Monday, April 3, 2017

ရှင်သာရိပုတ္တရာမထေမြတ်

ရှင်သာရိပုတ္တ မထေရ်မြတ်
====================
ရှင်သာရိပုတ္တမထေရ်မြတ်ဟာ ဂေါတမဗုဒ္ဓမြတ်စွာရဲ့ (လက်ယာတော်ရံ) အဂ္ဂသာဝက
မထေရ်မြတ်ဖြစ်တယ်။ မထေရ်မြတ်ရဲ့ လူ့ဘ၀က အမည်ဟာ ဥပတိဿ လို့ခေါ်တယ်။ (M.i.150)
အဋ္ဌကထာ ဆရာတော်တွေကတော့ ဥပတိဿ ဆိုတာ ဇာတိရွာရဲ့အမည်ဖြစ်ပြီး သူဟာ အဲဒီရွာက အကြီးအကဲရဲ့အကြီးဆုံးသားဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အခြားကျမ်းတစ်ခုကတော့ သူ့ရဲ့ဇာတိရွာအမည်ဟာ ''နာဠက’’ လို့ဆိုထားတယ်။

မထေရ်မြတ်ရဲ့ ခမည်းတော်ဟာ ၀င်္ဂန္တ ဗြာဟ္မဏဖြစ်ပြီး (DhA.ii.84) မယ်တော်ကတော့ ရူပသာရီပုဏ္ဏေးမ ဖြစ်ပါတယ်။ မယ်တော် ရူပသာရီရဲ့ အမည်ကိုစွဲပြီး မထေရ်မြတ်ဟာ ‘‘သာရိပုတ္တ’’ လို့ထင်ရှားတာဖြစ်တယ်။သက္ကတကျမ်းဂန်တွေမှာတော့ မထေရ်မြတ်ရဲ့ ဘွဲ့တော်ကို "သာရိပုတြ’’၊ သာလိပုတြ’’၊ "သာရိဆုတ’’၊ “သာရဒွတိပုတြ’’ လို့တွေ့ရပါတယ်။ အပဒါန ပါဠိတော်မှာ မထေရ်မြတ်ကို ''သာရိသမ္ဘ၀’’လို့ ခေါ်ဝေါ်ထားတာကိုလည်းတွေ့ရတယ်။ (ii.480)"ဥပတိဿ     ''ဆိုတဲ့အမည်ကို ကျမ်းဂန်တွေထဲမှာ အင်မတန်အတွေ့ရနည်းတယ်။ မထေရ်မြတ်မှာ "စုန္ဒ၊ ဥပသေန၊ ရေ၀တ" (နောက်အခါ ခဒိရဝနိယ) ဆိုပြီး ညီတော် သုံးယောက်ရှိပြီးတော့ ၊ ''စာလာ၊ ဥပစာလာ၊ သီသူပစာလာ’’ ဆိုပြီး ညီမတော်သုံးယောက်ရှိတယ်။သူတို့အားလုံးဟာ ဗုဒ္ဓသာသနာတော်အတွင်းကို ၀င်ရောက်ခဲ့ကြတယ်။ (DhA.ii.188, cf.Mtu.iii.50). ကျမ်းဂန်များမှာ မထေရ်မြတ်ရဲ့ဦးလေးနဲ့ တူတော် တို့ကိုလည်း ဖော်ပြထားပြီး မထေရ်မြတ်ဟာ သူတို့နှစ်ယောက်စလုံးကို ဗုဒ္ဓမြတ်စွာ ထံမှောက်ခေါ် သွားလို့သူတို့ရဲ့ အယူမှားတွေကို ပျောက်ကွယ်စေခဲ့ပါတယ်။ (DhA.ii.230 2) ။ တူတော်ရဲ့ အမည်ကတော့ "ဥပရေ၀တ’’ ဖြစ်တယ်။ (SA.ii.175)
မထေရ်မြတ်အလောင်းလျာဟာ အလွန်ဥာဏ်ပညာထက်မြက်တော်မူပြီး ရှင်အဿ ဇိ မထေရ်မြတ်ထံကနေ တရားဂါထာတော်ရဲ့ပထမနှစ်ကြောင်းကို ကြားနာရရုံနဲ့ တပြိုက်နက် “သောတပန်’’ အရိယာ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ကောလိတ (အရှင်မောဂ္ဂလာန်မထေရ်) ဟာ သောတပန်ပုဂ္ဂိုလ်ဖြစ်ပြီး တဲ့နောက် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတဲ့ ဗုဒ္ဓမြတ်စွာကို ရှင်သာရိပုတ္တရာမထေရ်နဲ့ အတူ သွားရောက်ဖူးမြော်ချင်ပေမဲ့ ဆရာတွေရဲ့ ကျေးဇူးတရားကို အမြဲသိတတ်တဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ် က သူတို့ရဲ့ဆရာဖြစ်တဲ့ ''သဉ္စယ’’ ဆရာကြီးကို တွေ့ကြုံခဲ့ရတဲ့ ကောင်းမြတ်တဲ့ သတင်းစကားကိုပြောကြားပြီး အတူခေါ်ဆောင်သွားသင့်တယ်အကြံပြုခဲ့ပါတယ်။ သိုသော်လည်း ''သဉ္စယ’’ ဆရာကြီးဟာ သူတို့ရဲ့ခေါ်ဆောင်မူကို ငြင်းပယ်ခဲ့တယ်။
ရှင်မောဂ္ဂလာန် မထေရ်မြတ်ဟာ ရဟန်းပြုပြီး ခုနှစ်ရက်အကြာမှာ ရဟန္တာဖြစ်ခဲ့ပေမဲ့ ရှင်သာရိပုတ္တရာဟာ ရဟန္တာဖြစ်ဖို့ နှစ်ပါတ်တာကြာခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာနဲ့ အတူ ရာဇဂြိုလ်ပြည်က၊ သူကရခတလှိုဏ်မှာ သီတင်းသုံးတော်မူခိုက် ဗုဒ္ဓမြတ်စွာက ဒီဃနခ ပရိဗိုဇ်ကိုဟောကြားတော်မူတဲ့ ''ဝေဒနာပရိဂ္ဂဟ’’ သုတ္တံကိုကြားနာရပြီး ရဟန္တာဖြစ်တော်မူခဲ့တာပါ။ ဒီအကြောင်းတွေကို DhA.i.73 ff.; AA.i.88 ff.; ThagA.ii.93 ff. Ap.i.15ff စတဲ့ကျမ်းဂန်များမှာဖော်ပြထားပါတယ်။ မထေရ်မြတ်နှစ်ပါးရဲ့ ဗုဒ္ဓသာသနာတော်အတွင်း ၀င်ရောက်လာပုံအကြောင်းရာကို Vin.ii.38 ff. မှာတွေ့နိုင်ပါတယ်။
ဘိက္ခူ ၊ ဘိက္ခူ နီ သံဃာတော်တွေရဲ့ မျက်မှောက်မှာ ဗုဒ္ဓမြတ်စွာဟာ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို "ပညာကြီးကြတဲ့ ငါ့ရဲ့ တပည့်သာဝကရဟန်းတွေထဲမှာ သာရိပုတ္တရာသည် အသာဆုံး၊ အမြတ်ဆုံးဖြစ်ပေတယ်’’ လို့ ချီးကျူးမြွက်ကြားတော်မူပါတယ်။ (A.i.23) ပညာအရာမှာ ဗုဒ္ဓမြတ်စွာပြီးလျှင် အကြီးမြတ်ဆုံး၊ အသာဆုံးအဖြစ် ချီးမွမ်းခံရပါတယ်။ (SA.ii.45) မထေရ်မြတ်ရဲ့ ဥာဏ်ပညာကြီး ရင့်မူ ပေါ်လွင်ထင်ရှားဆုံးအချိန်ကတော့ ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည် ကနေသင်္ကဿမြို့တံခါး ဆင်းကြွတော်မူတဲ့အချိန်ဖြစ်တယ်။ အဲဒီမှာဗုဒ္ဓမြတ်စွာ မေးတော်မူတဲ့မေးခွန်းတွေကို ရှင်သာရိပုတ္တရာက လွဲပြီး ဘယ်သူမှမဖြေကြားနိုင်ဘူး။ သို့သော် အချို့မေးခွန်းတွေဟာဘုရားရှင်များသာ ဖြေကြားနိုင်တဲ့မေးခွန်း မျိုးတွေဖြစ်တယ်။ (DhA.iii.228 f.; cf. SNA.ii.570f.) ပြီးတော့ သတ္တ၀ါတွေရဲ့ ဣနြေ္ဒအနုအရင့်နှလုံးသွင်း၊ အဇ္ဈာသယကို လည်း ဗုဒ္ဓဘုရားရှင်တို့သာ သိနိုင်တယ်။ မထေရ်မြတ် မသိနိုင်ဘူး။ (DhA.iii.426; J.i.182) ဒါ့အပြင်သတ္တ၀ါတိုင်းအတွက် သင့်လျော်မှန်ကန်တဲ့ ကမ္မဋ္ဌာန်းတရားကိုလည်း ဗုဒ္ဓဘုရားရှင်တို့ သာ ဟောကြားပေးနိုင်တယ်။ (SNA.i.18)

