Tuesday, April 4, 2017

☆“ငရဲကြီး (၈) ထပ်နှင့် ငရဲငယ် (၁၆၀)”☆

☆“ငရဲကြီး (၈) ထပ်နှင့် ငရဲငယ် (၁၆၀)”☆
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ဥပရိပဏ္ဏာသပါဠိတော် ဒေ၀ဒူတသုတ်လာ ငရဲကြီး (၈)ထပ်နှင့် ငရဲငယ် (၁၆၀)တို့ကို သင်္ဂြိုဟ်ဘာသာဋီကာ (၂၅၆)မှာ ပါသည့်အတိုင်း ရေးသားဖော်ပြ အပ်ပါသည်။

၁။ သဉ္ဇုဝ်းငရဲ = ငရဲထိန်း နတ်ဘီလူးကြီးတွေက သေလောက်အောင် ခုတ်
ထစ် သတ်ဖြတ် ညှဉ်းဆဲအပ်ပါကုန်သော်လည်း ငရဲသူ ငရဲသားတို့သည် အဖန်ဖန်အထပ်ထပ် အသက်ရှည်ကြ အသက်ရှင်ကြကုန်သောကြောင့် သဉ္ဇိုဝ်းငရဲဟု ခေါ်သည်။

၂။ ကာဠသုတ်ငရဲ = ငရဲထိန်းနတ်မင်းကြီးတို့က အတင်းလိုက်ကြ၍ ပြေးရင်း လွှားရင်း မောဟိုက်မူးမိုက် လဲကျသွားကုန်သော ငရဲသူငရဲသားတို့ကို သစ်ရွေလက်သမားတို့သည် တံမျဉ်းချည် မဲကြိုးတို့ဖြင့် တိုင်းကာ ထွာကာ ခုတ်ကြ, ရွေကြသကဲ့သို့ အခုတ်အရွေခံရသောကြာင့် ကာဠသုတ်ငရဲဟု ခေါ်သည်။

၃။ သံဃာတငရဲ = အလျှံပြောင်ပြောင် တောက်လောင်နေသော သံတောင်သံတုံးကြီးတို့သည် ငရဲသူ ငရဲသားတို့ကို ကြိတ်ခြေ ထိခိုက်နေကြကုန်သောကြောင့် သံဃာတငရဲဟု ခေါ်သည်။

၎။ ဇာလရောရုဝငရဲ = အရှိန်ပြင်းစွာ တဟုန်းဟုန်း တောက်လောင်နေကြ ကုန်သော မီးတောက်မီးလျှံတို့သည် လောင်ကျွမ်းအပ်ကုန်သည်ဖြစ်၍ ငရဲသူ
ငရဲသားတို့သည် ကယ်ပါယူပါ တစာစာဖြင့် ကြီးမားထန်သီး အသံကြီးတို့ကို ဟစ်အော်ကာ ခံစားရကုန်သောကြောင့် ဇာလရောရုဝငရဲဟု ခေါ်သည်။ရောရုဝငရဲဟုလည်း ခေါ်ကြသည်။

၅။ ဓူမရောရုဝငရဲ = မီးအခိုးအငွေ့တို့သည် နူးနပ်မွန်းကြပ်အပ်ကုန်သည် ဖြစ်၍ ငရဲသူငရဲသားတို့သည် ကယ်ပါယူပါ တစာစာဖြင့် ကြီးမားထန်သီး အသံကြီးတို့ကို ဟစ်အော်ကြကုန်သောကြောင့် ဓူမရောရုဝငရဲဟု ခေါ်သည်။
မဟာရောရုဝငရဲဟုလည်း ခေါ်ကြသည်။

၆။ တာပနငရဲ = ငရဲသူ ငရဲသားတို့ကို ကိုယ်လုံးရဲရဲ မီးလျှံစွဲ၍ ပူလောင်စေတတ်သောကြောင့် တာပနငရဲဟုခေါ်သည်။

၇။ ပတာပနငရဲ = တာပနထက် နှစ်ဆတက်အောင် အလွန်အကဲသာလျှင် ပူလောင်စေတတ်သောကြောင့် ပတာပနငရဲဟု ခေါ်သည်။ မဟာတာပန ငရဲဟုလည်း ခေါ်ကြသည်။

၈။ အ၀ီစိငရဲ = ကျည်တောက်အတွင်း၌ နှမ်း မုန့်ညက်တို့ကို ပြည့်တင်းကြပ် သိပ်နေအောင် ထည့်သိပ်ထားသကဲ့သို့ ပြည့်တင်းကြပ်လှောင် ငရဲသူငရဲသား အပေါင်းတို့သည် ဆင်းရဲဒုက္ခ တစ်မိနစ်မျှ အကြားမကျန်ရအောင် ခံကြရသောကြောင့် အ၀ီစိငရဲဟုခေါ်သည်။

