Wednesday, April 12, 2017
သူ​တော်​​ကောင်းတို့ နှလုံးအိမ်
သူ​တော်​​ကောင်းတို့ နှလုံးအိမ်
    ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
#သင်​တို့တိုင်းပြည်​ကို သင်​တို့ရဲ့ မင်းကြီးက..မင်းကျင့်​တရားနှင့်​အညီ အုပ်​ချုပ်
ပါရဲ့လား....
                 အုပ်​ချုပ်​ပါတယ်​...
#သင်​တို့ရဲ့ တိုင်းပြည်​မှာ သာယာဝ​ပြော
ပါသလား....
                  ရှိပါတယ်​..မင်းကြီး...
  #ယခုအခါ သင်​တို့ရဲ့ တိုင်းပြည်​မှာ
ဘာသတင်းထူး သတင်းဦးများ ကြာ​နေရ
ပါသလဲ...
မြတ်​ဗုဒ္ဓလက်​ထက်​​တော်​က..ကုက္ကုဋပြည့်​ရှင်​ မဟာကပ္ပိနမင်းကြီးက သာဝတ္ထိပြည်​သား ကုန်​သည်​တို့အား ဥယျာဉ်​​တော်​တွင်း
မှာ ​တွေ့စဉ်​​ နုတ်​ဆက်​စကား​မေးမြန်းခြင်းပါ။
   #ကျွန်ုပ်​တို့သာဝတ္ထိပြည်​မှာ...ဘုရားရတနာ ​ပေါ်​ပေါက်​​နေပါတယ်
လို့ ကုန်​သည်​က​ပြောလိုက်​​တော့...
    မင်းကြီးဟာ..ဘုရားရတနာဆိုတဲ့
အသံကို ကြားယုံနဲ့ ပီတိ​တွေဖြစ်​ပြီး
မေ့သွားတယ်​။
    အ​မောင်​ကုန်​သည်​တို့ ဘာ​ပြောတာလဲ..
#ဘုရားရတနာ ​ပေါ်​ပေါက်​​နေပါတယ်​..
    မင်းကြီး..ဒုတိယအကြိမ်​ ​ပြန်​​မေ့သွားတယ်​...
     ဒီလိုနဲ့ စတုတ္ထမကြိမ်​ကြမှ ​ကောင်းစွာ
သိသွား​ပေတယ်​...
#တရားရတနာ ဖြစ်​ထွန်း​ပေါ်​ပေါက်​​နေပါ
တယ်​ မင်းကြီး...
    # ဘုရားရတနာဆိုတဲ့ အသံကို ကြား၍
ပီတိအဟုန်​​ကြောင့်​ သုံးကြိမ်​တိုင်​တိုင်
မေ့သွားသလို...တရားရတနာ..သံဃာရတနာ ..မှာလဲ ​လေးကြိမ်​​မြောက်​မှ​ ​ကောင်းစွာ သိသွားပါတယ်​။
😃ကျွန်ုပ်​တို့ နိုင်​ငံက အုပ်​ချုပ်​သူ​တွေလည်း
မဟာကုက္ကုဋဘုရင်​လိုပဲ​နေမှာပါ:-)
    မင်းကြီးက.. ကုန်​သည်​တို့ကို
ဘုရားရတနာ သတင်းစကားကို ​ပြောတဲ့
အတွက်​..​ငွေတစ်​သိန်း...
တရားရတနာအတွက်​..တစ်​သိန်း
သံဃာရတနာ အတွက်​...တစ်​သိန်း
စုစု​ပေါင်း သုံးသိန်းကို..
  မိဖုရားထံမှာ သွားထုပ်​ဖို့ ​ရွှေပြားမှာ
ချက်​လက်​မှတ်​ ​ရေး​ပေးလိုက်​ပါတယ်​။
   ထို့​နောက်​...မင်းကြီးက..
ငါသည်​...ဥယျာဉ်​​တော်​မှ နန်း​တော်​သို့
မပြန်​​တော့​ပေ...(ယခု​ခေတ်​ဆိုရင်​..​ဂေါက်​ကွင်းလို့ ဆိုရမားပဲ)..
  မြတ်​စွာဘုရား ရှိ​တော်​မူရာသို့ ကြွ​ရောက်​ပြီး..ရဟန်းပြု​တော့မယ်​...
(ရတနာသုံးပါးနဲ့ ယှဉ်​လျှင်​ နန်း​တော်​ကို
အမှိုက်​ပုံလို့ ထင်​သွားလားမသိ)
     နိုင်​ငံနှင့်​ ​နေပြည်​​တော်​ မင်းစည်းစိမ်​ကို
မိဖုရားကြီးအား အပ်​နှင်းလိုက်​ပါတယ်​.