သတ္တ၀ါတွေရဲ့ အတိတ်ဘ၀များစွာကိုလည်း ဗုဒ္ဓဘုရားရှင်တို့သာအကန့်အသတ်မရှိသိနိုင်ပါတယ်။ (SNA, ii.571)ကျမ်းဂန်တွေထဲမှာ ဗုဒ္ဓမြတ်စွာဟာ အခါအားလျော်စွာ တရားတော်ရဲ့ခေါင်းစဉ်အကြောင်းအရာကို သာ ဟောကြားပြီး ရှင်သာရိပုတ္တရာက အသေးစိတ်ဆက် လက်ဟောတော်ကြားတော်မူတယ်။ အဲလို မထေရ်မြတ်ဟောကြားတဲ့တရားတော်ကို ဗုဒ္ဓမြတ်စွာက သာဓုခေါ်တော်မူတယ်။ (e.g., M.i.13; iii.46, 55, 249) "သာရိပုတ္တ စကြ၀တေးမင်း၏ သားကြီးသည် ဖခင်၏ စကြာရတနာကို လည်ပတ်စေနိုင်သကဲ့သို့ သင်သည် ငါ လည်ပတ်စေသကဲ့ သို့ပင် မြတ်သောဓမ္မစက်ကို မှန်ကန်စွာ လည်ပတ်စေနိုင်ပေတယ်’’ စသည်ဖြင့် ဗုဒ္ဓမြတ်စွာကရှင်သာရိပုတ္တ မထေရ်ကို တရားနဲ့ပတ်သက်ပြီး ချီးမွမ်းတော်မူတဲ့ အကြောင်းများကို ကျမ်းဂန်တွေမှာ မှတ်တမ်း တင်ထားပါတယ်။

S.i.191; cf. SN.vs.556 f. ဒီသုတ္တံမှာ သေလပုဏ္ဏားက ဗုဒ္ဓမြတ်စွာကို ''ဆရာ့စကားကို လိုက်၍ အရှင်၏စကားကို နာယူသော စစ်သူကြီးကား အဘယ်သူပါနည်း’’ လို့မေးလျှောက်တဲ့အခါ ဓမ္မစက်ကို အတုလိုက်ပြီး လည်ပတ်စေနိုင်သူဟာ ရှင်သာရိပုတ္တ မထေရ်မြတ်ဖြစ်ကြောင်းဖြေကြားတော်မူ ပါတယ်။ (M.iii.29) ဒါကြောင့်မိုလို့ ရှင်အာနန္ဒာမထေရ်မြတ်ဟာ "ဓမ္မဘဏ္ဍာဂါရိက’’ လို့ထင်ရှားသလိုရှင်သာရိပုတ္တ မထေရ်မြတ်ဟာလည်း "ဓမ္မသေနာပတိ’’ လို့ထင်ရှားပါတယ်။ "အနုပဒသုတ္တံ’’ ဟာ ဗုဒ္ဓမြတ်စွာက ရှင်သာရိပုတ္တမထေရ်မြတ်ကို ရှည်လျားစွာ ချီးကျူးမြွက်ကြားထားတဲ့ သုတ္တံတစ်ခုဖြစ်ပါတယ်။ အဲဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက မထေရ်မြတ်ဟာ တပည့်သာဝကတွေထဲ မှာ မြတ်သောစံပြုထိုက်သူ၊ မြတ်သော သီလ၊ သမာဓိ၊ ပညာ၊ ကိလေသာမှလွတ်မြောက်မူတို့မှာ တဖက်ကမ်း ကူးမြောက်ပြီးသူ အဖြစ်ချီးကျူးမြွက်ကြားထားပါတယ်။

