~ မနောဒွါရ နှင့် အတွေးအာရုံ ထိတိုက်လို့ တွေးစိတ်ဖြစ်ပေါ်တာကို
နားလည်ပြီးကြပါပြီ ။ အပါယ်(၄)ဘုံကို ပို့ဆောင်တတ်ပါတယ်။
~ အသက်ရှင်သန်နေသ၍ တွေးစိတ်နှင့်လည်း မလွတ်ကင်းနိုင်ပါဘူး။
ဒီတော့ အပြစ်ကင်းတဲ့ တွေးနည်းလေးကိုလည်း သိထားဦးမှ ဖြစ်
မှာပါ ။
~ ထုံးစံအတိုင်း သမရိုးကျတွေးစိတ်သည် လောဘတဏှာ , ဒေါသ,
သောက , မောဟ , အဝိဇ္ဇာ နှင့် မာန , ဒိဋ္ဌိ ဆိုတဲ့ တရားဆိုးတွေ
ကြောင့် အပါယ်ကျတာပါနော် ။ တွေးစိတ်သည် ဒီလိုမျိုးတရားဆိုး
တွေကို မဖြစ်ပေါ်စေနိုင်တာလည်း ရှိပါသေးတယ် ။
~ သမ္မာဒိဋ္ဌိဉာဏ်ဦးစီးတဲ့ အတွေးပါ ။ ခန္ဓာ့ဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်
တရားနှင့် ဒုက္ခသစ္စာတရားတော်တွေကို များစွာနာယူမှတ်သားပြီးတဲ့
သူများကိုတော့ အထူးပြောစရာမလိုပါဘူး ။ မည်သူမဆို မိမိ၏ရုပ်
ဓမ္မ နှင့် နာမ်ဓမ္မအကြောင်းကို မချွင်းမချန် အမှန်အတိုင်း ဝေဖန်
စေချင်တဲ့ တွေးစိတ်ပါဘဲ ။
~ ရုပ်တရားနှင့်ပါတ်သက်လို့ နေ့စဉ်ကျွေးမွေးပြုပြင် သန့်ရှင်းစောင့်
ရှောက်ပေးနေရတာမျိုး ၊ ရုပ်တရားဖေါက်ပြန်ပျက်စီးလို့ အနာရော
ဂါ ဝေဒနာအမျိုးမျိုးနှင့် ကုသပြုစုရတာ ၊ ကြီးမားတဲ့အနာမရှိခဲ့ပါ
လျှင်လည်း တည်ငြိမ်စွာမနေနိုင်ဘဲ မကြာခဏ, ဟိုဘက်လှည့်ပေးရ
ဒီဘက်စောင်းပေးရ၊ တော်ကြာထိုင်ပေးရ ,ထပေးရ , လဲလျောင်းပေး
ရနှင့် ချိန်ခါမရွေးလုပ်ကိုင်ပေးနေရတာပါ ။ ဒီအထဲ ဖွားဘက်တော်
တေဇောမီးဆိုသည့် , ဇရာကလည်း အချိန်ပြည့် တောက်လောင်နေ
ပြန်တော့ တစ်နေ့တခြား အိုမင်းရင့်ရော်လာတာကို ရှောင်လွှဲလို့
မရပါဘူး ။ ဖျားနာ,ဝမ်းပျက်,လည်နာ,ချောင်းဆိုး,ခေါင်းကိုက်တာ
လည်း ရှောင်တခင် ဖြစ်တတ်ပါသေးတယ် ။ စသည်ဖြင့် ရုပ်ဓမ္မ၏
အဖြစ်မှန်တွေကို ဒီလိုမျိုးအမှန်အတိုင်း နားလည်အောင် တွေးပါ ။
~ နာမ်တရားကတော့ အဆိုးဆုံးပါဘဲ ။ စားချင်,သွားချင်,ကြည့်ချင်,
ပြောချင်,ဝတ်ချင်,ဝယ်ချင် ရုံတင်မက ၊ အခုကြိုက်ပေမဲ့ တော်ကြာ
မကြိုက်ပြန်ဘူးဆိုတာလည်း သူပါဘဲ ။ မွေးဖွားလာပြီးနောက်ပိုင်း
သေမည့်အချိန်အထိ ကြားကာလတလျှောက်လုံးမှာ သူချယ်လှယ်
ပြီးတော့ စီမံလာတာပါ ။ အရှက်တကွဲ အကျိုးနည်းပြီး ဂုဏ်သိက္ခာ
ကျဆင်းစေတဲ့ အမှုကိစ္စများကိုသာမက ၊ နောင်, ဒုက္ခသံသရာကို
ရှည်လျားစေတာသည်လည်း တရားခံအစစ်က နာမ်ဓမ္မပါဘဲ ။ စသည်
ဖြင့် နာမ်ဓမ္မ၏ အဖြစ်မှန်တွေကိုလည်း အမှန်အတိုင်း နားလည်အောင်
တွေးပါ ။
~ ပြီးတော့ ရုပ်,နာမ်ဆိုတာ ဘုံ,ဘဝအပေါ်မှာ မှီခိုပြီးတော့ဖြစ်ပေါ်
တာပါ ။ ဒီတော့ အဖိုး,အဖွား,အမိ,အဘ,ဇနီးခင်ပွန်း,သားသ္မီး,မြေး
