Saturday, March 4, 2017
တရား စတင် အားထုက်မည့် ယော ဂီများ
@တရား စတင် အားထုက်မည့် ယော ဂီများ-;(ဒကါ ကျော်သက်နောင်--သို့ @
***************************
၁/ ဘုရားရှင်၏ ပုံတော်(ဝါ)ဆင်းတု
တော်ရှေ့ မှာ ဆီမီး/အမွှေးတိုင်/သေါက်
တော်ရေ--တမျိုး မျိုးကို ဦးစွာကပ်လှူ
ပါ။
၂/ မိမိတို့ သည် အနမတဂ္ဂ သံသရာ
ဘဝ တစ်ခု ခုမှာ ဘုရား;တရား;သံဃါ
မိဘ;ဆရာ--တပါး ပါးကို ပြစ်မှားခဲ့မိမှာ
မလွဲပါ၍ ကိုယ် ရရှိထားသည့် ကန်တေါ့
ချိုးဖြင့် ဝန်ချတောင်းပန်ပြီး ကျေးဇူးတေါ်
တို့ ကို ပုံဖော် ရှစ်ခိုးပါ။
၃/ ငါးပါးသီလ(ဝါ)ရှစ်ပါးသီလ ကို ထပ်မံ
ဆောက်တည်ပြီး ယက္ခု  ကုသိုလ်ရော
ဝိပဿ     နာ ကုသိုလ် ရောပါ ဝေနေယျ
သတ္တဝါ(အထူးသဖြင့် အနီးဝန်းကျင်မှ)
များကို မေတ္တာပို့ ပြီး အမျှ ပေးဝေလိုက်
ပါ။
အား စတိ အနေဖြင့် လှူ ကြ၏(မလှူ လဲ
ကိစ္စ မရှိပါ)
၎/ ကမ္မဋ္ဌာန်းတောင်းပါ (ကမ္မာဋ္ဌာနံမေ
ဘန္တေဒေထ သံသာရ ဝဋ္ဋ် ဒုက္ခတော=
သံသရာဝဋ်ဆင်းရဲတွင်းမှ။ မောစနတ္ထာ-
ယ=ကျွတ်လွက်ပါရခြင်းအကျိုးငှာ ။
ကမ္မာဋ္ဌာနံ=မဂ်ပေါက်ဖိုလ်ဖြစ်စေသော
ကမ္မဋ္ဌာန်းတရားကို။ဒေထ=အစဉ်သနား
သဖြင့် ချီးမြှင့်တော်မူပါဘုရား။
*ပရိကမ္မ အမှုဒီလောက်ဆို ရပါပြီ*
(စတင် အားထုက်လို့ ရပါပြီ)
*ယ္ခု ဥပမာ လေးကို ဆင်ခြင်ကြည့်ပါ--
(သိရှိပြီးသူ များပေလိမ့်မည်။မသိသေး
သူများ ရှိနိုင်တာမို့ တင်ပြလိုက်ပါသည်)
"ပင့်ကူတစ်ကောင်ဟာ သားကောင်
ဖမ်းဘို့ အကန့် ၅ ခုပါတဲ့ အိမ်တအိမ်
ဆောက်တည်လိုက်တယ် ဆိုကြပါဆို့ "
"အိမ်ရဲ့ ဗဟိုမှာ သူနေတယ် နေတဲ့အခါ
ပျာယာမခက်ဘူး ((*အေးဆေးစွာ*))
နေတယ်--ဆိုလိုချင်တါက အကန့် ငါးခု
ဖွဲ့ ပြီး လိုက်ကထဲက သားကောင် တိုးမှ
တိုးပါ့မလား ဟု ကြောင့်ကျမှုမရှိဘူး
သေချာပေါက်တိုးမှာကို တင်ကြို သိနေ
လို့ ဖြစ်တယ်။
"မည်သည့်အကန့် က ဝင်တိုးပစေ တုန်
ခါမှုကြောင့် ဖျတ်ဆို သိတယ်! သွား
စားတယ်! ချက်ခြင်း မူလနေရာကို ပြန်
လာပြီး ((*အေးဆေးစွာ*))နေတယ်--
အဲဒါ အကန့် ၅ ခုကိုဝင်တိုးတဲ့ အကောင်
