Friday, March 31, 2017

နတ်တွေတောင်းတ လူ့ဘဝ

နတ်တွေတောင့်တ . . . လူ့ဘဝ
***********************
လူ့ဘဝသည် အလွန်ရခဲသည်ဟူသော ရခဲခြင်း ငါးပါး တွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဗြဟ္မာ့ဘုံမှ အပ်တချောင်းကို ချလိုက်သော်
သုံးနှစ်လေးလတမွန်းတည့်ရှိမှ လူ့ပြည်သို့ ကျရောက် တယ်တဲ့။ ဗြဟ္မာ့ပြည်မှ အပ်နှင့် လူ့ပြည်မှခံသော အပ်သွား ထိပ်ချင်း ထိသော
်ကားထိနိုင်၏။ ထိုအဖြစ်ထက် လူ့အဖြစ်ကို ရခဲတယ်ဟု ဖတ်ဖူးပါသည်။ အနက်ယူဇနာ ရှစ်သောင်းလေးထောင်၊ အနံ ယူဇနာရှစ်
သောင်းနှစ်ထောင်၊ အလျား ယူဇနာ သုံးသန်း ခြောက်သိန်း ကျော်ရှိတဲ့ မဟာသမုဒ္ဒရာကြီး ရှိတယ်။ အဲဒီ သမုဒ္ဒရာထဲမှာ အပေါ
က်တစ်ခုသာပါတဲ့ လှည်းထမ်းပိုးကလေးတစ်ခုဟာ အရပ်လေး မျက်နှာ လေဆောင်ရာမျောနေတယ်တဲ့။ သမုဒ္ဒရာအလယ်မှာ
မျက်လုံးနှစ်ဖက်စလုံး ကမ်းနေတဲ့ လိပ်တစ်ကောင်ရှိပြီး အနှစ် တစ်ရာကြာမှ သမုဒ္ဒရာမျက်နှာပြင်ပေါ်ကို ပေါ်လာသော်လည်း လှည်
းထမ်းပိုး အပေါက်နှင့် ဦးခေါင်းစွပ်မိနိုင်တယ်။ လူ့အဖြစ်ကို ရရှိဖို့ကား ထိုအဖြစ်ထက် ပိုခက်ခဲ၏။ အဲဒီလိုခက်တဲ့ လူ့ဘဝကို နတ်ေ
တွက လိုချင်တောင့်တကြတယ်။
နတ်ပြည်ကိုတော့ လူ့ဘဝဖြင့်ရဖို့ လွယ်သလို ပျက်ဖို့ လည်းလွယ်တယ်လေ။ တရားမေ့၍ နတ်တို့ ဓလေ့ဖြင့် ပျော်မွေ့ နေစဉ် (ပုထု
ဇဉ်ဘဝဖြင့်)စုတေချိန်ရောက်သောအခါ မိမိ စည်းစိမ်ကို တမ်းတ၍ နွမ်းလျအားငယ်စွာ စုတေရပါမူ အပယ်
(လေးပါး)သို့ တစ်ဆင့်သွားဖို့အရေး မဝေးလှတော့ပါ။ တစ်ခါ တုန်းက နတ်သမီး ငါးရာတို့သည် ဥယျာဉ်အတွင်းဝယ် ပန်းပင် တက်၍
ပန်းခူးရင် သီချင်းကြူနေကြစဉ် ရုတ်တရက် စုတေကာ အဝီစိသို့ ရောက်သွားကြဖူးပါသည်။
နတ်တွေဟာ ကံသမားတွေဖြစ်တဲ့အတွက်ကြောင့် ပျက်ဖို့လွယ်သလိုပဲ ရရှိဖို့လည်း လွယ်ကူလေသည်။ တစ်ရံရော အခါက အရှ
င်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကြီးဟာ နတ်ခရီးကို ဒေသစာရီခရီးထွက်ခဲ့တယ်။ နတ်ပြည်တွင် တန်ခိုးကြီးမားသော နတ်သမီး
