Saturday, April 22, 2017

သုဒ္ဓဝိပဿနာယာနိက ရှု့ပုံအကျဉ်း

သုဒ္ဓဝိပဿနာယာနိက ရှု့ပုံအကျဉ်း
           

           ရုပ်နာမ် အနိစ္စ ၊ဒုက္ခ ၊အနတ္တ သဘောကို                                                                                ကြားနာမှတ်သားဖူးသော သူသည် 'သမာဓိ' ကို
မထူထောင်တော့ပဲ ဝိပဿနာ သက်သက်ကိုသာ
ရှု့မှတ် အားထုတ်လိုလျှင်  ...

            ရုပ်နာမ် နှစ်မျိုး တို့တွင် သာ၍ ထင်ရှား
သော ရုပ် ကိုစ၍ ရှု့ရ၏ ၊ အထူး ထင်ရှားသော
အတွေ့အထိရုပ်ကို ရှု့ရန်အတွက် ထိုင်နေသည့်
တစ်ကိုယ်လုံးကို သတိနှင့် စိုက်၍ ထိုင်သည် ထိုင်
သည် ဟု မပြတ်ရှု့နေရ၏ ၊ ထိုသို့ရှု့နေရင်း တင်
ပါးမှဖြစ်စေ ၊ ခြေထောက်မှဖြစ်စေ တစ်နေရာမှ
တွေ့ထိမှု့ကိုထင်ရှားတွေ့ရပါလိမ့်မယ် ။
           
            ထိုအခါ တွေ့ထိမှု့နှင့် တွဲ၍ ထိုင်သည်
ထိသည် , ထိုင်သည် ထိသည် ဟု ထိုင်နေသော ကိုယ်ထဲမှာ တစ်လှည့်၊ ထိနေသောနေရာမှာ တစ်
လှည့် အားဖြင့် တစ်လှည့်စီ မပြတ် ရှု့မှတ်နေရ
မည် ။

              ဝင်လေထွက်လေ ခိုက်သော နေရာ၌
ထိသည် ထိသည်ဟုလည်း ရှု့နိုင်၏ ၊ သို့မဟုတ်
အသက်ရှုတိုင်း ဝမ်းဗိုက်ထဲ၌ ဖောင်းချည် ပိန်
ချည် တောင့်တင်းလှုပ်ရှားနေသော ရုပ်ကိုလည်း
ရှု့နိုင်ပါ၏ ။

               စိတ်သတိကို ဝမ်းဗိုက်၌ စူးစိုက်ထားပါ ။
မထင်ရှားသေးလျှင် ဗိုက်ကို လက်နှင့် ထိထားပါ။
ပကတိရှု့နေကျ အတိုင်း မှန်မှန်သာရှုနေရမည် ။
မြန်ရှုခြင်း၊ ပြင်းရှုခြင်း ၊အသက်အောင့်ထားခြင်း
မပြုရပါ ။ တရွေ့ခြင်း ဖောင်းတက် လာသည် ၊
ပိန်ကျသွားသည်ကို အစဉ်မပြတ် သိလျှက် ရှိပါ
စေ ။

               ဖောင်းသည် ပိန်သည်ဟူ၍ နှုတ်ကရွတ်
ဆိုရန်မဟုတ်ပဲ ၊ စိတ်ဖြင့်သာလျှင် အမည်တပ်၍
ရှုနေရန် ဖြစ်ပါသည် ။ ဖောင်းသည် ပိန်သည် ရှု
နေရင်း တခြားအာရုံများသို့ လွတ်ထွက်သွားသော
စိတ်များကိုလည်း သူဖြစ်သည့်အတိုင်း ရှု့နေရပါ
မည် ။ စိတ်ဆိုးလျှင် စိတ်ဆိုးသည် ။နှစ်သက်လျှင်
နှစ်သက်သည် စသည်ဖြင့် ။