"မဟာဂေါသိင်္ဂသုတ်’’ မှာ "ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်းဖြစ်စေနိုင်သည်။ ရဟန်းသည် စိတ်အလိုအတိုင်း မဖြစ်။ ... ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်တောသည်တင့်တယ်နိုင်ရာပေ၏’’ လို့မထေရ်မြတ်က မိမိအမြင်ကို မိန့်ကြားထားပါတယ်။ ဒီမိန့်ကြားချက်ကို ဗုဒ္ဓမြတ်စွာက သာဓုခေါ်တော်မူပြီး "သာရိပုတ္တသည် စိတ်ကိုမိမိအလိုအတိုင်းဖြစ်စေ၏၊ သာရိပုတ္တသည် စိတ်၏ အလိုအတိုင်း မဖြစ်" လို့ချီးမွမ်းတော်မူပါတယ်။ သို့သော်လည်း ဗုဒ္ဓမြတ်စွာဟာရှင်သာရိပုတ္တမထေရ်မြတ်ကို ဆုံးမဖို့လိုအပ်တဲ့အခါမှာလည်း တုံ့ဆိုင်းတော်မမူပါဘူး။
ဥပမာ ဗုဒ္ဓမြတ်စွာကသာသနာတွင်း ၀င်ရောက်စ ရဟန်းသစ်တွေကို ဆူညံလို့ နှင်ထုတ်တုန်းက မထေရ်မြတ်က ဗုဒ္ဓမြတ်စွာရဲ့အလိုတော်ကို နားမလည်တဲ့အခါမှာ ၊ (M.i.459) နောက်တခါ ဗုဒ္ဓမြတ်စွာရဲ့ ၀စ္စကုဋီမှာ ရှင်ရာဟုလာ တစ်ညလုံး သီတင်းသုံးနေရလို့ ရှင်ရာဟုလာကို ကောင်းစွာ မစောင့်ရှောက်တဲ့အခါမှာဖြစ်ပါတယ်။ (J.i.161f.)

သစ္စ၀ိဘင်္ဂသုတ် မှာ ဗုဒ္ဓမြတ်စွာဟာ ရှင်သာရိပုတ္တမထေရ်မြတ်ကို ''မွေးမိခင်’’ နဲ့ တူတဲ့ဆရာအဖြစ် ဥပမာပေး တော်မူပါတယ်။ ရှင်မောဂ္ဂလာန်မထေရ်မြတ်ကိုတော့ ''ကျွေးမိခင်” အဖြစ် ဥပမာပေးတော်မူတယ်။ ရှင်သာရိပုတ္တရာမထေရ်မြတ် ဟာ သောတပတ္တိဖိုလ် ရအောင် ဟောကြားဆုံးမတော် မူတတ်ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ကတော့ အထက်ဖိုလ်များကို ရအောင် ဟောကြားဆုံးမတော်မူတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ (M.iii.248) "ပိဏ္ဍပါတ ပရိသုဒ္ဓိသုတ်’’ မှာ ဗုဒ္ဓမြတ်စွာဟာ ရှင်သာရိပုတ္တမထေရ်မြတ်ရဲ့ သုညတ
ဖလသမာပတ်နဲ့နေခြင်းကို ချီးမွမ်းတော်မူပြီး အဲဒီ ဖလသမာပတ်ပွားများပုံကိုလည်း ညွှန်ကြားဟောပြတော်မူပါတယ်။

အခြားထိုထိုသုတ္တံများမှာလည်း တရားဓမ္မအမျိုးမျိုးနဲ့ ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာက မထေရ်မြတ်ကို ညွှန်ကြားဟောပြတော်မူတယ်။မေးမြန်းစီစစ်တော်မူတယ်။ ဥပမာ အားဖြင့် "ဘူတ’’ တရားနဲ့ပတ်သက်ပြီး (S.ii.47f) မှာ၊ ဣနြေ္ဒငါးပါးနဲ့ပတ်သက်ပြီး (S.v.220f., 225f., 233f ) မှာ "သောတပတ္တိ’’ နဲ့ပတ်သက်ပြီး S.v.347 မှာ၊ ဈာန်တရားပွားများပုံနဲ့ပတ်သက်ပြီး(A.i.65) မှာ၊ အတ္တစွဲဖြုတ်ပုံနဲ့ပတ်သက်ပြီး (A.i.133) မှာ၊ လုပ်ငန်းလုပ်ကိုင်ရာမှာ အောင်မြင်ခြင်း၊ ကျရှုံးခြင်းအကြောင်းတရားများနဲ့ပတ်သက်ပြီး(A.ii.81f.) မှာ၊ အတ္တဘာဝ ရရှိပုံလေးမျိုးနဲ့ပတ်သက်ပြီး (A.ii.159)မှာ၊ တရားအားထုတ်ဖို့ စေ့ဆော် တွန်းခြင်း နည်းလမ်းတွေနဲ့ပတ်သက်ပြီး (A.iii.198) မှာ၊တပါးတည်းနေထိုင်ခြင်းကြောင့် ဖြစ်ပေါ်သော ပီတိချမ်းသာနဲ့ပတ်သက်ပြီး (A.iii.207) မှာ စသည်ဖြင့် သုတ္တံများစွာမှာတွေ့ရပါတယ်။အိမ်နေသူလူတို့ အတွက် မြတ်သော တရားဟောကြားခြင်းနဲ့ပတ်သက်ပြီး (211f.) မှာ၊ ရဟန်းတစ်ပါးအတွက် ၀ိပဿနာဥာဏ်တိုးပွားစေတဲ့ အရာ (၆) ပါးကို (424f.) မှာ၊ အလားတူ (၇) ပါး (A.iv.30)၊ ရဟန်းတစ်ပါးကို ချီးမွမ်းနိုင်ခြင်းရဲ့ အကြောင်းရင်း (၇) ပါး (35) ၊ရဟန်းတပါးမြတ်နိုးရိုသေထိုက်တဲ့ ၀တ္ထုများ၊ ပုဂ္ဂိုလ်များ (120f.)၊ အာသ၀တရာများ ကင်းစင်တဲ့ ရဟန်းတော်ရဲ့ ဂုဏ်ရည် (၈) ပါး (223 f.)သံယောဇဉ်မကုန်ဘဲ ဘ၀သစ်ပြန်လည်မွေးဖွား ရသော်လည်း အပါယ်ဘုံမှ ကင်းလွတ်ရသော ပုဂ္ဂိုလ် (၉) ယောက် (379 f.)၊ အာသ၀တရားများကို ပယ်ရှားဖျက်ဆီးပြီးသော ရဟန်းရဲ့ အား(၁၀) ပါး (A.v.174 f.)၊ စသည်ဖြင့် သုတ္တံများစွာ မှာ တွေ့ရပါတယ်။

ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ အခြားသီတင်းသုံးဖော်မထေရ်များ အချင်းချင်း တရား ဓမ္မမေးမြန်း၊ ဖြေကြားတော်မူတဲ့အကြောင်းရာတွေကိုလည်း ထိုထို သုတ္တံများမှာတွေ့ရတယ်။ မဟာကောဋ္ဌိက မထေရ်မြတ်က အရှင်သာရိပုတ္တမထေရ်မြတ်ကို အောက်ပါတရားဓမ္မများနဲ့ ပတ်သက်ပြီး မေးမြန်းတော်မူတဲ့အကြောင်း သုတ္တံများမှာ မှတ်တမ်းတင်ထားပါတယ်။ "ကမ္မ’’ (S.ii.112 f.)၊ "ယောနိသောမနသိကာရ’’ S.iii.176 f၊ "အ၀ိဇ္ဇာနဲ့ ၀ိဇ္ဇာ’’ (ibid., 172 f.) အာရုံအနှောင် အဖွဲ့တွေနဲ့ပတ်သက်ပြီး (S.iv.162 f.)“အဗျာကတတရားများ’’ နဲ့ ပတ်သက်ပြီး(ibid., 384 f.)၊ ဖဿခြောက်ပါးမှာ ခံစားမူချုပ်ပြီးတဲ့နောက် ကျန်ရှိနေတဲ့အရာနဲ့ပတ်သက်ပြီး(A.ii.161) ရဟန်းတွေ ဗုဒ္ဓမြတ်စွာထံမှောက်မှာ ဗြဟ္မာစရိယကျင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး (A.iv.382) "မဟာဝေဒလ္လသုတ်’’ ဟာ ရှင်သာရိပုတ္တမထေရ်ကနေ ရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကို ဟောကြားထားတဲ့ ရှည်လျားတဲ့ သုတ္တံတစ်ခုဖြစ်တယ်။ (M.i.292 ff.) ပြီးတော့ ရှင်မဟာကဿပ မထေရ်မြတ်ကို "အာတာပီ၊ သြတ္တာပီ’’(S.ii.195f.)နဲ့ပတ်သက်ပြီးမေးမြန်းတော်မူကြောင်း၊ ရှင်အနုရုန္ဓမထေရ်မြတ်ကို "သေက္ခ’’ နဲ့ပတ်သက်ပြီး မေးမြန်းတော်မူကြောင်းကို လည်းမှတ်တမ်းတင်ထားပါတယ်။ (S.v.174 f., 298f.) တခါတော့ ရှင်အနုရုန္ဓမထေရ်မြတ်က ရှင်သာရိပုတ္တမထေရ်မြတ်ကိုလောကဓါတ်တစ်ထောင်ကိုမြင်နိုင်တယ်။

မတွန့်ဆုတ်တဲ့ လုံ့လရှိပြီး သတိထင်ရှားလျက် စိတ်ဟာ အာရုံတစ်ခုတည်းမှာကောင်းစွာတည်တယ်၊ သို့ဖြစ်ပါလျက် ကျွန်ုပ်ရဲ့စိတ်ဟာ တဏှာ၊ ဒိဋ္ဌိတို့နဲ့ မစွဲလမ်းဘဲ အသဝေါတရားတွေကနေ မလွတ်ကင်းနိုင်ဖြစ်နေပါတယ် လို့လျှောက်ထားတဲ့အခါ မထေရ်မြတ်က "လောကဓါတ်တစ်ထောင်ကို မြင်နိုင်တယ်’’ လို့ဆိုတာ "မာန’’ ဖြစ်နေကြောင်း၊ ငါဟာလုံ့လထုတ်ပြီးပြီ သတိထင်ရှားပြီး စိတ်ဟာ အာရုံတစ်ခုမှာဘဲ တည်နေတယ်ဆိုတဲ့ ကြံစည်တွေးတေားမူဟာ "စိတ်ပျံ့လွင့်မူ’’ "ဥဒ္ဓစ္စ"  ဖြစ်နေကြောင်း၊ ထို့သို့ဖြစ်လျက် ငါ့စိတ်ဟာ တဏှာ၊ ဒိဋ္ဌိတို့နဲ့ မစွဲလမ်းဘဲ အသဝေါတရားတွေကနေ မလွတ်ကင်းနိုင်ဖြစ်နေတယ် လို့တွေးတောခြင်းသည် "သံသယ၊ ကုက္ကုစ္စ’’ ဖြစ်နေကြောင်း အဲဒီတရားတွေကို ပယ်စွန့်ဖို့လိုကြောင်း လမ်းညွှန်ဟောကြားတော်မူလို့ အရှင်အနုရုန္ဓမထေရ်မြတ်ဟာ လမ်းညွှန်တဲ့အတိုင်း ကျင့်ကြံအားထုတ်ခြင်းဖြင့် အရဟတ္တမဂ်ဥာဏ်ကို ရရှိသွားကြောင်း မှတ်တမ်းတင်ထားပါတယ်။