တစ်ပါးရဲ့ ဘုံဗိမ္မာန်တံခါးနားကို ရောက်ရှိခဲ့တယ်။ နတ်သမီးကို ဤကဲ့သို့ စည်းစိမ်ချမ်းသာကို မည်ကဲ့သို့ ရရှိလာ သလဲဟု မေးကြည်
့တဲ့အခါမှာတော့ 'အရှင်ဘုရား . . . တပည့်တော်ကို ဤကဲ့သို့ စကားမျိုးမမေးပါနှင့်ဘုရား . . . ဘုရားတပည့် တော်သည် ဤအမေး
ကြောင့် မိမိကိုယ်ကို အလွန်တရာမှ ရှက်လှပါသည်ဘုရား၊ ဘုရားတပည့်တော်သည် အရှင်ဘုရား အား လျှောက်ဝံ့သော အလှူဒါန
ဝတ္ထုမရှိခဲ့ပါဘုရား' 'အသင် နတ်သမီးလျှောက်သာ လျှောက်တင်လော့' အရှင်ဘုရား တပည့်တော်မသည် ရက်ရက်ရောရောလည်း
အလှူကို မလှူခဲ့ ဖူးပါ၊ သူတော်ကောင်းတရားများကိုလည်း ကြားနာခဲ့ဘူးခြင်း မရှိပါ။ သို့သော်လည်း ဘုရားတပည့်တော်၏ ဘဝတ
စ်လျှောက် လုံးတွင်ကား မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း အမှုကို တော့ လုံခြုံစွာ စောင့်ရှောက်ခဲ့ပါသည်။ ဤမှန်ကန်သော
စကားကို စောင့်ရှောက်သော အကျိုးကြောင့် ဤကဲ့သို့သော စည်းစိမ် အကျိုးကို ခံစားရပါ သည်ဘုရား'ဟု လျှောက်တင်တယ်တဲ့။
အရှင်မဟာမောဂ္ဂလ္လန်ကိုယ်တော်မြတ်ကြီးဟာ နတ်သမီးလျှောက်တင်မှုကို ကြားပြီးနောက် အခြားတစ်ပါးသော နတ်သမီးများ၏
စံအိမ်တော်ကိုြွကရောက်တာပေါ့။ အခြားသော နတ်သမီးတွေ နတ်စည်းစိမ်တွေကို ကောင်းစွာ ခံစားနေရခြင်း အကြောင်းတွေကို
လည်း မေးကြည့်လိုက်တဲ့အခါ မှာတော့ ကုသိုလ် ကောင်းမှုကြီးကြီးမားမား ပြုလုပ်သူကို မတွေ့ရဘူးတဲ့။ အမြက် မထွက်ခြင်းဆိုတဲ့
ကုသိုလ်ကောင်းမှု့ကြောင့် နတ်ပြည်ရောက် ရှိသူ ရဟန်းတော်တစ်ပါးအား စေတနာသန့်သော ကြံတစ်ချောင်း လှူဒါန်းမှု့ကြောင့် နတ်
ပြည်ရောက်ရှိလာသူ၊ သရက်သီးတစ်လုံး လှူဒါန်းဖူးသူ၊၊ သခွားသီးတစ်လုံးလှူခဲ့ဖူးသူ၊ ဖက်သက်တရော် သီးလှူခဲ့ဖူးသူ၊ မုန်လာတ
စ်ထုတ်လှူခဲ့ဖူးသူ၊ တမာရွက်တစ်ဆုပ် လှူခဲ့ဖူးသူ စသည်ဖြင့် အနည်းငယ်မျှသော အလှူ၏ ကောင်းမှုကံ စေတနာကြောင့် နတ်စည်း
စိမ် အသီးသီး ခံစားရကြောင်း ဖြေကြား ခဲ့သည်ကို ကြားနာခဲ့ရဖူးပါသည်။ နတ်ပြည်ရောက်ဖို့ လွယ်ကူသည် မဟုတ်ပါလော။
တစ်ချိန်သောအခါမှာတော့ နတ်သားတစ်ပါးဟာ စုတေရန် နိမိတ်(၅)ပါးဖြစ်သော ဝတ်စားတန်ဆာ ဒွါဒရာတွေ ညစ်နွမ်းခြင်း၊ ပ