             ကိုယ်ထဲ၌ နာကျင်ကိုက်ခဲမှု့ မခံသာလျှင်
လည်း ညောင်းသည်၊ ပူသည် ၊ နာသည် စသဖြင့်
ရှုနေရမည် ၊ မခံသာမှု့များ ပျောက်ငြိမ်းသွားသော
အခါ ဖောင်းမှု့ ပိန်မှု့ကိုသာ ရှု့မြဲမပြတ် ရှု့နေရ
မည် ။ ပြင်းထန်၍ အလွန်မခံသာသောအခါ လက်
ခြေ ကိုယ်အနေအထိုင်များကို ပြောင်းလဲ ပြုပြင်
ပေးရ၏ ၊ကြွသည် ကြွသည်၊ လှုပ်သည် လှုပ်သည်
စသဖြင့် သူဖြစ်ပေါ်သလို အစဉ်မပြတ်လိုက်၍ ရှု့
မှတ်သွားရသည် ။

             ကွေးမှု့၊ဆန့်မှု့၊ ကိုယ်လက် လှုပ်ရှားမှု့ပြု ပြင်မှု့ဟူသမျှကို ဖြစ်ပေါ်လာတိုင်း သိအောင်ရှု့ရ
ပါမည် ၊ ကိုယ်ထဲ စိတ်ထဲ၌ ဖြစ်ပေါ်လာသော ဝေဒ
နာ ဟူသမျှ ၊ စိတ်ကူး စဉ်းစားမှု့ဟူသမျှကိုလည်း ဖြစ်ပေါ်လာတိုင်းသိအောင် ရှု့ရပါမည်။အကြောင်း
ထူး မရှိသည့်အခါ ကိုယ်ထဲမှ ထင်ရှားသော အတွေ့
အထိ ဖောင်းမှု့ ၊ ပိန်မှု့ကိုသာ ပင်တိုင်ထား၍ ရှုကြ
ရပါမည် ။ သို့သော် အလိုရှိပါလျှင် ထိုင်မှု့ သိမှု့ကို
လည်းကောင်း ၊ ဝင်လေ ထွက်လေ၏ ထိခိုက်မှု့ကို
လည်းကောင်း ပင်တိုင်ထား၍ ရှုနိုင်ပါသည် ။

               ပေါ်ရာ ပေါ်ရာကို အလွယ်တကူ ရှုနိုင်လာ
သော အခါ ပင်တိုင်ရှု့စဉ် ထားရန် မလိုတော့ပဲ ..
မြင်တိုင်း ၊ ကြားတိုင်း ၊ နံသိတိုင်း ၊ စားသိတိုင်း ၊
ထိသိတိုင်း ၊ ကြံသိတိုင်း ပေါ်သမျှတို့ကို ဖြစ်ပေါ်
လာစဉ်အတိုင်း ရှု့သွားနိုင်ပါသည် ။

                 ယောဂီသည် ဤနည်းဖြင့် မပြတ်ရှု့နေ
လျှင် သမာဓိဥာဏ်အား ရှိလာသောအခါ တစက္ကန့်
အတွင်းမှာ စိတ် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေ
သည်ကို ကိုယ်တိုင်ပင်တွေ့သိရ၏ ။ ရှုခါစ ယောဂီ
မှာ ထိုမျှလျှင်မြန်စွာ မသိနိုင်သေးပေ ။ ဤအရာ၌
စာဖတ်သင်ခါစ နှင့် ကောင်းကောင်းတတ်ပြီး သူတို့
၏ စာဖတ်နှေးပုံ မြန်ပုံ ကို နှိုင်းယှဉ်၍ သိနားလည်
အပ်ပါ၏ ။
               သို့သော် အားထုတ်စ ပုဂ္ဂိုလ်သည်လည်း
တစက္ကန့် တစက္ကန့်လျှင် ရှု့သိမှု့တစ်ကြိမ်၊တစ်ကြိမ်
ကျထက်မနည်း သိရှိနိုင်အောင် အမြဲမပြတ် အား
ထုတ်၍  ရှု့မှတ်နေရပါမည် ။

ဝိပဿနာ  သမာဓိဥာဏ် မဂ်ဖိုလ်ဥာဏ် ဖြစ်ပုံကို
လိုအပ်သူများအတွက် ဆက်လက်မျှဝေပါမည်ရှင် ။

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏
ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်း အကြောင်းမှ
ကောက်နှုတ်မျှဝေပါသည်ရှင် ။

Credit: Original upload

No comments:

Post a Comment