ငါးမျိုး--ဒိနောက် သားကောင်တစ်မျိုး
ကျန်သေးတယ်-;ပင့်ကူရဲ့ ခံတွင်ဝ ဒဲ့ဝင်
တိုးတဲ့သားကောင်-(ပေါင်း-၆ ကောင်
နှင့်အကန့် ၅ခုနဲ့ ခံတွင်း တခု ပေါင်း၆ ခု)
@၎င်း ဥပမာ ကို ဥပမေယျ အနေဖြင့်
ရုပ်နာမ် ပေါ်တင်ကြည့်ရအောင်@
ဥတုဇရုပ်တုံးလို့ ခေါ်တဲ့ ကိုယ်ထည်ကြီး
မှာ မျက်စိ;နား;နှာ;လျှာ;ကိုယ်-ဆိုတာ
ရှိတယ်(ပညတ်)-၎င်း-တို့ အပေါ်မှာ --
ကမ္မဇရုပ်ခေါ်အကြည်ရုပ်လေးများ သ
ဘောအနေဖြင့် မှီနေကြ၏-ထိုတရား
များမှာ စက္ခု ပသာဒ;သောတပသာဒ
ဃာနာပသါဒ;ဇိဝှါပသါဒ;ကာယ ပသါဒ
(ပရမတ်)-- ဆိုပြီး ငါးမျိုးရှိပါ၏။
(ပင့်ကူရဲ့ အကန့် ၅ခု နဲ့ တူ၏)
"ရူပါရုံ(အဆင်း);သဒ္ဒါရုံ(အသံ);ဂန္ဓာရုံ
(အနံ့ )"ရသာရုံ(အရသာ);ဖေါဋ္ဌဗ္ဗာရုံ
(အတွေ့ အထိ) တို့ မှာ အကန့် ကိုဝင်
တိုးမည့် သားကောင် ငါးမျိုးနဲ့ တူ၏။
*အဆင်း ဝင် တိုးလို့ မြင်စိတ် တန်းဖြစ်
တာနှင့်( အကန့် တုန်ခါသွားနဲ့ သား
ကောင် ဝင် တိုးမှန်း ပင့်ကူသိသလိုမျိုး
တူ၏။)
*ပင့်ကူဟာ သားကောင်ကို စားပြီး ချက်
ခြင်းဘဲ မူလနေရာကို ပြန်လာပြီး(အေး
ဆေးစွာနေ၏*
*ယောဂီ ဟာ ဝင် တိုးတာက ရုပ်--;
သိ လိုက်တာက နာမ် လို့ မှက်လိုက်နိုင်
တာနှင့် (ပင့်ကူ သားကောင်ကို စားတာ
နဲ့ တူ၏)*
*ပင့်ကူ ဟာ ချက်ခြင်းဘဲ ပြန်လှည့်တယ်
ဆိုတာနှင့်(မြင်ရင် မြင်တယ်အဆင့်ဘဲ
ရပ်နှိင်တာနဲ့ တူ၏--"မြင်တဲ့အာရုံကိုအဓိ
ပ္ပါယ် ပုံစံ ခွဲမနေခြင်း)*
*မူလ နေရာကို ပြန်လာတယ် ဆိုတာ
နှင့်(ယောဂီတို့ ရဲ့ ပင်တိုင်ကမ္မဋ္ဌာန်း ရှူ;
ထုက်*ဝါ* ပေါင်း;ပိန် ဆီ ပြန်ပို့ တာနဲ့ 
တူ၏)
*ပင့်ကူ "အေးဆေးစွာ" နေတာနှင့်(ရှာ
မရှူ့ တာ ချောင်းမနေတာနဲ့ တူ၏--/
အခံတရားရှိရင် အတိုက်တရား မလွဲမ
သွေလာမှာဘဲ ဓမ္မနိယာမ သဘော)-
ကျန်သည့် အာရုံလေးမျိုးကို ၎င်း နည်း
အတိုင်း ရှူ့ ပါ*
*ပင့်ကူ ခံတွင်းဝ ဝင်တိုးတာနှင့်(မနောဒွါ
ရမှာ ဝင်တိုးမဲ့ ဓမ္မာရုံနဲ့ တူ၏)*
"သားကောင်ဟာ ဒဲ့ ဝင် တိုးတာဖြစ်လို့ 
မှက်မှက်ထင်ထင် ရှိသလို မနာယတန
မှာ တိုတ်ရုက် ဝင် တိုးမဲ့ ဓမ္မာယတန
ကောင်းတက်ပါသည်"-; အကန့် ဝင်တိုး