နှစ်​သက်​သလို လုပ်​ပါလို့လဲ...အ​နော်​ဇာ​ဒေ၀ီမိဖုရားကြီးထံ မှာကြားလိုက်​ပါတယ်​။
     .  ဒီမိုက​ရေစီဆန်​​သော ဘုရင်
       *********************
    နန်း​တော်​ကို ပြန်​ကြမလား...
    ရဟန်းပြုဖို့ လိုက်​ကြမလား..ဟု
အမတ်​​ပေါင်း တစ်​​ထောင်​တို့ကို..
မေးပြီး ဆန္ဒခံယူပါတယ်​။
  ဒီ​နေရာမှာ..လွှတ်​​တော်​အမတ်​အားလုံး
ငါနဲ့လိုက်​ခဲ့ကြလို့ မသုံးဘူး..
  မင်းကြီးနဲ့ပဲ အတူလိုက်​ပြီး ရဟန်းပြုကြ
ပါ့မယ်​..ဟု တညီတညွတ်​တည်း ​ဖြေကြ
ပါတယ်​။
   ဒီလိုဆိုရင်​..သင်​တို့ရဲ့ အမတ်​က​တော်
တွေကို တခါတည်း ကုန်​သည်​​တွေနဲ့
အမှာစကား ပါးလိုက်​ကြပါလို့ မင်းကြီးက
မိန့်​ကြားပါတယ်​။
   မင်းကြီးနှင့်​ အမတ်​တစ်​​ထောင်​တို့သည်
မြင်းစီးလျှက်​ မြတ်​ဗုဒ္ဓ ရှိရာသို့ ခရီးထွက်​ခဲ့
ကြပါတယ်​။
    လမ်းခရီးမှာ..မြစ်​ သုံးစင်းကို ​တွေ့​တော့
လှေ သ​င်္ဘော မရှိ​လို့ #ဂုဏ်​​တော်​သုံးမျိုးကို
ပွားများပြီး ကူးကြ​ပေတယ်​...
  ပထမမြစ်​ကို..ဘုရားဂုဏ်​​တော်
  ဒုတိယမြစ်​ကို..တရားဂုဏ်​​တော်
  တတိယမြစ်​ကို...သံဃာ့ဂုဏ်​​တော်
   မြစ်​ရဲ့တစ်​ဖက်​ကမ်းကို ​ရောက်​ကြတဲ့
အခါ မြတ်​စွာဘုရားသခင်​၏ ​ရောင်​ခြည်​​တော်​ကို မြင်​ရတဲ့အတွက်​.ရည်​မှန်းပြီး
သွားကြပါတယ်​။
    မြတ်​စွာဘုရားရှင်​ထံသို့​ရောက်​တဲ့အခါ
ပါရမီရင့်​ကျက်​လာပြီး ပီတိအား​ကောင်းတဲ့
အတွက်​ တရား​တော်​အဆုံးမှာ မင်းကြီးနှင့်
အမတ်​တစ်​​ထောင်​တို့ ​သောတာပန်​တည်
သွားကြပါတယ်​။
   မြတ်​စွာဘုရားရှင်​က #ဧဟိဘိက္ခု ​ခေါ်
တော်​မူလိုက်​သဖြင့်​ လူအသွင်​ကွယ်​ပြီး
ရဟန်​အသွင်​ ဖြစ်​သွားကြ​ပေတယ်​။
သာဝတ္တိပြည်​သား ကုန်​သည်​များလည်း
နန်း​တော်​ထဲသို့သွားပြီး မိဖုရားကြီးကို
ပရပိုက်​စာပြကြတာ​ပေါ့။
   မိဖုရားကြီးက..အ​မောင်​ကုန်​သည်​တို့က
မင်းကြီးကို ဘာအကျိုးများပြုထားလို့ ​ငွေများ
ကို​ပေးခိုင်းရတာလဲ...
    ကုန်​သည်​တို့ကလည်း မင်းကြီးကို
လျှောက်​တင်​သလို..ဘုရားရတနာဆိုတာ
ဖြစ်​ထွန်း​ပေါ်​ပေါက်​​နေပါတယ်​လို့ ​ပြောလိုက်​တဲ့အခါ မိဖုရားကြီးလည်း
မင်းကြီးကဲ့သို့ သုံးကြိမ်​တိုင်​တိုင်​ ​မေ့သွားပြီး ​လေးကြိမ်​ကျမှ သတိရပြီး
သိသွား​ပေတယ်​.. ။
မေ့​မေ့သွားတာ ပီတိများလို့ပင်​ဖြစ်​​ပေသည်​။
အ​နောဇာ​ဒေ၀ီမိဖုရားကြီးက..
