Saturday, April 22, 2017

ငါတို့ကစာမတတ်ဘူးလို့ဒီလိုလဲမလာစေနဲ့

#ငါတို့ကစာမတတ်ဘူးလို့ဒီလိုလဲမလာစေနဲ့
           ➖➖➖➖➖➖➖➖➖
🌕 #ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်
              ➖➖➖➖➖➖➖➖
🌕 ခင်ဗျားတို့ သင်္ဂြိုလ်စာအုပ်ကြီး ပြာချပြီး မျိုမှ စာတတ်လို့ထင်နေရင်တော့ ခက်မယ် ၊ ဒီလို မဟုတ်ပါဘူး ဒကာ ဒကာမတို့ ••• သေသေချာချာ ခန္ဓာထဲမှာ တရားနာကတည်းက
တရားနာတယ်ဆိုတာ ••• အဲဒါစာတတ်သွားတာပဲ ....{ မှန်ပါ } ။
🌕 တရားနာလို့ရှိရင်ဖြင့် ••• ဩော် ••• ဒါဝေဒနာပဲ ၊ ဒါဖြစ်ပျက်ပဲ ၊ ဒါစိတ်ပဲ ၊ စိတ်ဟာလဲ
ခယဝယ ဆိုတဲ့ ဖြစ်ပျက်မှာ လမ်းဆုံးတာပဲ ၊ ဒုက္ခသစ္စာဆိုတာလဲ ခဏ ခဏ ဖောက်ပြန်ပျက်စီးတာပဲ ၊ ရုပ်ဆိုတာလဲ ပျက်စီးတာ ရုပ်ခေါ်တာပဲ ဆိုတော့ ••• ဒါတွေဟာ ခင်ဗျားတို့ စာတတ်နေတာတွေပေါ့ဗျာ ••• { မှန်ပါ } ။
🌕 ဒါဖြင့် ခင်ဗျားတို့ကို ••• ဟို ••• " နမောတဿ " ကစ၍ မင်းတို့ ဘုရားရှိခိုးစ ,စမ်းပါဆိုတော့ •••
သြကာသ မပါတာနဲ့ ခင်ဗျားတို့က ••• ဘုရားရှိခိုး မဟုတ်ဘူး ထင်နေရင်လဲ ခက်ကြလိမ့်မယ် •••
သဘောကျပလား ••• { ကျပါပြီဘုရား } ။
🌕 သြကာသ မပါဘဲနဲ့ ဘုရားရှိခိုးကို ကျုပ်ဖြင့် မခိုးရသေးဘူးလို့ ထင်နေတာ ••• သြကာသဆိုတာ ဘုရားရှိခိုးပါရစေ အခွင့်တောင်းတာ ၊ ခိုးသေးတာ မဟုတ်ဘဲ { မှန်ပါ } ၊ ခိုးလာတဲ့ အခါတော့ ••• ဣတိပိသော ကျမှ ခိုးတဲ့ ဥစ္စာပဲ ၊ သြကာသ မပါလို့ ဘုရားရှိခိုး မဖြစ်ဘူး ဆိုလို့တော့ မဖြစ်ဘူး ••• { မှန်ပါ } ။
🌕 ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန်တည်ချင်လို့ ဂုဏ်ထူးဆောင် နိဗ္ဗာန်မဝင်ချင်ခဲ့သော် ••• အပါယ်လေးပါး တံခါးပိတ်ပြီး ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ ၊ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ လိုချင်ရင် •••
ဘယ်နှယ်ချက် ပါလိမ့် ••• { နှစ်ချက်ပါဘုရား } ။
ဘာပါလိမ့် ••• { ကိုယ်နဲ့လျောက်ပတ်တဲ့ တရားကို နာရမယ် ၊နှလုံးသွင်း မှန်ရပါမယ် ဘုရား } ။
🌕 ဒီနှစ်ခုရှိရင် ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိ ဖြစ်တာပဲ ၊ သမ္မာဒိဋ္ဌိတစ်လုံးကို ကိုင်လိုက်သဖြင့်
မဂ္ဂင်ရှစ်ပါး၏ ခေါင်းဆောင် လို့မှတ်လိုက်ကြပါ •••
🌕 ကြိုးစားဖို့ အရေး••• တို့အရေးပါကွာ { မှန်ပါ }
ဒီနှစ်ချက်ညီဖို့ အရေးသည် ••• တစ်ချက်ဟာ •••
ဘုန်းကြီးက ကူညီထားတယ် ၊ နောက်တစ်ချက် နှလုံးသွင်းမှုကလေးကို ခင်ဗျားတို့ ခန္ဓာကိုယ် ဥာဏ်နဲ့ သာတည့်အောင် တည့်ပေးလိုက်တာပါ ၊ အပျက်နဲ့ မဂ်နဲ့သာ ကိုက်သွားရင် ဘာလိုသေးသတုံး ••• { မလိုပါဘုရား } ၊ သေချာပလား ••• { သေချာပါပြီဘုရား } ။