မြစ်,မိတ်ဆွေ,သူငယ်ချင်း .. စသည်ဖြင့် မိသားစု ပါတ်ဝန်းကျင်အ
သိုင်းအဝိုင်းဆိုတာ ရှိမှာဧကန်ပါဘဲ ။ တစ်ဦးတစ်ယောက် သေဆုံး
တိုင်းလည်း ဝမ်းနည်းပူဆွေး သောကရောက်ရမှာ အမှန်ပါဘဲ ။
သားပူ,သ္မီးပူ,ဆွေပူ,မျိုးပူ,ပစ္စည်းပူ .. ဆိုတဲ့ သောကအမျိုးမျိုးတွေ
ကို မတွေ့ကြုံချင်လို့ မရပါဘူး ။ ဒီအထဲ ဘုံ,ဘဝ၏ထုံးစံအတိုင်း
မီးလောင်,ရေကြီး,ငလျင်လှုပ်,တောင်ပြို ,မုန်တိုင်းမိ .. စသည်ဖြင့်
သဘာဝဘေးဥပါဒ် အန္တရာယ်အမျိုးမျိုးကလည်း ချိန်ခါရာသီအ
လိုက် ဖြစ်တတ်ပါသေးတယ် ။ ဒါတွေက ရုပ်,နာမ်ရပြီး ဘုံ,ဘဝအ
ပေါ်မှာ မှီခိုရလို့ တွေ့ကြုံရတဲ့ ဆင်းရဲဒုက္ခတွေပါနော် ။
~ တွေးချင်လျှင် အဲဒီလိုတွေးပါ ။ တဏှာလောဘ,ဒေါသ,မောဟ,မာ
န,ဒိဋ္ဌိ ဆိုတဲ့ အပါယ်ရောက်ကြောင်းတရားဆိုးတွေ မဖြစ်ပေါ်ပါဘူး။
သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်ဦးစီးတဲ့အတွေးဖြစ်လို့ ၊ ခန္ဓာကို ခင်တဲ့
တဏှာ လျော့ပါးစေသလို ၊ ဘုံဘဝကို လိုချင်တောင့်တတဲ့ တဏှာ
ကိုလည်း လျော့နည်းစေတာ အမှန်ပါဘဲ ။ မကောင်းတာအမှန်ပါလို့
နားလည်တော့ လိုချင်တဲ့တဏှာတွေလည်း လျော့နည်းတော့တာပေါ့ ။
~ ယ္ခုလို တွေးစိတ်ဖြစ်ပေါ် ခြင်း၏ တန်ဘိုးကြီးမားပုံကိုလည်း ရှင်း
ပြပါဦးမယ် ။ သမ္မာဒိဋ္ဌိ , သမ္မာသင်္ကပ္ပ ဆိုသည့်ပညာမဂ္ဂင်(၂)ပါး ၊
သမ္မာဝါယမ , သမ္မာသတိ , သမ္မာသမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင်(၃)ပါး
နှင့်အတူ မကောင်းတာအမှန်ကို နားလည်သည့် "သံဝေဂဉာဏ် "
သည် တွေးစိတ်နှင့်ယှဉ်၍ ဖြစ်ပေါ်နေတာပါ ။ ဒီလိုနားလည်တော့
သမထဘာဝနာသက်သက်ထက် ပိုမိုအဘိုးတန်တဲ့ "တွေးစိတ်" ဆို
တာ ရှင်းလောက်ပါပြီ ။ ဒီတော့ အခြေအနေအချိန်အခါ မပေးသေး
လို့ ဝိပဿနာတရား မရှုမှတ်နိုင်သေးသူများလည်း အားမလျော့
ကြပါနှင့် ။ ရုပ်,နာမ် နှင့် ဘုံ,ဘဝကို မချွင်းမချန် မှန်မှန်ကန်ကန် သိမြင်
စေမည့် " တွေးလုံး " များသာဖြစ်အောင် ၊ မိမိက တည့်မတ်ပေးဖို့
လိုရင်းပါ ။
သာသနာပကာလတွင် ပွင့်တော်မူကြသော ပစ္စေကဗုဒ္ဓါများသည်လည်း
သစ်ရွက်ကျွေတာကိုတွေ့မြင်ပြီး သံဝေဂဉာဏ်ဖြစ်ပေါ်လာကာ,
ထိုမှတဆင့် မိမိခန္ဓာအတွင်းမှ အပျက်,အနိစ္စကိုသိမြင်ပြီး မဂ်ဖိုလ်
နိဗ္ဗာန်ကို တက်လှမ်းကြတာပါ ။
~ သံဝေဂဉာဏ်ရင့်သန်စေသော တွေးစိတ်သည် ဝိပဿနာရှုမှတ်ရာ
တွင် ၊ မိမိခန္ဓာ၏အပျက်,အနိစ္စကိုသိမြင်လွယ်ပြီး ဒုက္ခသစ္စာကို
ထင်ရှားပေါ်လွင်စေသောကြောင့်၊ အချိန်တိုတိုဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို
ရနိုင်ပါကြောင်း မေတ္တာဖြင့်တင်ပြပါသည် ။
Credit: Original upload
No comments:
Post a Comment