န်ထားသော ပန်းများ ညှိုးနွမ်းလာခြင်း၊ ချွေးဆိုး ချွေးညစ်များ ယိုစီးလာခြင်း၊ အဆင်းအရောင် မှေးမှိန်ပျက် ယွင်းခြင်း၊ နတ်ဘုံဘဝမှာ
မပျော်မွေ့တော့ခြင်း၊ စသည့်နိမိတ် တစ်ခုခု ပြလာတယ်။ ဒါကို အခြားသော နတ်တစ်ပါးမြင်တော့ စကား(၃)ခွန်း မှာလိုက်တယ်။ '
သင်နတ်သား နတ်ပြည် စုတေ သေလွန်ရင် သုဂတိဘုံကို ရောက်အောင်သွားပါတဲ့' အဲဒီလို မှာ လိုက်တယ်လို့သိရတော့ နတ်ြ
ပည်ထက်သာတဲ့ သုဂတိဘုံ ဆိုတာ ဘယ်ဘုံပါလိမ့်လို့ စဉ်းစားမိတယ်။ နတ်သားမှာလိုက်တဲ့ စကား(၃)ခွန်းကို ဆက်ကြည့်ရအော
င်။
၁။ 'အို . .. အသင်နတ်သား၊ သင်ဟာ ဤနတ်ပြည် လောကဘုံဌာနမှ ရွေ့လျောစုတေ သေရပြီးလို့ရှိရင် သုဂတိဘဝ (လူ့ဘဝ) ဘုံ
ဌာနသို့ ကောင်းစွာမသွေ ရောက်အောင်သွားပါ။'
၂။ 'အို . . .အသင်နတ်သား ဤနတ်ပြည်လောက ဘုံဌာနမှ ရွေ့လျောစုတေ သေရပြီးလို့ရှိရင် သုဂတိဘဝသွားပြီ၍ လာဘ်ကောင်
းကိုရအောင် ယူခဲ့စမ်းပါ။ ရတောင့်ရခဲတဲ့ လူ့ဘဝ ကို ရပြီးလျှင်လည်း လူ့ပြည်မှာသာ လုပ်လို့ရတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုေ
တွကို ရအောင်ယူခဲ့စမ်းပါ။'
၃။ ရယူပြီးရင်လည်းပဲ တည်တံ့တဲ့ လာဘ်လာဘ ကိုရတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားခဲ့စမ်းပါတဲ့။ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတွေ
ရယူပြီးလို့ လည်း ကျေနပ်မနေပါနဲ့တဲ့။ သံသရာရဲ့ ဆုံးရာအကြောင်းကိုပြတဲ့ ဝိပဿနာကို ရအောင်ယူပြီး အစဉ် တည်တံ့ခိုင်မြဲငြိမ်း
ချမ်းတဲ့ဘဝကို ရအောင်ယူပါ'လို့ မှာလိုက် တယ်။
နတ်တွေလူ့ပြည်ကို ဘာကြောင့်ရောက်ချင်တာလဲ ဆိုတော့ ရောက်ချင်တဲ့အကြောင်း(၂)ရပ်ရှိတယ်။ အဲဒီ အကြောင်း (၂)ရ
ပ်ကတော့ 'လူ့ပြည်မှာက ရတနာသုံးပါးစစ်စစ်ကို သက်ဝင် မှု၊ သဒ္ဒါတရား လူ့ပြည်မှာပဲ ပိုပြီးရတာဖြစ်လို့'ပါ။ 'ဒုတိယ အချက်ကတော့
နတ်ပြည်ရောက်ကြောင်း ကောင်းမှုကုသိုလ် ကိုလည်း ပြုလို့ရခြင်း'ကြောင့် လူ့ပြည်(သုဂတိဘုံ)ကို ရောက် ချင်တာပါ။
နတ်ပြည်မှာက ကာမဂုဏ်ကို အစွမ်းကုန် ပျော်မွေ့ဖွယ် ကောင်းသလောက် ပျော်စံကြတဲ့အတွက် သိကြားမင်းတောင် တရားမေ့တဲ့
