Friday, March 31, 2017

"ကြံဖန်သာကျေးဇူးတင်လိုက်"

"အပြစ်လည်းမမြင်နဲ့
အပြစ်လည်းမတင်နဲ့တော့"
"ကြံဖန်သာကျေးဇူးတင်လိုက်"
***************************

ကိုယ့်ကို အရေးမလုပ်သူတစ်ချို့ကြောင့်
တစ်ယောက်တည်း
ခပ်အေးအေးနေတတ်သွားတယ်..

စွန့်ခွာသွားတဲ့သူတစ်ချို့ကြောင့်
မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့
တရင်းတနှီးဖြစ်လာတယ်..

စကားကို ဗလောင်းဗလဲ
ပြောတတ်သူတစ်ချို့ကြောင့်
စကားမမှားရအောင်
ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့
အကျင့်တစ်ခုရလာတယ်..

အပြစ်မြင်လွယ်တတ်သူတစ်ချို့ကြောင့်
ခံစားဖို့ တုန့်ပြန်ဖို့ မလိုအပ်တာတွေကို
သိမြင်လာရတယ်..

တာဝန်မဲ့သူတစ်ချို့ကြောင့်
ကိုယ့်ကြောင့် လောကကြီး
အကျည်းမတန်အောင်
ပိုသတိထားဖြစ်သွားတယ်..

ရှုံ့ချတတ်သူတစ်ချို့ကြောင့်
လူကဲ့ရဲ့စရာမဖြစ်အောင်
ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်..

အနိုင်ကျင့်လွန်းသူတစ်ချို့ကြောင့်
တော်ရုံနဲ့သိပ်မဖြုန်းပဲ ကိုယ့်ရဲ့
စိတ်ဓာတ်တွေ ပိုမာကျောလာတယ်..

ကိုယ့်အပေါ်အခွင့်အရေး
ယူလွန်းသူတစ်ချို့ကြောင့်
လိမ္မာပါးနပ်ဖို့
မဖြစ်မနေသင်ယူတတ်လာတယ်..

တကယ်ပါ
သူတို့ကြောင့်ပဲ ပိုရင့်ကျက်လာတယ်..
သူတို့ကြောင့်ပဲ ဆင်ခြင်တုံတရားပိုရှိလာတယ်..
သူတို့ကြောင့်ပဲ ပိုသတိရှိလာတယ်..
သူတို့ကြောင့်ပဲ လူတွေအကြောင်းကို ပိုသိလာတယ်..

အပြစ်မြင်ရတာ အပြစ်တင်ရတာ
စိတ်ပင်ပန်းပါတယ်..
ကြံဖန်ကျေးဇူးတင်လိုက်တာ
ကောင်းပါတယ်လေ..

                                         ယောဆရာတော်ဘုရားကြီး

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..
                                                       ohmarshin

credit>original uploader

No comments:

Post a Comment