Friday, April 21, 2017

သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို မခိုင်းမိပါစေနှင့်

═════════════════════════════
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို မခိုင်းမိပါစေနှင့်
═════════════════════════════

.
-
သာသနာတော်ကိုဝင်ရောက်လာပြီဆိုရင် တမန်ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။
အဲ့ဒါကတော့ တရားနာပရိတ်သတ်တွေ နားလည်သင့်တဲ့အချက်ဖြစ်ပါတယ်။
.
" ဆရာလေး ဘယ်သွားမလို့လဲ ၊ ' အော် ရန်ကုန်သွားမလို့လေ ' ရန်ကုန်သွားလို့ရှိရင်
ဟိုဒကာကြီး ဘယ်သူနဲ့တွေ့ရင် ပြောလိုက်စမ်းပါ ၊ တပည့်တော်ကဘာတွေမှာလိုက်လဲ ,
တပည့်တော်ကတွေ့ချင်လို့ လာခဲ့ပါလို့ မှာလိုက်ပါ " ။
.
ဆရာလေးက " ပြောလိုက်မယ် ပြောလိုက်မယ် " အဲ့လို ပစ္စည်းလူကြုံ စကားလူကြုံနဲ့
တမန်အလုပ်ကို  မခိုင်းပါနဲ့တဲ့။ ဒါကခိုင်းစေတာနော်။
ဘာလုပ်ပေးပါ ၊ ညာလုပ်ပေးပါ စသည်ဖြင့် ခိုင်းစေတယ်၊ မလုပ်ပါနဲ့။
.
အဲ့ဒီလို လူပုဂ္ဂိုလ်ခိုင်းစေတာကို သာသနာနွယ်ဖွား ရှင်ရဟန်းတွေက မပြုလုပ်ရပါဘူး။
ဆရာလေးတွေလားဆိုတော့ မဟုတ်သေးပါဘူး။
ရဟန်းတော်တွေလည်း ဒီအတိုင်းပါဘဲ၊ ရှင်သာမဏေလည်း ဒီအတိုင်းပါဘဲ။
လူပုဂ္ဂိုလ် ဒကာ , ဒကာမတွေက သာသနာဘောင်က ရဟန်းကိုကော၊ သာမဏေ ၊
သီလရှင်ကိုကော မခိုင်းပါနဲ့။ ခိုင်းတယ်ဆိုတာ " အရှင်ဘုရား ရန်ကုန်ကို သွားရင် .
ဒါလေးပြောပေးပါ အဲ့ဒီလောက်တောင်မခိုင်းပါနဲ့တဲ့။
ခိုင်းတယ်ဆိုတာ လူတို့ရဲ့ အစေအပါး ဖြစ်ပါတယ်။ မလုပ်ကောင်းပါဘူး။
.
ဒီလိုခိုင်းစေလို့ ရတဲ့ပစ္စည်း စသည်တွေကိုလည်း "ကုလဒူသက အနေသန" ၊
ဒကာ, ဒကာမတို့၏ သာသနာတော်ကို ကြည်ညိုနေတဲ့ စစ်မှန်တဲ့ သဒ္ဓါတရားကို
ဖျက်စီးတဲ့ လုပ်ငန်းခွင်ထဲမှာ ထည့်သွင်းပြီး ဖော်ပြထားပါတယ်။

ဆိုလိုတာက ဒီဒကာဒကာမတွေက သာသနာတော်မှာ သီလစတာကို ကျင့်ကြံပွားများ
အားထုတ်နေတဲ့ ရှင်ရဟန်းစသည်ကို မူလထဲကကြည်ညိုတယ်။
ဒါကစစ်မှန်တဲ့ သဒ္ဓါတရားဖြစ်ပါတယ်။
သို့သော်ခုလိုဆောင်ရွက်ပေးလိုက်တဲ့အခါ ခိုင်းစေတာလေးတစ်ခုကို ဆောင်ရွက်ပေး
လိုက်ပြီဆိုရင် ဒီဆောင်ရွက်ပေးလိုက်တဲ့ ရှင်ရဟန်း၊ဆရာလေးစတဲ့ ပုဂ္ဂိုလ်အပေါ်ပိုပြီး
ကြည်ညိုသွားတာကြတော့ စစ်မှန်တဲ့ သဒ္ဓါတရားမျိုးမဟုတ်ဘူး။
မူလစစ်မှန်တဲ့ သဒ္ဓါတရားက ပျက်စီးပြီးတော့ နောက်ထပ်မစစ်မှန်တဲ့ သဒ္ဓါတရား
ပေါ်လာပြီဆိုလိုပါတယ်။ မူလစစ်မှန်နေတဲ့ သဒ္ဓါတရားကို ဖျက်စီးတာက
" ကုလဒူသက "၊မအပ်သောနည်းနဲ့ ရှာဖွေမိတဲ့ အတွက် " အနေသန "
ဆိုပြီးစာပေများမှာဖော်ပြထားပါတယ်။