အခါ ရှိဖူးတယ်။ သောတာပန်ဖြစ်ပြီးသော သိကြားမင်းဟာ အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရှုစားဖို့ရန် အြွေခအ
ရံများစွာဖြင့် ဧရာဝဏ်ဆင်ကိုစီး၍ ထွက်လာ၏။ ဥယျာဉ် တံခါးပေါက်သို့ ရောက်သောအခါ ဘုရားရှင်အား ပြဿနာ မေးရန် အကြံေ
ပ်ါလာလေ၏။ ထိုပြဿနာကား တဏှာကုန်ခမ်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ်ြွကမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်
ပြဿနာတည်း။
ထိုသို့ပြဿနာမေးလျှောက်လိုသော စိတ် အကြံသည် ဥယျာဉ်အတွင်းဝယ် ပွဲသဘင်အလယ်သို့ ရောက်လျှင် မေ့ပျောက် သွားဖွယ်ရိ
ှသောကြောင့် 'ယခု ပင် သွား၍ မေးလျှောက်မည်'ဟု ကြံစီကာ ဧရာဝဏ်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံ အရောက် လာခဲ့လေသ
ည်။ ဆင်ကြီးသည် ဥယျာဉ်မှာရပ်၍ နေရစ်၏။ နောက်ပါအခြံ အရံများလည်း ဥယျာဉ်ပေါက်မှာ ကျန်ခဲ့တာပေါ့။ ပုဗ္ဗာရုံကျောင်းတိုက်၌
သီတင်းသုံးတော်မူခိုက်ဖြစ်သော ဘုရား ထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲက နောက်ဆံတင်းလျက် ရှိသောကြောင့် 'တဏှာသင်္ခယ
နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ် အာရုံပြုနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်တရားကို ခပ်တိုတိုအမိန့်ရှိတော်မူပါ'ဟု လျှောက်
လေသည်။ ဘုရားရှင် လည်း သူ၏ လျှောက်ထားချက်အရ တိုတိုပင်ဖြေတော်မူ သည်မှာ -
သိကြားမင်း . . . ရဟန္တာဖြစ်မည့် ရဟန်းသည် 'အလုံးစုံ သောတရားကို ငါ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်းငှာ မထိုက်'ဟု တရား စကားကို
ကြားနာရ၏။ ထိုရဟန်းသည် (ခန္ဓာငါးပါး) တရား အားလုံးကို သိအောင်ကြိုးစား၏။ သိသောအခါ အားလုံးဒုက္ခ ချည်းပဲဟု သိပြန်၏။
ဒုက္ခချည်းပဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ဝါသနာကို အနိစ္စစသည်ဖြင့် ရှု၍ ရှု၍ နေ၏။ ထိုသို့ ရှုဖန်များသော် ဘဝတစ်ခုကိုမျှ