ရှင်မောဂ္ဂလာန်မထေရ် မြတ်က ရှင်သာရိပုတ္တမထေရ်မြတ်ကို ကိလေသာအညစ်အကြေးတွေကင်းစင်မူ နဲ့ပတ်သက်ပြီး မေးမြန်းတော်မူတဲ့အကြောင်းကို "အနင်္ဂဏသုတ်’’ မှာမှတ်တမ်းတင်ထားပါတယ်။ “ဂေါလိယာနိသုတ်” မှာ ရှင်သာရိပုတ္တမထေရ်မြတ်က တောကျောင်းနေရဟန်းတွေ ကျင့်သုံးအပ်တဲ့ တရား (၁၆) ပါးကို ဟောကြားတဲ့အခါ သုတ်တော်ရဲ့အဆုံးမှာ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် က တောကျောင်းရဟန်းများသာကျင့်အပ်ပါသလားလို့မေးမြန်းတော်မူတဲ့အခါ မထေရ်မြတ်က ထိုသို့မဟုတ် မြို့နေရဟန်းများလည်းကျင့်အပ်ကြောင်းဟောကြားတော်မူကြောင်း ကိုမှတ်တမ်းတင်ထားပါတယ်။

"ဗောဇ္ဈင်’’ တရားတွေနဲ့ပတ်သက်ပြီး ရှင်သာရိပုတ္တက ရှင်ဥပ၀ါဏမထေရ်မြတ်ကို မေးမြန်းတော်မူတယ်။ ရှင်အာနန္ဒာက မထေရ်မြတ်ကို သောတ္တပတ္တိမဂ်ဖြစ်ပုံ၊ အချို့ပုဂ္ဂိုလ်တွေဟာ မျက်မှောက်ဘ၀မှာ ကိလေသာတွေက လွတ်မြောက်ပြီး အချို့မလွတ်မြောက်ကြတဲ့အကြောင်း ရင်း၊ ပြည့်စုံစင်ကြယ်တဲ့ သမာဓိတရားရရှိကြောင်းတို့နဲ့ ပတ်သက်ပြီး မထေရ်မြတ်ကို မေးမြန်းတော်မူကြောင်းတွေ့ရပါတယ်။ ရှင်အာနန္ဒာမထေရ်မြတ်က တရားဓမ္မတွေနဲ့ ပတ်သက်ပြီး လျင်မြန်စွာသိရှိနားလည်နိုင် ခြင်း အကြောင်းနဲ့ ရဟန်းတပါးဟာ အသစ်ဖြစ်တဲ့ တရားဓမ္မတွေကို သင်ယူလေ့လာပုံနည်းလမ်း၊ လေ့လာပြီး ဆောင်ထားပြီး တရားဓမ္မတွေကို ရောထွေးမသွားအောင်ဘယ်လို ဆောင်ထားရပါမလဲလို့ မေးမြန်းတော်မူတဲ့အခါ ရှင်သာရိပုတ္တမထေရ်မြတ်က ရှင်အာနန္ဒာကိုယ်တော်မြတ်ကို ကိုယ်တိုင် ဖြေကြားစေပြီး အဖြေရဲ့ အဆုံးမှာ သာဓုခေါ်တော်မူပါတယ်။ "ရထ၀ိနီတသုတ်’’ မှာ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ ပုဏ္ဏမန္တာနီပုတ္တမထေရ်တို့ရဲ့ တရားဆွေးနွေးမူကို မှတ်တမ်းတင်ထားပါတယ်။ မထေရ်မြတ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ချီးမွမ်းခြင်းကိုခံရတဲ့ ပုဏ္ဏမထေရ်မြတ်ကို အလွန်လေးစားကြည်ညိုတော်မူတယ်။ ပုဏ္ဏမထေရ်မြတ် သာဝတ္ထိကိုကြွလာရင် သတိပေးဖို့မှာကြား ထားပြီး မထေရ်မြတ်ကြွလာတဲ့သတင်းကြားတာနဲ့ ချက်ချင်းသွားရောက်တွေ့ ဆုံတော်မူတယ်။ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ တရားဓမ္မဆွေးနွေးကြတဲ့ အခြား မထေရ်မြတ်တွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ ဥပမာ၊ သမိဒ္ဓိမထေရ်၊ ယမကမထေရ်၊ လာလုဒါယီမထေရ်နဲ့ စန္ဒိကာပုတ္တမထေရ်တို့ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တွေထဲမှာ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ တရားဓမ္မဆွေးနွေးကြတဲ့သူတွေကတော့ အတုလ၊ နကုလပိတာ၊ ဓနဉ္ဖာနီပုဏ္ဏား၊ သီဝလိ (ဖွားတော်မူပြီးစ) တို့ ဖြစ်တယ်။ ပရိဗိုဇ်တွေ လည်း အရှင်မြတ်နဲ့ တရားဓမ္မတွေဆွေးနွေးပုံကို မှတ်တမ်းတင်ထားတယ်။