တဲ့ သြဠာရိက(ရုပ်ကြမ်း) ထက် ဒဲ့ ဝင်
တိုးတဲ့ သုခုမ(ရုပ်နှ) က သက်ရခက်ပါ၏
"နာနာ အားထည့်ပြီး ဂရုဆိုက်ဘို့ လို၏
"ဒီနေရာ မနောဒွါရ ဟာ ဟဒယ မှာ
မှီတယ် ဆိုတာ လွန်စွာ ထောက်ခံဘို့ 
ကောင်းပါ၏"(နှစဉ် အခါက ရင်ခုန် -
လှိုတ်မော စရာ ဖြစ်ရပ် ပုံရိပ်တွေကို
ပြန်ပြောင်အတွေးရောက်တိုင်း တချို့
ဆံဖြူ ; သွားကျိုးသည်ထိ မြင်ယောင်
တကျော့ပြန် တမ်းမတ်လေ့ ရှိတက်ကြ
ပါ၏-"ပေါ်လွင်အောင် ခေက်စကါးအလို
ရ (ဟတ်ထိ)-တယ် လို့ ဆိုကြကုန်၏"
ဤ တွင် ဥပမာနှင့် ဥပမေယျ ထပ်လို့ ပြီး
ပါပြီ။
@အထက်ပါ ရှင်းလင်းချက်များကိုသာ
မန်ယောဂီများ သိစေနိုင်အောင် စာနယ်
က သိပ်မပါအောင် ရှင်းထားခြင်း ဖြစ်ပါ
သည် စာနယ်နဲ့ ဝေးသည့် ယောဂီများ
ကို သတိပေးလိုပါတယ် မိမိ တို့ ၏ ရုပ်
နာမ်ဖြစ်စဉ် ကို ပါဠိ လို မသိမူ၍ တရား
လမ်းကြောင်း မှန်မှ မှန်ပါ့မလား မဂ္ဂင်ရှစ်
တွေးရောက်တက်ပါ၏ ဤ သို့ မဖြစ်စေ
လို အခြေခံ သိရင်လည်း မဂ္ဂင် ကိုက်
အောင် အားထုက်လို့ ရပါသည်"
@မဂ္ဂင် ရှစ်ပါး ကိုက်ပုံ@
"သီလ ဆောက်တည်ပြီးထိုင်တာဖြစ်လို့ 
(သမ္မာဝါစာမဂ္ဂင်;သမ္မာကမ္မန္တ မဂ္ဂင်;
သမ္မာ အာဇီဝ မဂ္ဂင်)
"ပညတ် ပေါ်အာရုံမရောက်စေဘဲ ပရ
မတ်ပေါ်ဥာဏ် ရောက် အားထည့်နေ
တာဖြစ်လို့ (သမ္မာဝါယမ မဂ္ဂင်)"
"တိုးတာ ရုပ် သိတာ နာမ် ဟု မပြတ်
ဂရုဆိုက်နေတာ (သမ္မာ သတိ မဂ္ဂင်)
"ရုပ်နာမ် အာရုံမှ လွဲလို့ တခြား စိတ်မ
ပြန့် ဘဲ ထိမ်းထားနိုင်တာ(သမ္မာသမာဓိ
မဂ္ဂင်)
"၎င်း တရားတို့ သည် ပုဂ္ဂို လ်;သတ္တဝါ
အထီး;အမ; အထည်ဝတ္ထု --မဟုက်
သဘောမျှ သတ်သတ်ပါတကား လို့ 
မြင်နိုင်တာ(သမ္မာ ဒိဋ္ဌိ မဂ္ဂင်)
"၎င်း ရုပ်နာမ် တရားတို့ သည် ဖြစ်ပြီး
ပျက်ခြင်း၌သာ အဆုံးသတ်လေ့ရှိတာကို
ဘာမှ သံသယဖြစ်မနေဘဲ ကောင်းစွာ
ကြံစည်တက်လာခြင်းကို(သမ္မာသင်္ကပ္ပ
မဂ္ဂင်)--ဆိုပြီး --ယခုနည်းအတိုင်း အား
ထုက်ပါကလည်း မဂ္ဂင် ရှစ်ပါး နဲ့ ပြည့်စုံ
ကိုက်ညီပါကြောင်းတင်ပြလိုက်ရပါ၏"
Credit to Original Post
No comments:
Post a Comment