Tuesday, April 18, 2017
ဆေးမင်​​ကြောင်​​တွေ..ဘာလို့ မပျက်​သလဲ
ဆေးမင်​​ကြောင်​​တွေ..ဘာလို့ မပျက်​သလဲ
*****************************
    ဇာတ်​မင်းသားကြီး ဦးဖိုးစိန်​က...
#အရှင်​ဘုရားတို့ဥစ္စာက..ရုပ်​​တွေဟာ..
ပျက်​..ပျက်​ကုန်​တယ်​...ပြီး​တော့ အစားထိုး
တယ်​..လို့်​လဲ ဆိုတယ်​...
  ဒီလိုဆိုရင်​...ထိုးကွင်းမင်​​ကြောင်​​တွေကို
ငယ်​ငယ်​က ထိုးထားတာ...ပျက်​.ပျက်​ကုန်
တဲ့အထဲ..ပါသွားဖို့​ကောင်းတယ်​...
  မပါဘူး..ဘုရား...အသက်​ကြီးလို့..
သေသည်​အထိ...ထင်​ကျန်​ရစ်​တာပဲ...
အဲဒါ ဘယ်​လိုလဲ....
    မိုးကုတ်​ဆရာ​တော်​ဘုရားကြီးက...
ဒါက..ဒီလိုရှိတယ်​..ဒကာကြီးရ...
အမိဝမ်းမှာ..ပဋိသ​န္ဓေ စတည်​ပြီ..ဆိုကတည်းက..#ကလာပ်​ သုံးစည်း..
ရုပ်​သုံးဆယ်​...ဆိုတာ ပါတယ်​။
အဲဒါ​တွေက...
၁။ ပထ၀ီ အာ​ပေါ ​တေ​ဇော ၀ါ​ယော။
      ဇီဝိတ #ကာယ။
၂။ ပထ၀ီ အာ​ပေါ ​တေ​ဇော ၀ါ​ယော။
      ဇီဝိတ #ဘာဝ။
၃။ ပထ၀ီ အာ​ပေါ ​တေ​ဇော ၀ါ​ယော။
      ဇီဝိတ #ဟဒယ၀တ္ထု။
ဆိုလိုရင်းက..
နံပါတ်​၁ အုပ်​စုတွင်​ ရုပ်​​ပေါင်း ၁၀မျိုးပါ၏။
ကာယဖြင့်​ အဆုံးသတ်​၍ ကာယဒသက
ဟု ​ခေါ်သည်​။
၂အုပ်​စုတွင်​လည်း ဘာဝရုပ်​ဖြင့်​ နိဂုံးသတ်​၍ ဘာဝဒသက ဟု ​ခေါ်သည်​။
၃.တွင်​..ဟဒယ၀တ္ထုရုပ်​ဖြင့်​ နိဂုံးသတ်​၍
ဝတ္ထုဒသက ဟု ​ခေါ်ရသည်​။
    ဤသို့...ကာယဒသက...ဘာဝဒသက
ဝတ္ထုဒသက ဟူ၍ ကလာပ်​ ၃စည်း ဖြစ်​၏။
  တစ်​စည်းလျှင်​ ရုပ်​​ပေါင်း ၁၀မျိုးစီပါ​သော​ကြောင့်​ ရုပ်​​ပေါင်း ၃၀ဖြစ်​ရ​လေသည်​။
တေ​ဇောပါတယ်​..အစည်းတိုင်းမှာ ပါတယ်​။
အဲဒီ ​တေ​ဇောက ဥတုဇရုပ်​ကို ဆက်​လက်
ပေါက်​ပွား​စေတယ်​...ဒီ​တော့....
#မျိုး ပါတာ​ပေါ့...အဲဒီလို...မျိုးပါ..ပါ​နေလို့
မ​ပျောက်​တာ..ဒကာကြီးရ.....
ဒါ​ကြောင့်​...
   ကုလားက ​မွေး​တော့..ကုလား​လေး..
မည်းမည်းကြုတ်​ကြုတ်​​လေး ဖြစ်​။
   တရုပ်​က ​မွေး​တော့...ဖြူဖြူ ​ဖွေး​ဖွေး
အင်္ဂလိပ်​က ​မွေး​တော့.. နီစပ်​စပ်​က​လေး
ဖြစ်​ကြရတာ...ဟူ၍ ​ဖြေးကြားပါတယ်​တဲ့
ခင်​ဗျာ။
မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏
တစ်​ဘ၀သာသနာ
မှ
ဝိမုတ္တိ
Credit: Original upload
No comments:
Post a Comment