ဥပမာ - ဇမ္ဗုခါဒက၊ သာမန္ဒက၊ ပသူရ ပရိဗိုဇ်တို့ဖြစ်ပြီး ပရိဗိုဇ်မတွေကတော့ သစ္စာ၊ လောလာ၊ အ၀၀ါဒကာ၊ ပဋာစာရာ၊ ကုဏ္ဍလကေသီ တို့ဖြစ်တယ်။ အရှင်မြတ်ဟာ ပရိဗိုဇ်တွေထံ သွားရောက်ပြီး တရားဓမ္မ၊ အယူဝါဒတွေကိုဆွေးနွေးကြောင်းကိုလည်းမှတ်တမ်းတင် ထားပါတယ်။ သံဃာ့အဖွဲ့စည်းကို ညီညွတ်အောင်၊ ချမ်းသာအောင် စောင့်ရှောက်ဖို့တာဝန်ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဂ္ဂ သာဝကဖြစ်တော်မူတဲ့ ရှင်သာရိပုတ္တမထေရ်မြတ်ရဲ့ အထူးတာဝန်ကြောင့် ကြစိုက်တော်မူတဲ့ တာဝန် တစ်ရပ်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ရှင်ဒေ၀ဒတ်နဲ့ အတူပါသွားတဲ့ ရဟန်းတော်တွေ ပြန်လည်ခေါ် ဆောင်ဖို့တာဝန်ကို ရှင်မောဂ္ဂလာန်မထေရ်မြတ်နဲ့အတူ အပ်နှင်းခြင်းခံရပါတယ်။ သိုပေမဲ့ အရှင်မြတ်ရဲ့ ဆုံးမဟောကြားမူတွေတိုင်းဟာ ရဟန်းသံဃာတိုင်းကိုတော့ နှစ်သက်သဘောကျခြင်းမဖြစ်စေခဲ့ပါဘူး။ ဥပမာ၊ အဿဇိ ပုနဗ္ဗသုကာ၊ နောက်တော့ ဆဗ္ဗဂီယ ရဟန်းတွေ (အရှင်မြတ်ကို အငြိုးထားပြီး မဟုတ်မမှန်စွပ်စွဲ အပုပ်ချတာ) ၊ ကောကာလိကနဲ့ ဆန္န တို့ဖြစ်ပါတယ်။

ဆန္နမထေရ် မိမိကိုယ်ကို သတ်ဖို့ လုပ်တဲ့အခါ ရှင်သာရိပုတ္တက မလုပ်ဖို့ တားမြစ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သို့ပေမဲ့ ရဟန်းတော်တွေဟာ အခက်ခဲတွေနဲ့ ကြုံတွေ့လာရင် ရှင်သာရိပုတ္တထံကနေ အကြံဥာဏ် တောင်းခံတတ်ကြပါတယ်။ ဥပမာ သံယုတ္တနိကာယ်မှာ ရဟန်းတစ်ပါးဟာ သူ့ရဲ့ သီတင်းသုံးဖော် မိတ်ဆွေ လူထွက်သွားတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြုသင့်ပါသလဲလို့ မထေရ်မြတ်ကို မေးလျှောက်ကြောင်း တွေ့ရတယ်။

ကောသမ္ဗီရဟန်းတွေ အငြင်းအခုံဖြစ်၊ ဂိုဏ်းကွဲကြတာနဲ့ ပတ်သက်ပြီး မထေရ်မြတ်ဟာ အလွန်ကြောင့်ကြစိုက်တော်မူပါတယ်။ ဒီ အဓိကရုဏ်းကြီးကို ဘယ်လိုငြိမ်းအေးစေ မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာကို မေးလျှောက်တော်မူကြောင်းမှတ်တမ်းတင်ထားပါတယ်။ မထေရ်မြတ်ဟာ ဗုဒ္ဓမြတ်စွာ ပညတ်တော်မူတဲ့ ၀ိနည်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အလွန်ဂရုပြု လိုက်နာတော်မူပါတယ်။

ဒါကြောင့်မို့လို့ ရဟန်းတော်တစ်ပါးဟာ သာမဏေတစ်ပါးကိုသာ ၀တ်ပေးခွင့် ရှိတယ်ဆိုတဲ့ ၀ိနည်းစည်းကမ်းကို ချမှတ်ထားတဲ့ အခါတုန်းက အရှင်မြတ်ဟာ ကျေးဇူးမကင်းတဲ့ မိသားစုတစ်ခုက သူတို့ရဲ့သားကို သာမဏေပြုပေးပါရန်လျှောက်ထားတောင်းပန်မူကို ငြင်းပယ်ခဲ့ ပါတယ်။ ဗုဒ္ဓမြတ်စွာက အဲဒီဝိနည်းစည်းကမ်းကို ပြင်ဆင်ပညတ်တော်မူမှ သာ လက်ခံတော်မူ ခဲ့ပါတယ်။

နောက်တစ်ခါ ရဟန်းတွေကို မြတ်စွာဘုရားက (လသုဏ) ကြက်သွန်ဖြူကို မစားဖို့ ၀ိနည်းပညတ်တော်မူတဲ့အခါ မထေရ်မြတ်မှာ ရောဂါဝေဒနာတစ်ခုခံစားနေရလို့ ကြက်သွန်ဖြူကို စားမှသာ သက်သာမယ်သိပေဖို့ ဗုဒ္ဓမြတ်စွာက စားခွင့်ပြုမှသာ စားတော်မူခဲ့ပါတယ်။ တခါတုန်းကလည်း ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ဧည့်သည်တည်းခိုဖို့ ဇရပ်တစ်ခုက ဆွမ်းကို ဘုဉ်းပေးသုံးဆောင်အပြီးမှာ ကြမ်းတမ်းတဲ့ ရောဂါဝေဒနာတစ်ခု နှိပ်စက်လို့ အဲဒီ ဇရပ်မှာဘဲ တစ်ညဥ့်တာ သီတင်းသုံးတော်မူရတယ်လို့ ဆိုတယ်။

တစ်ညဥ့်တာကုန်သွားလို့ နောက်တစ်ရက်မှာ ဧည့်သည်ဇရပ်က ဆွမ်းထပ်မံကပ်တဲ့အခါ သုံးဆောင်တော်မမူဘူးလို့ ဆိုတယ်။ အကြောင်းကတော့ မြတ်စွာဘုရားရှင်ဟာ ဧည့်သည်ဇရပ်ကကပ်လှူတဲ့ဆွမ်းကို တစ်ကြိမ်တစ်ခါသာ သုံးဆောင်အပ်တယ်လို့ ပညတ်တော်မူထားတဲ့ အတွက်ကြောင့်ဖြစ်တယ်။ ဒီအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူတဲ့အခါ ၀ိနည်းသိက္ခာပုဒ်တော်ကိုအနုပညတ်ချက်ထပ်မံဖြည့်စွက်ပြီး နာမကျန်းဖြစ်တဲ့အခါ တစ်ကြိမ်ထက်ပိုလွန်သုံးဆောင်ဖို့ ခွင့်ရှိတယ် လို့ ပြင်ဆင် ပညတ်တော်မူတယ်။

