ငါးရာ့ငါးဆယ်ဇာတ်တော်၌ အလောင်းတော်၏ တိရစ္ဆာန် ဘဝဖြစ်စဉ်
⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄
က) တစ်ဘဝစီသာဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁.. ခေါက်ရှာငှက်
၂.. ဘီလုံးငှက်
၃.. တင်ကျီးငှက်
၎.. သစ်တောက်ငှက်
၅.. ဖား
၆.. ကျွဲ
၇.. ယုန်
၈.. စာ
၉.. ဝက်
၁၀.. ကိန္နရာ
၁၁.. ဝံလိုငှက် ( ၁၁ ဘဝ)
ခ) နှစ်ဘဝဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁.. ကျီး
၂.. ခါ
၃.. ကြက်
၎.. ကြွက်
၅.. စက္ကဝက်
၆.. ဥသြ
၇.. ဂဠုန် (၇မျိုး.. ၁၄ ဘဝ)
ဂ) သုံးကြိမ်ဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁.. ခွေး
၂.. ဥဒေါင်း.
၃.. ဆတ်
၎.. ဖွတ်
၅.. ငါး (( ၅မျိုး.. (၁၅) ဘဝ))
ဃ) လေးကြိမ် (၄ဘဝ) ဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁.. လင်းတ
၂.. ငုံး
၃.. မြင်း
၎.. နဂါး (( ၄မျိုး..( ၁၆ ) ဘဝ))
င) ငါးကြိမ် (၅ဘဝ) ဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁.. ခို
၂.. နွား ( ၂မျိုး... (၁၀ )ဘဝ))
စ) ခုနစ်ကြိမ် ( ၇ ဘဝ) ဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁.. ဆင်.. (( ၁မျိုး.. ၇ ဘဝ))
ဆ) ကိုးကြိမ် ( ၉ ဘဝ) ဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁.. ကျေးသား
၂.. သမင် (( ၂မျိုး.. (၁၈) ဘဝ))
ဇ) ဆယ်ကြိမ် ( ၁၀ ဘဝ) ဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁..ဟင်္သာ
၂.. ခြသေ့င်္ (( ၂မျိုး.. ဘဝ (၂၀))
ဈ) တစ်ဆယ့်နှစ်ကြိမ် (၁၂ ဘဝ) ဖြစ်သော တိရစ္ဆာန်အမျိုးအစား
၁..မျောက် ( ၁ မျိုးသာ.. ၁၂ ဘဝ)
မှတ်ချက်..၅၅၀ဇာတ်တော်၌ ၆ကြိမ်၊ ၈ကြိမ်၊ ၁၁ က်ြမ်ဖြစ်သော တိရစ္ဆာန်ဘဝမရှိပါ။ အားလုံးပေါင်းသော်.. တစ်ရာ့နှစ်ဆယ့်သုံးဘဝ ( ၁၂၃ ဘဝ)
ထို့ပြင် ဧကနိပါတ်
(၁) သကုဏဇာတ်
(၂) ဃတာသနဇာတ်
(၃) အနုသာသိကဇာတ်
(၄) ဆက္ကနိပါတ်၊ ဓမ္မဓဇဇာတ်.. ထိုဇာတ်ပေါင်း၌ လာသော ”ငှက်မင်း” သာမန်( ၄ ဘဝ) နှင့်ပေါင်းလျှင် (၁၂၇ ဘဝ) ရ၏။
ထိုမှတစ်ပါး လက္ခဏသုတ် အဖွင့်တွင်လာသော ” ရှဥ့်မင်း” တစ်ဘဝ၊
ဗုဒ္ဓဝင်ကျမ်းတွင်လာသော ခြသေ့င်္မင်း တစ်ဘဝ၊
နဂါးမင်း နှစ်ဘဝ၊
မဟာကုဏာလ ဇာတ်တော်လာ ဂဠုန်မင်း တစ်ဘဝ၊
ဤသို့ အပို (၅) ဘဝနှင့်ပေါင်းလျှင် စုစုပေါင်း (၁၃၂)ဘဝ တိတိရရှိသည်။ (၁၃၆) ဘဝမဟုတ်ပါ။
တိရစ္ဆာန်မျိုး၌ အလောင်းတော်ဘဝ၏ တကယ့်ဖြစ်ရပ်မှန်ကို အကျဉ်းချုပ်ရေးသားထားသော မုံရွေးဇေတဝန်ဆရာတော်၏ လင်္ကာကို ဖော်ပြလိုက်ပါသည်...