☆ ဤသဉ္ဇိုဝ်းငရဲ စသော ငရဲကြီးရှစ်ထပ်တို့သည် တစ်ထပ်နှင့် တစ်ထပ် ယူဇာနာတစ်သောင်းငါးထောင်စီ ကွာခြားသည်။ အကုသိုလ်အကြွင်းအကျန်တို့ကို ခံရသော ဥဿ ဒငရဲငယ် (၅)ခုတို့သည် ငရဲကြီး ရှစ်ထပ်ကိုအရပ် လေးမျက်နှာတို့မှ ထပ်ကာထပ်ကာ ရံနေကြသောကြောင့် သဉ္ဇိုဝ်းငရဲမှာ အရပ်လေးမျက်နှာ နှစ်ဆယ်ဖြစ်၍ ငရဲကြီး (၈)ထပ်၊ ငရဲငယ် (၁၆၀)ရှိသည်ဟုမှတ်ပါ။

▬▬▬▬▬▬▬▬▬▬
☆ ဥဿ ဒငရဲငယ် (၅) ခု ☆
▬▬▬▬▬▬▬▬▬▬

၁။ ဘင်ပုပ်ငရဲ = အလွန်ကြီးမားသော ပိုးကောင် လောက်ကောင်တို့ ရောပြွမ်း၍ မစင်ဘင်ပုပ်နံ့ လွှမ်းလျက် ဆိုးသွမ်းသော ဘင်ပုပ်ငရဲ။

၂။ ပြာပူငရဲ = လွန်မင်းစွာ ပြင်းပြပူလောင်လှသည့် အောက်က မီးခဲနှင့်အလွန်တရာ နီရဲနေသော ပြာပူငရဲ။

၃။ လက်ပံတောငရဲ = (၁၆)လက်မခန့် ရှည်သော လက်ပံဆူးတို့သည် ငရဲသူ ငရဲသားတို့ အထက်တက်လျှင် အောက်ဖက်သို့ အဖျားလှည့်၏။ အောက်သို့ဆင်းပြန်လျှင် အထက်ဖက်သို့ လှည့်နေကြသော လက်ပံတောငရဲ။

၎။ သန်လျက်ရွက်တောငရဲ = ဓား သံလျက်ပမာ ထက်သည့် အရွက်တွေပေါ
တော၏သဖွယ် ငရဲသူငရဲသားတို့၏ ခန္ဓာကိုယ်ပေါ်သို့ သံလျက် ဓားသွားပမာ
သစ်ရွက်များက ကြွေကျသဖြင့် ထိရှပြတ်ကြေခံရသော သန်လျက်ရွက်တောငရဲ။

၅။ ကြိမ်ပိုက်ချောင်းငရဲ = ကြိမ်ဆူးတွေရံ စပ်ခါးငန်သည့် သံရေပူလှောင် မြစ်ချောင်းအတွင်း ထက်အောက်စုန်ဆန် မျောသွားလျက် စပ်ခါးစူးရှ ခံစားရ
သော ကြိမ်ပိုက်ချောင်းငရဲဟု ဥဿ ဒငရဲငယ် (၅)ခုတို့သည် ငရဲအထပ်တိုင်း၏ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာတို့၌ (၅)ခု (၅)ခုစီ ခြံ
ရံနေကြသည်။ ထို့ကြောင့် [(၅x၄=၂၀)x၈=၁၆၀]ဥဿ ဒငရဲငယ်သည် (၁၆၀)ရှိလေသည်။

☆ (ဆောင်) သဉ္ဇိုဝ်းကာလ၊ သံဃာတနှင့် ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အဝီစိ။ အထပ်တိုင်းမှာ၊ ဘင်ပြာလက် သန်ကြိမ်ပိုက်ရံ
၊ငါးတန်ဥဿ ဒရှိ။ သောင်းငါးထောင်စီ၊ သင်္ချာညီ ရှစ်လီငရဲရွာ၊ ဝေးရင် ယူဇနာ။

☆ ဤသို့လျှင် အပါယ်လေးပါး၌ ဆင်းရဲဒုက္ခကြီးမားပုံ လူချမ်းသာ နတ်ချမ်းသာစသည်တို့၏ဖြစ်ကြောင်း ကုသိုလ်ကောင်းမှု ပြုခွင့် မရကြပုံ၊ အကုသိုလ်မကောင်းမှု များပြားလှပုံ၊ အပါယ်ဆင်းရဲသို့ ရောက်ရှိလျှင် လွတ်ဖို့ရာ ခဲယဉ်းပုံများကို သိရှိကာ အပါယ်ဆင်းရဲသို့ မကျမရောက်ရအောင် သတိဆောင်၍
ကြိုးစားအားထုတ်သင့်သည်ဟု သိရှိပါလေ။

¤ ဘဒ္ဒန္တကောဝိဒါဘိဝံသ ¤
☆Buddhavasa Tiloka☆
Dhamma Wizaya-ဓမ္မဒါန

Credit: Original upload

No comments:

Post a Comment