၂၅၀၀-ပြည့်၊ ကောဇာနှစ် ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ် တိုင်အောင်
သန္နိပါတငါးကြိမ် ပြုလုပ်သည့် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်၌ ပါဠိတော် အဖြေဆရာ
တော်အဖြစ် အစအဆုံး ဆောင်ရွက်တော်မူခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်စဉ် စာအုပ်မကြည့်ပဲနှင့် အမှားအယွင်းမရှိ စာအုပ်ကြည့်ပြီး ဆိုသကဲ့သို့
အလွတ် ဖြေဆိုသည်ကို ဖူးမြင်ရသော ရဟန်းရှင်လူ ပရိသတ်အပေါင်းတို့မှာ အလွန့်အလွန်
အံ့သြမှု ဖြစ်ခဲ့ကြရပါသည်။
၁၃၁၈-ခုနှစ်၊ နတ်တော်လဆုတ် ၉-ရက်နေ့မှစ၍ ၁၃၂၁-ခုနှစ် တပေါင်းလဆန်း ၆-ရက်
နေ့အထိ သန္နိပါတ ၄-ကြိမ် ကျင်းပပြုလုပ်သည့် အဋ္ဌကထာသံဂါယနာ၌ အဖြေဆရာတော်
အဖြစ်လည်းကောင်း ၁၃၂၂-ခုနှစ် တန်ဆာင်မုန်းလပြည့်ကျော် ၃-ရက်နေ့မှ စ၍ ၁၃၂၃-
ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့အထိ သန္နိပါတ ၂-ကြိမ် ကျင်းပပြုလုပ်သည့် ဋီကာ
သံဂါယနာ၌ အဖြေဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။

၁။ ဆဋ္ဌသံဂီတိ ဓမ္မဝိဿဇ္ဇက (ဆဋ္ဌသံဂါယနာ အဖြေဆရာတော်)
၂။ ဆဋ္ဌသံဂီတိကာရက (ဆဋ္ဌသံဂါယနာကာရကသံဃာ)
၃။ ဆဋ္ဌသံဂီတိဘာဏက (ဝိနည်း မဟာဝဂ္ဂပါဠိတော် ဘာဏကသံဃာ)
၎။ ဆဋ္ဌသံဂီတိဘာရ နိတ္တာရဏ (ဆဋ္ဌသံဂါယနာဝန်ဆောင်)
၅။ ဆဋ္ဌသံဂီတိပါဠိဝိသောဓက (ဆဋ္ဌသံဂါယနာ ဝိနည်းမဟာဝါ မူလပထမသုတ်သင်ခြင်း)
၆။ ဆဋ္ဌသံဂီတိပါဠိ ပဠိဝိသောဓက (ဆဌသံဂါယနာပါဠိတော်ကို တဖန်ထပ်မံ၍
သုတ်သင်ခြင်း)
၇။ ဆဋ္ဌသံဂီတိ သြသာနသော ဓေယျပတ္တပါဋ္ဌက (ဆဋ္ဌသံဂါယနာ စာမူများကို
နောက်ဆုံးသုတ်သင်ခြင်း)
၈။ အဋ္ဌကထာ သံဂီတိကာရက (အဋ္ဌကထာသံဂါယနာ ကာရကသံဃာ)
၉။ ဋီကာသံဂီတိ ကာရက (ဋီကာသံဂါယနာ ကာရကသံဃာ) ဟူသည့် သာသနာ့တာဝန်ကြီး
၉-ရပ်တို့ကို ဆောင်ရွက်တော်မူခဲ့သည်။

ပိဋကတ်.၃.ပုံကို နောက်ဆုံး အတည်ပြု သုတ်သင်ခြင်းဟူသည့် သြသာနသောဓေယျ
ပတ္တပါဋ္ဌက တာဝန်ကြီးကို အခြားအဖွဲ့ဝင် သံဃာ ၂၀-ရှိသော်လည်း တိပိဋကဓရဆရာတော်
တပါးတည်းသာ ခက်ခဲပင်ပန်းစွာ ပြုလုပ်ဆောင်ရွက် တော်မူခဲ့ပါသည်။

#ငြိမ်းလဲ့

No comments:

Post a Comment