”” မဟာသမ္ဘရ ၊ ပုညမြုတေ၊
လျှမ်းလျှမ်းဝေသား၊ ကျက်သရေစုပေါင်း၊
ဗောဓိလောင်းလျှင်၊ ဆုတောင်းဝသီ၊
ပါရမီကုသလာ၊ ဆည်းပူးခါ၌၊
ခေါက်ရှာတစ်ထုံး၊ ဗီလုံးတင် ကျီး၊
နည်းမှီသစ်တောက်၊ ထို့နောက်တစ်ကွဲ၊
ဖား၊ ကျွဲ၊ ယုန်, စာ,ကိန္နရာ ၊
ဝက်၊ ဝံလိုငှက်တည့်၊ ဆယ့်တစ်ချက်မှာ၊
တစ်ကြိမ်သာရှင့်....
ကျီး,ခါ, ကြက်,ကြွက်၊
စက္ကဝက်, ဥသြ၊ ဂဠုန်နှော၍၊
ပေါင်းသောအားဖြင့်၊
ခုနစ်ပါးသည်၊ နှစ်ကြိမ် တည်၏
တွက်မည် ဆယ့်လေး။
ခွေး,ဥဒေါင်း, ဆတ်၊ ဖွတ်နှင့်ကျားငါး၊
ဤငါးပါးဝယ် သုံးကြိမ်တွယ်သည်..
မှတ်ရွယ် ပေါင်းထ ၊ ဆယ့်ငါးရ၏။
လင်းတ,ငုံး,မြင်း၊သွင်းလောနဂါး၊
ဤလေးပါးစပ်၊ လေးဖြစ်စီကောက်၊
ဆယ့်ခြောက်မှတ်ဆို....။
ခိုနှင့်နွားမှ၊ ငါးဖြစ်စီပြု၊
အပေါင်းရှုသော်၊ ဆယ်ခုမှန်ချင်..။
ဆင်မူသတ္တ၊
သုဝ, သမင်၊ ကိုးဖြစ်ပင်တည့်၊
ပေါင်းလျှင် သင်္ချာ၊ ဆယ့်ရှစ်လာ၏။
ဟင်္သာ, ခြသေ့င်္ ၊ ဆယ်စီစေ့၏။
သိမ်မွေ့မှတ်လောက် ၊ နှစ်ဆယ်ရောက်စွ
မြောက်၏ဘဝ၊ ဒွါဒသတည့်၊
ဓမ္မဓဇ ၊ သကုဏဇာတ်လာ၊
အနုဿသိက၊ ဃတာသမှတ်၊
ဤလေးဇာတ်မှာ၊ ပညတ်နာမ၊
ဝိသေသကို၊ မုချမထွက်၊
ငှက်ဟူ၍သာ၊ သာမန်လာ၏။
စိတ်ဖြာဝေငှ၊ ပေါင်းတွက်ချမှ၊
တစ်ရာ့နှစ်ဆယ်၊ ဆွယ်တုံသတ္တ၊
ကုဏာလ ဇာတ်၊ မိန့်လတ်တုံရှောင်း၊
ဂဠုန်လောင်း၍၊ ကျမ်းဟောင်း လက္ခဏ၊
ရှဥ့်ဘဝနှင့်၊ ဗုဒ္ဓဝံသာ ၊ တေဇာလောက်လွေ့ ၊
ခြသေ့င်္တစ်ပါး၊ နဂါး နှစ်တန်၊
စွက်လိုက်ပြန်သော်၊ ရာလွန် သုံးဆယ်၊
နှစ်ဖြာဆွယ်သည်..။
မှတ်ဖွယ်ကျမ်းနှင့် ညီဘိသော..။
📝📝✏✏အရှင်နန္ဒမာလာ
ပထမကျော်၊ ဓမ္မာစရိယ၊ ဝိနယဝိဒူ
လောကဓမ္မ အမေးအဖြေများ စာအုပ်မှ ကူးယူဖော်ပြပါသည်။
https://www.facebook.com/DhammaSarpay/
✏✏မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page, ဓမ္မစာပေများ ရေးသားဒါနပြုသူများ အဖွဲ့မှ ရေးသားပူဇော်ပါသည်။
Credit: Original upload
No comments:
Post a Comment