🌕 တို့က စာမတတ် ပေမတတ်နဲ့ လို့ကော ဆိုချင်သေးသလား ••• { မဆိုချင်ပါ ဘုရား } ။
တရားနာတာဟာ ဘာဖြစ်နေတာတုံး •••
{ စာတတ်နေတာပါဘုရား } ၊ ခန္ဓာပေါ်မှာ မှတ်တာဟာ စာတတ်အစစ်ပါ ••• သဘောကျပလား ••• { ကျပါပြီ ဘုရား } ၊ စာအုပ်ထဲ တတ်နေတာက လိုရင်းမဟုတ်ပါဘူး
{ မှန်ပါဘုရား } ။
🌕 တရားဆိုတာလဲ နောက်ဆုံးပိတ်မှာ ဒကာ ဒကာမတို့ မှတ်လိုက် ••• ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်တယ် ၊ ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင်ဖြင့်  ဖြစ်ပျက်ပဲရှိတယ် ၊
🌕 ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင် ••• အနိစ္စပဲရှိတယ် ၊ ဒုက္ခပဲရှိတယ် ၊ အနတ္တပဲရှိတယ် ၊ အနိစ္စလဲ ဖြစ်ပျက်ပဲ ၊ ဒုက္ခလဲ ဖြစ်ပျက်ပဲ ၊ အနတ္တလဲ ဖြစ်ပျက်ပဲ ။
🌕 အဲဒီတော့ ပိဋကတ်သုံးပုံကို အကျဉ်းချုံးပြီးသကာလ စာတွေသင်တာ •••
ဘယ်ကမ်း ဘယ်သောင် ဘယ်ဆိပ်ကမ်း ဆိုက်ချင်လို့လဲ မေးရင် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုက်ချင်လို့ သင်ကြတာ ••• သဘောကျပလား ••• { ကျပါပြီဘုရား } ။
🌕 ဒါကြောင့် ပိဋကတ်သုံးပုံ ချုံးလိုက်တော့ ဘယ်မှာ လမ်းဆုံးသွားပါလိမ့် ••• ဖြစ်ပျက်ဆိုတဲ့
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ မှာ လမ်းမဆုံးဘူးလား •••
{ ဆုံးပါတယ်ဘုရား } ၊
🌕 အဲဒီ ဖြစ်ပျက်ဟာလဲ ••• ဘယ်မှာလမ်းဆုံးသလဲဆိုတော့ ••• မပျက်တဲ့ဆီမှာ လမ်းဆုံးတယ် ••• { မှန်ပါ } ။
🌕 ပိဋကတ်သုံးပုံ၏ အဆုံးက ••• ဖြစ်ပျက် ၊
ဖြစ်ပျက်အဆုံးနိဗ္ဗာန်ဆိုတဲ့ ••• ဘယ်သူမှ လုပ်လို့မဖြစ် ၊ ဘယ်သူမှ ဖျက်လို့ မပျက်တဲ့ နိဗ္ဗာန်မှာ သွားပြီး လမ်းဆုံးတယ် ၊ ဒါကော •••
သဘောကျပလား ••• { ကျပါပြီဘုရား } ။
🌕 မဖြစ်မပျက်တဲ့ နိဗ္ဗာန်မှာလမ်းဆုံးတယ် ဆိုသဖြင့် ••• ဩော် ••• တို့သည် ဖြစ်ပျက်မြင်ကတည်းက ပိဋကတ်သုံးပုံ တို့အထဲရောက်ပြီဟ ••• ဆိုနိုင်ကြမလား •••
{ ဆိုနိုင်ပါတယ်ဘုရား } ။
🌕 ဒါဖြင့် အဲဒီပိဋကတ်သုံးပုံကို အဆုံးလိုက်,လိုက်၊ ဖြစ်ပျက် အဆုံးလိုက်,လိုက် ••• အဲဒါကြောင့် ဖြစ်ပျက်က မဖြစ်မပျက်တဲ့ဆီ ရောက်ကြောင်း ကြိုးစားပါဆိုတဲ့ဥစ္စာ ကိုလဲ •••
ပိဋကတ်သုံးပုံ တတ်ပြီးသား ပုဂ္ဂိုလ်တွေကို အဲဒီအရောက်သွားပါ ဆိုတာကိုလဲ တိုက်တွန်းရပြန်တယ် ၊ အင်မတန်အရေးကြီးတဲ့ အချက်တွေဆိုတာ ပေါ်ပလား ••• { ပေါ်ပါပြီဘုရား } ။

           ❇❇❇❇❇❇❇❇❇❇❇❇❇
💟 စေတနာ မေတ္တာများစွာဖြင့် 💟

*** ဦး ကြည် စံ ***

Credit: Original upload

No comments:

Post a Comment