ဒါ့ကြောင့်လူပုဂ္ဂိုလ်တွေက ရှင်ရဟန်း ၊သာမဏေ၊ဆရာလေးတွေကို ခိုင်းစေတာကို
ရှောင်ကြဉ်ကြပါ။ နောက်တစ်ခုက အမျိုးယုတ်တယ်
ဆိုတာ အဲ့ဒီလို သီလရှိတဲ့ ပုဂ္ဂိုလ်တွေကို ခိုင်းစေတဲ့ အတွက် နောက်ဘဝမှာ
ဒီကံတွေက အကျိုးပေးလာရင် မိမိတို့က အမျိုးယုတ်တဲ့ ဘဝကို
ရရှိနိုင်ပါတယ်။ ဆတ္တာသည် အရှင်ဥပါလိတို့လိုပေါ့ ၊ အရှင်ဥပါလိဟာ
ဝိနည်းအရာမှာ ဧတဒဂ်ရရှိမယ့် ပါရမီမျိုးစေ့ကောင်းတွေ ရှိခဲ့ပါတယ်။
တစ်ချိန်က သူတစ်ပါးတွေအပေါ်နှိပ်ကွက်ပြီး ဆက်ဆံခဲ့တဲ့အတွက်
အကုသိုလ်ကံက အကျိုးပေးတော့ ဒီလိုအမျိုးယုတ်တဲ့ဘဝကို ရရှိခဲ့ပါတယ်။

ခါးအနည်းငယ်ကုန်းနေတဲ့ ခုဇ္ဇုတ္တရာကို ကြည့်ပါ။ ဒီဘဝမှာ သောတာပတ္တိမဂ်ဉာဏ်
ဖိုလ်ဉာဏ်တည်ပြီး ဗဟုသုတရှိသူများတွင် အသာဆုံးဟု ချီးကျူးခံရသူလည်း ဖြစ်ပါတယ်။ သို့ပေမယ့် အတိတ်ဘဝတစ်ခုမှာ ခါးကုန်းသော ပစ္စေကဗုဒ္ဓါတစ်ပါးကို
လှောင်ပြောင်ခဲ့သောကြောင့်ဤဘဝတွင် ခါးကုန်းရရှာပါတယ်။
နောက်တစ်ခုက မိမိအိမ်ဆွမ်းခံကြွလာတဲ့ ရဟန္တာမတစ်ပါးအား တောက်တိုမယ်ရ
ခိုင်းစေဘူးသော အကုသိုလ်ကံကြောင့် ယခုဘဝတွင် ကျွန်မျိုးဖြစ်သော ဃောသက
သူဌေး၏အိမ်၌ နို့ငှားတိုက်သော နို့ထိန်း၏ သမီးဖြစ်ရတယ်။

ဃောသကသူဌေးက သူ၏သမီး သာမာဝတီကို ဥတေနမင်းထံ မိဖုရားအဖြစ် ဆက်သလိုက်တော့ သာမာဝတီ၏ အစေခံကျွန်အဖြစ် နန်းတွင်းသို့လိုက်ပါ အမှုထမ်းရပါတယ်။
သုမနပန်းသည်ထံမှ ပန်းများဝယ်ကာနေ့စဉ် သာမာဝတီကို ပန်းဆက်ရပါတယ်။
သုမနပန်းသည် သည် တစ်နေ့၌ ဘုရားအမှူးရှိသော သံဃာတော်တွေကို
ဆွမ်းကပ်ပွဲမှာ ခုဇ္ဇုတ္တရာသည် ဘုရားရှင်ရဲ့ တရားကိုနာပြီး သောတာပန်
တည်သွားခဲ့ပါတယ်။

သောတာပန်တည်သွားရတဲ့ အကြောင်းကတော့ ပစ္စေကဗုဒ္ဓါတို့အား ခ
စားလုပ်ကျွေးခဲ့ဘူးသော ကုသိုလ်ကံကြောင့် ယခုဘဝတွင် သောတာပတ္တိမဂ်ဖိုလ်
ကို အလွယ်တစ်ကူရရှိပြီး ထိုပစ္စေကဗုဒ္ဓါတို့အား ဆင်စွယ်လက်ကောက်ကို
လှူဒါန်းခဲ့တဲ့ကံကြောင့် ပညာရှိ သေက္ခပဋိသမ္ဘိဒါအတ္တ ဖြစ်ရပါတယ်။
သို့သော် ရဟန္တာမတစ်ပါးအား ခိုင်းစေဘူးသော အကုသိုလ်ကံကြောင့်
ယခုဘဝတွင် ကျွန်မျိုးဖြစ်ရတယ်။

ဒါကြောင့် မိမိတို့က အမျိုးယုတ်တဲ့ အမျိုးမဖြစ်ချင်ဘူးဆိုရင်
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ခိုင်းစေတဲ့ လုပ်ငန်းရပ်တွေကို
မပြုလုပ်ပါနဲ့တဲ့ ။
သတိရှိကြပါ။
.

(ဓမ္မ၊ဋ္ဌ၊၁။ ၁၃၃-၄)

" ဖားအောက်တောရဆရာတော် "

.
Thanks;
#ULL

Credit: Original upload

No comments:

Post a Comment