မစွဲလမ်းတော့ပဲ နောက်ဆုံး၌ ရဟန္တာ ဖြစ်ကာ တဏှာကုန်ခမ်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ် ကျွတ်မြန်းနိုင်လေသည်။
သိကြားမင်းသည် ဤသို့အကျဉ်းမျှဟောပြအပ်သော ပြဿနာအဖြေကို လွန်စွာသဘောကျ ဝမ်းမြောက်လှ၍ 'သာဓု သာဓု'ဟုအသံ
ပြုလျက် နတ်ပြည်သို့ ပြန်လေသည်။ ထိုသာဓု ခေါ်သံကို ဘုရားကျောင်းတော်၏ ဝဲဘက်ခန်းဆောင်မှာ သီတင်း သုံးနေသော အရှ
င်မောဂ္ဂလ္လာန်ကြား၍ 'ဒီသိကြားမင်းဟာ တရားကိုသိလို့ သာဓုခေါ်တာလား၊ မသိဘဲနှင့် သာဓုခေါ်တာ လား' ဟုစဉ်းစား၍ သိကြား
မင်းကိုစုံစမ်းလိုသောကြောင့် သိကြားမင်းနှင့် ရှေ့ဆင့်၊ နောက်ဆင့်လိုက်ကာ တာဝတိံသာသို့ တက်သွားလေသော် ဘုရားထံမှ
တရားနာ၍ပြန်သွားသော သောတာပန် သိကြားမင်းလည်း ဥယျာဉ်တွင်း၌ တီးကြ၊ မှုတ်ကြ၊ ကပြ ကြ သည်ကို နှစ်သက်အားရ ရှု့မ
ဝဖြစ်နေစဉ် အရှင်မောဂ္ဂလ္လာန်ကို မြင်၍ (ပွဲကြည့်နေသော ကျောင်းတကာက ဆရာတော်ကြီး လာသည်ကိုမြင်ရသည့်ပမာ)ခပ်ရှ
က်ရှက်မျက်နှာဖြင့် အရှင် မောဂ္ဂလ္လာန်ကို ခရီးဦးကြိုလျက် နှုတ်ဆက်စကား လျှောက်ထား ရလေတော့သည်။
ထိုသို့တွေ့လျှင်တွေ့ချင်းပင် အရှင်မောဂ္ဂလ္လာန်ကပင် သိကြားမင်းကိုပြောသည်မှာ 'မြတ်စွာဘုရားက အသင် သိကြားမင်း အား
တဏှာသင်္ခယ-ဝိမုတ္တိအကြောင်းကို ဘယ်လိုဟောလိုက် ပါသလဲ၊ ငါတို့လည်း ထိုတရားကို တစ်ဆင့်နာပါရစေ' ဤသို့ ပြောလျှင်
ထိုတရားကို သိကြားမင်းစဉ်းစား၏။ ပေါ်မလာချေ။ အထပ်ထပ်စဉ်းစားသော်လည်း လုံးလုံးသတိမရသဖြင့် နာယူ တုန်းက မှ
တ်မှတ်သားသား နာယူခဲ့သော်လည်း နတ်ပြည်ကိစ္စ တွေများသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေလျှောက် လေသည်။ နတ်ြ
ပည်မှာ နိဗ္ဗာန်ရောက်ကြောင်း တရားမရှိ၍ လူ့ပြည်ကိုဆင်း၍ တရားနာသော်လည်းပဲ ဥယျာဉ်ပွဲ၏ မှိုင်း တိုက်မှုကြောင့် စဉ်းစား၍ မ
ရနိုင်အောင် မေ့ရပေသည် မဟုတ် ပါလော။ နတ်ပြည်မှာ ကာမဂုဏ်အာရုံများသည့်အတွက် သောတာပန် သိကြားမင်းသည်ပင်
တရားမေ့သည်အတွက် ပုထုဇဉ်နတ်သား များ လူ့ပြည်ရောက်ဖို့ မှာကြားသည်မှာ အလွန်မဟုတ်ပေ။
နတ်ပြည်မှ နတ်သားများ လူ့ပြည်ရောက်ချင်သည်မှာ လူ့ပြည်က နတ်ပြည်ထက်သာတဲ့အချက်(၃)ချက်ရှိသောကြောင့် လည်းဖြ