ကျွန်ုပ်​သည်​ မင်းကြီး​လောက်​ မချမ်းသာပါဘူး...မွဲပါတယ်​...
ဘုရားရတနာအတွက်​ သုံးသိန်း
တရားရတနာအတွက်​ သုံးသိန်း
သံဃာရတနာအတွက်​ သုံးသိန်း
သင်​တို့​ပြော​ပေးတဲ့အတွက်​ ဆု​ပေးပါတယ်​။
အချမ်းသာဆုံး ဘုရင်​က
တစ်​သိန်းစီ
ဘုရင်​​လောက်​ မချမ်းသာတဲ့ မိဖုရားက
သုံးသိန်းစီ..
    တိုင်းပြည်​နှင့်​ မင်းစည်းစိမ်​ကို မိဖုရားကြီးအား အပ်​နှင်းပါတယ်​..အလိုရှိ
သလို သုံးပါ လို့ မင်းကြီးက မှာကြားလိုက်​ပါတယ်​လို့ ကုန်​သည်​များက ပြန်​​ပြော​တော့...
   မိဖုရားကြီးစိတ်​ထဲမှာ..
#မင်းကြီး စွန့်ပစ်​လိုက်​တဲ့ တံ​တွေး​ပေါက်​ကို မိမိက ​ကောက်​ယူပြီး မျိုရသလို..မင်းစည်းစိမ်​ကို တံ​တွေးကဲ့သို့ မြင်​သွား​ပေတယ်​။
   ဒုက္ခ​တွေနဲ့ပြည့်​နှက်​​နေတဲ့ မင်းစည်းစိမ်​ကို ငါမယူဘူး။ မင်းကြီးတန်​ဖိုးထားတဲ့
တရားထူး တရားမြတ်​ကိုပဲ ရရှိလိုပါတယ်​..
   ဒီ​တော့..မိဖုရားကြီးက..
နန်း​တော်​မှာ ​နေခဲ့ကြမလား
မြတ်​စွာဘုရားသခင်​ထံ လိုက်​ကြမလား
လို့..အမတ်​က​တော်​ တစ်​​ထောင်​တို့ကို
မေး​တော့...မိဖ့ရားကြီး​နောက်​ကိုဘဲ
လိုက်​ကြမယ်​လို့ ဆိုကြပါတယ်​..။
  ဘုရင်​မင်းမြတ်​တို့ လမ်းစဉ်​အတိုင်း
သွားကြပြီး မြတ်​စွာဘုရားရှင်​ထံ ​ရောက်​ရှိ
သွားကြပါတယ်​။
    မြတ်​စွာဘုရားရှင်​က..မင်းကြီးနဲ့အမတ်
တို့ကို(ရဟန်း) ..တန်​ခိုး​တော်​နှင့်​ မိဖုရားကြီးတို့ မမြင်​​အောင်​ ကွယ်​ထားပါတယ်​။
    မိဖုရားကြီးတို့ကို တရား​ဟောတဲ့အခါ
သူတို့ရဲ့စိတ်​​တွေ ပျံ့လွင်​ရင်​ ခန္ဓာဉာဏ်
မ​ရောက်​မှာစိုးရိမ်​လို့ ကွယ်​ထား​ပေးတာ။
   မြတ်​စွာဘုရားရှင်​ တရား​တော်​ရဲ့ အဆုံးမှာ မင်းကြီး​ဟောင်း အမတ်​​ဟောင်း
ရဟန်းတစ်​​ထောင်​တို့ ရဟန္တာ ဖြစ်​​တော်
မူကြပြီး..မိဖုရားကြီးနှင့်​ အမတ်​က​တော်​တို့
လည်း ​သောတာပန်​များ ဖြစ်​ကုန်​ကြပါတယ်​။
   မိဖုရားကြီးတို့ကို ဘိက္ခုနီမ၀တ်​​စေပြီး
တရားဆက်​လက်​အားထုတ်​ကြရာ
မကြာမီမှာပင်​ ရဟန္တာ များ ဖြစ်​သွားကြပါတယ်​တဲ့ ခင်​ဗျာ...
မဇ္ဈိမလမ်း
Credit: Original Uploader
No comments:
Post a Comment