ဓမ္မပဒ အဋ္ဌကထာမှာတော့ အရှင်မြတ်ဟာ သူနေထိုင်ရာကျောင်းတိုက်မှာ ရဟန်းတော်တွေ အားလုံးဆွမ်းခံထွက် တဲ့အခါ အကယ်၍ အယူတပါးအခြားပုဂ္ဂိုလ်တွေမြင်တွေ့လို့ရှိရင် ကဲ့ရဲ့ဖွယ်ဖြစ်မည်စိုးတဲ့အတွက်ကြောင့်ကျောင်းတိုက်အနှံ့ အမှိုက်တွေရှိနေရင် တံမြက်လှဲကျင်းတယ်၊ ရေအိုးတွေ ရေမရှိတာတွေ့ရင် ကိုယ်တိုင်ခပ်ယူဖြည့်တော်မူတယ်။ စည်းကမ်းတကျမရှိတဲ့အသုံးဆောင်ပစ္စည်းတွေကို စနစ်တကျသိမ်းဆည်းတော်မူတယ်၊ ပြီးမှ ကိုယ်တော်မြတ်ဟာဆွမ်းခံကြွတော်မူတယ်လို့ တွေ့ရပါတယ်။ ‘’ရထ၀ိနီတသုတ်’’ မှာ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ ပုဏ္ဏမန္တာနီပုတ္တမထေရ်တို့ရဲ့ တရားဆွေးနွေးမူကို မှတ်တမ်းတင်ထားပါတယ်။ မထေရ်မြတ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ချီးမွမ်းခြင်းကိုခံရတဲ့ ပုဏ္ဏမထေရ်မြတ်ကိုအ လွန်လေးစားကြည်ညိုတော်မူတယ်။ ပုဏ္ဏမထေရ်မြတ် သာဝတ္ထိကိုကြွလာရင် သတိပေးဖို့မှာကြားထားပြီး မထေရ်မြတ်ကြွလာတဲ့သတင်းကြားတာနဲ့ ချက်ချင်းသွားရောက်တွေ့ဆုံတော်မူ တယ်။ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ တရားဓမ္မဆွေးနွေးကြတဲ့ အခြား မထေရ်မြတ်တွေကိုလည်းမှတ်တမ်း တင်ထားပါတယ်။ ဥပမာ၊ သမိဒ္ဓိမထေရ်၊ ယမကမထေရ်၊ လာလုဒါယီမထေရ်နဲ့စန္ဒိကာပုတ္တ မထေရ်တို့ဖြစ်တယ်။

‘‘ဉာဏ်ဖြင့် အမှတ်အသားထားအပ်သည်ရှိသော် ဂင်္ဂါမြစ်၌သဲသည် ကုန်ရာ၏။ သာရိပုတြာ၏ပညာအပိုင်းအခြား
သည်ရေတွက်၍ မဖြစ်ကောင်းသည်သာတည်း’’
(ထေရအပါဒါန်)

‘‘စကြာဝဠာ ကုဋေတသိန်းရှိသော ဗုဒ္ဓခေတ်၌ ရှိသမျှသော သတ္တ၀ါအပေါင်းတို့တွင် မြတ်စွာဘုရားကိုထား၍ ကျွန်ုပ်သည်ပညာအားဖြင့် အမြတ်ဆုံးဖြစ်၏။ ကျွန်ုပ်နှင့်တူသောသူသည် မရှိ’’
(ထေရအပါဒါန်)

ရှင်သာရိပုတ္တမထေရ်မြတ်ဟာ သာသနာမှာ မြတ်စွာဘုရားပြီးရင် ပညာအကြီးမြတ်ဆုံးဖြစ်ပေမဲ့ အခြားသံဃာတော်တွေကိုအလွန်ငဲ့ညှာတော်မူတယ်။တခါတုန်းက မြတ်စွာဘုရားဟာ ဝေသာလီကနေ
သာဝတ္ထိ ကို ပြန်ကြွချီတော်မူတယ်။ ကြွချီတော်မူရာ လမ်းတစ်လျှောက်မှာအရှင်မြတ်ဟာ နာမကျန်းဖြစ်တဲ့သံဃာတော်တွေ၊ အသက်ရွယ်ကြီးတဲ့ သံဃာတော်တွေကို ကူညီစောင့်မရင်း သံဃာတော်များစွာရဲ့ နောက်ဆုံးမှ ကြွချီတော်မူလာပါတယ်။ ဆဗ္ဗဂ္ဂီ ရဟန်းတွေ ကတော့ မြတ်စွာဘုရားနဲ့သံဃာတော်တွေရဲ့ ရှေ့က အရင်ကြွသွားနှင့်ပြီး တည်းခိုဖို့ ကျောင်း၊ အိပ်ယာနေရာတွေကို အရင်ဦးထားနှင့်ပါတယ်။ ဒီလိုဦးထားနှင့်တဲ့အတွက် နောက်ဆုံးက ရှင်သာရိပုတ္တ မထေရ်မြတ်ကြွလာတဲ့ အခါ သီတင်းသုံးစရာ မရှိတော့ပါဘူး။ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့ တပည့်သံဃာတွေထဲမှာ အကြီးမြတ်ဆုံး ပုဂ္ဂိလ်ကြီးဖြစ်ပေမဲ့ မိမိအတွက် အထူးနေရာယူတော်မမူဘူး။ သစ်ပင်တစ်ပင်ရင်းမှာသာ တစ်ညလုံးထိုင်လျက် သီတင်းတော်မူပါသတဲ့။ ဒီအကြောင်းကို ၀ိနည်း စူဠ၀ါပါဠိတော်နဲ့ အဋ္ဌကထာမှာ မှတ်တမ်းတင်ထားပါတယ်။