စ်တယ်။ အဲဒီအချက်(၃) ချက်ကတော့ -
၁။ကုသိုလ်ကောင်းမှုပြုဖို့ 'အသိတရားသတိရှိဖို့' အကြောင်း အားကောင်းတယ်။
၂။ လူဟာ နတ်တွေထက် ရဲစွမ်းသတ္တိရှိတယ်။
၃။ ဘုရားဖြစ်ခွင့်၊ ရဟန်းဖြစ်ခွင့်ဟာလည်း လူ့ပြည်မှာပဲရှိလို့
ဆိုတဲ့အချက်တွေပေါ့။ ရဟန်းပြုမယ်ဆိုရင် လူသားစစ်စစ်မှသာ ပြုခွင့်ရှိတာလေ။ နတ်၊ ဗြဟ္မာ၊ နဂါးစသည့်ဘုံ၌ရှိနေကြသော သူများ
ရဟန်းဖြစ်ခွင့်မရှိပေ။ လူ့ပြည်နှင့်တကွ (၃၁)ဘုံသော ဘုံဌာနတွေ၌ အမြတ်ဆုံးဖြစ်သော ဗုဒ္ဓပင်လျှင် လူသားစစ်စစ် မဟုတ်ပါလော။
အပေါင်းရွှေညီ၊ ဘုံကိုယ်စီဝယ်၊ ကျူးသီမပြီး၊ ပျော်မငြီး ဖို့၊ နတ်တီးနတ်ငြိမ့်၊ တစ်ခြိမ့်ခြိမ့်နှင့်၊ သိမ့်သိမ့် သဲသဲ၊ ရှုမရဲအောင်၊ နတ်ပွဲသ
ဘင်၊ အမြဲရွှင်၏၊ မပင်မပူ၊ နတ်နန်းသူတို့၊ ပျူပျူငှာငှာ၊ ရွှေမျက်နှာဖြင့်၊ ကြည်သာစိမ်းစိမ်း၊ မြမြရှိန်းတည်း၊ ငြိမ်းငြိမ်းအေး လျက်၊ ကု
သိုလ်စက်ကြောင့် မပျက်တစ်ရံ၊ စည်းစိမ်စံ၍၊ မောင်နှံ ချစ်ပုံ၊ အသစ်ကြုံသို့၊ ဖော်စုံရွှင်မြူး၊ ချစ်ကြည်နူးလျက်၊ အထူး မေတ္တာ၊ သ
က်ပမာဖြင့်၊ ချမ်းသာမကင်း၊ ချစ်ငွေ့သွင်းသည် ချစ်ခြင်းအတုံအလှည့်တည်း။ (မာဃဒေဝလင်္ကာ)
ဤသို့ ကာမဂုဏ်စခန်း၌ အစွမ်းကုန်ပျော်ဖွယ် ကောင်း သည့်အပြင် ပျော်မွေ့ဖွယ်ကောင်းသလောက်လည်း ပျော်စံလေ့ ရှိသေြာေ
ကာင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာ အဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာ ကြာရှည်စွာ မနေနိုင် ကြတော့ပဲ၊
အနာဂါမ် ဖြစ်သူတို့ ဗြဟ္မာပြည်သို့ စုတေရွှေ့ပြောင်း၍ ရဟန္တာ အပေါင်းတို့မှာ ပရိနိဗ္ဗာန်စံကြလေတော့သည်။ သို့ဖြစ်၍ နတ်ပြည်ကျမှ
အန္တရာယ်ကင်း၊ ရန်ဘေးရှင်းလျက် တရားဘက် ၌သာ အားထုတ်၍ ယောဂီလုပ်မည်ဟု မမျှော်လင့်လေနှင့်၊ လူ့ပြည်က အသေအ
လဲအားခဲသွားသူနှင့် ဘုရားလက်ထက် တော်က ဘုရားတရားကို နာရသူလောက်သာ နတ်ပြည်၌ တရား
သာတက်ဖွယ်ရှိသည်။ မလိုလဲလိုလဲ တရားမြဲသူကား နန္ဒဝန် ဥယျာဉ်အပေါက်ဝတွင် တရားကလေးများ ပျောက်ကျရစ်လတ္တံ။