ရှင်သာရိပုတ္တမထေရ်မြတ်ဟာ သူတပါးရဲ့ဂုဏ်ကျေးဇူးကိုလည်းချီးမွမ်းဖို့လည်း ၀န်လေးတော် မမူဘူး။မိမိကိုယ်ကိုလည်းနှိမ့်ချတော်မူတယ်။ ရှင်မောဂ္ဂလာန် မထေရ်မြတ်ကို ‘‘ငါ့ရှင် ကျွန်ုပ်တို့ အရှင်ဘုရား အနားမှာ ရှိနေတာဟာကျောက်စရစ်ခဲကို ဟိမန္တာတောင်ထွတ်နားမှာ ချထားသလိုပါဘဲ။ အရှင်ဘုရားဟာ တန်ခိုးကြီးလှပါပေ တယ်။အာနုဘော်ကြီးလှပါပေတယ်’’ လို့ ချီးမွမ်းတော်မူပါတယ်။ (သံယုတ်) နောက်တခါ ထေရအပါဒါန်မှာ  ကိုယ်တော်မြတ် ကိုယ်တိုင်မိန်ကြားထားပြန်ပါတယ်။

‘‘အကြင်ပုဂ္ဂိုလ်သည်အကြားအမြင်များသောသူလည်းဖြစ်၏။ လျင်မြန်သောပညာလည်းရှိ၏။ သီလတို့၌ ကောင်းစွာဆောက်တည်ထား သူလည်း ဖြစ်၏။ စိတ်ကို ကောင်းစွာထားခြင်းနှင့် ယှဉ်သူလည်း ဖြစ်၏။ ထိုသို့သော ပုဂ္ဂိုလ်သည် ကျွန်ုပ်၏ ဦးထက်၌ သော်လည်း တည်ပါစေသတည်း’’ လို့ မိန့်တော်မူပါတယ်။

အရှင်မြတ်ဟာသနားကရုဏာတော်နှင့်လည်းပြည့်စုံတော်မူတယ်။ တခါတုန်းက အရှင်မြတ်ရဲ့ဘ၀ဟောင်းတစ်ခုမှာ မိ ခင်တော်စပ်ခဲ့ဘူးတဲ့ ပြိတ္တာမကြီးတစ်ဦးက အရှင်မြတ်ကို
သူ့အတွက် အလှူပြုပေးဖို့ တောင်းပန်လျှောက်ထားတဲ့အခါ အပ်စပ်တဲ့ အလှူဝတ္ထုတွေကို စီမံပြီး လှူဒါန်းပေးတော်မူတဲ့အတွက်ကြောင့် ပြိတ္တာဘ၀ကနေ ကျွတ်လွတ်ပြီးနတ်သမီး ဘ၀ကို ရောက်ရှိသွားကြောင်း ပေတ၀တ္ထုမှာမှတ်တမ်းတင်ထားပါတယ်။ဓမ္မအဋ္ဌကထာမှာလာတဲ့တမ္ဗဒါဌိက သူသတ်သမားကြီး ၀တ္ထုဟာလည်း ထင်ရှားတယ်။ နှစ်ပေါင်း (၅၅) နှစ်ကြာ သူသတ်ယောက်ျားအဖြစ် အမှုထမ်းလာတဲ့ သူသတ်သမားကြီး သေချာပေါက်အပါယ်လားရမှာ သိတော်မူတဲ့ အရှင်မြတ်ဟာသမာပတ်က ထတော်မူပြီး ဆွမ်းအလှူခံတော်မူပါတယ်။ ဆွမ်းအနုမောဒနာ တရားချီးမြှောက်တော်မူတယ်။သူသတ်သမားကြီးဟာ အရှင်မြတ် ကို ဆွမ်းလှူဒါန်းပြီး တရားနာကြားရတဲ့ ကောင်းမူကြောင့် တုသိတာ နတ်ပြည် ရောက်ရှိ သွားတယ်။

အရှင်မြတ်ဟာ လွန်ကဲတဲ့ သည်းခံခြင်း ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေတယ်။ တခါကမိစ္ဆာဒိဋ္ဌိပုဏ္ဏားတစ်ယောက်ဟာ အရှင်မြတ်ရဲ့ သည်းခံခြင်းဂုဏ်ကို စမ်းကြည့်ချင်စိတ်နဲ့ အရှင်မြတ် ဆွမ်းခံကြွတော်မူစဉ်မှာကျောကို ပြင်းထန်စွာ ထုသတဲ့။ အရှင်မြတ်ဟာ ဘာမှ မတုံ့ပြန်ဘဲ ဆွမ်းခံ ဆက်ကြွတော်မူတယ်လို့ ဓမ္မပဒအဋ္ဌကထာမှာ မှတ်တမ်းတင်ထားပါတယ်။

ဒီလို သည်းခံခြင်းဂုဏ်ကို အရှင်မြတ်ဟာ မြတ်စွာဘုရားကိုကိုယ်တော်တိုင်ထုတ်ဖော်လျှောက် ထားကြောင်းအဂုင်္တ္တ ရနိကာယ်က ‘‘သီဟနာဒ’’ သုတ်မှာတွေ့ရပါတယ်။

‘‘အရှင်ဘုရား မြေကြီး၌ စင်ကြယ်သော ၀တ္ထုကိုလည်း ချပါ၏။ မစင်ကြယ်သော ၀တ္ထုကိုလည်း ချပါ၏။ ကျင်ကြီးကိုလည်း စွန့်ချကုန်၏။ ကျင်ငယ်ကိုလည်း စွန့်ချကုန်၏။ တံထွေးကို လည်း  ထွေးကုန်၏။ပြည်ကိုလည်း သွန်ကုန်၏။ သွေးကိုလည်း သွန်ကုန်၏။ မြေကြီးသည် ထိုသို့ ချထားခံရသဖြင့်မငြိုငြင် ၊ မရှက်နိုး၊ မစက်ဆုပ် သကဲ့သို့၊ အရှင်ဘုရား ဤကဲ့သို့ပင် ပြန့်ပြောမြင့်မြတ်၍အတိုင်းအရှည်မရှိသော၊ ရ

Credit: Original upload

No comments:

Post a Comment