နတ်ပြည်၌ ကမ္မဋ္ဌာန်းကိုမဆိုထားနှင့် ဥပုသ်မကျိုး အောင်ပင် စောင့်စည်းဖို့ရာ အပုံကြီးခဲယှဉ်း၏။ နတ်သမီးတွေ ပွတ်သီးပွတ်သပ်ပြု
ချက်ကြောင့် သီလပျက်သည်ကသာများ လေ၏။ ဓမ္မေယျနဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာ ဥပုသ် ကျိုးရပုံနှင့် ဝိဓူရဇာတ်တော
်လာ သိကြားမင်းတို့ လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ရပုံကို ထောက်ကြည့်ပါလေတော့။ ဘုရားအလောင်း တော်တို့ သည် ပါရမီဖြည့်ခွင့်
မရကြသောနတ်ပြည်၌ သက်တမ်း စေ့အောင် မနေရပဲ၊ စုတေခြင်းတစ်မျိုးဖြင့် စုတေအောင် ဆန္ဒ ပြု၍ လူ့ပြည်၌သာ ပါရမီဖြည့်တော
်မူကြရခြင်း ဖြစ်ပါသည်။
နတ်တွေဟာ ကံသမားတွေဖြစ်လို့ ကုသိုလ်ပြုဖို့ သတိ မရှိကြဘူး။ ကံ-ကံရဲ့အကျိုးနဲ့ ပျော်ပါးနေကြသည်မှာ မအားနိုင် အောင်ပင်။
လူ့ဘဝမှာတော့ စိတ်ဆင်းရဲခြင်းတွေ၊ လူဆင်းရဲခြင်း တွေနှင့် ပြည့်နေတာကြောင့် ကုသိုလ်ပြုဖို့အစပြု၍ နိဗ္ဗာန်ရဖို့ အထိပင် အသိ
တရား တွေရကြတာမဟုတ်လား။ လူတွေဟာ ထမင်းအငတ်ခံ မလား၊ ကုသိုလ်ပြုလုပ်မလား၊ ကာမဂုဏ်တွေကို မခံစားပဲ သီလေ
စာင့် မလား၊ အားလုံးဟာ နတ်တွေထက်သာအောင်ပြုလို့ရတယ်။ ကံ-ကံရဲ့ အကျိုးတွေကို ယုံကြည်ပြီး ရဲစွမ်းသတ္တိရှိကြတယ်။ ေ
နာက်ဆုံးအရေးအကြီးဆုံးကတော့ (၃၁)ဘုံရဲ့ ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာဘုရားသော်မှ လူ့ပြည်မှာပဲ ဖြစ်ခွင့် ရှိတယ်လေ။ ရဟန္တာ၊
ပစ္စေကဗုဒ္ဓတွေသည်လည်းပဲ လူ့ဘဝကနေပဲ ရကြတာ မဟုတ်ပါလော။ နတ်ပြည်ထက် လူ့ပြည်ကသာ အချက်တွေ ပြော၍ မကုန်
အောင်ပင် ရှိသောကြောင့် နတ်တွေဟာ လူ့ပြည်ကို တောင့်တကြရခြင်းဖြစ်လေသည်ဟု . . .။
စိတ္တဒီပ (ရွှေတောင်ဦး)
မှီငြမ်း - အရှင်ဇနကာဘိဝံသ၏
'ကိုယ်ကျင့်အဘိဓမ္မာ'
-ရတနာတံခွန်မဂ္ဂဇင်း ၂ဝဝ၆
စက်တင်ဘာမှ မြင်းမူအေးဆောင်၏
'စေတနာသုံးတန်'ဆောင်းပါး
ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၏
(နိမိတ်ငါးပါး စကားသုံးခွန်း)
[ စိတ်ကူးပျော်ဂာ Blog မှ ]
ပြန်လယ်ကူးယူတင်ပြပါသည်။
Credit: မူရင်း

No comments:

Post a Comment