အဓိဌာန်ဖြင့် ဖူးမြင်ရသည့် ဂေါတမ မြတ်စွာဘုရား ပုံတော်
ယခုမြင်ရသောပုံတော်မှာ ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်ပါသည်။
ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော
မဟာဗောဓိ ညောင်ပင်ရင်းတွင် နိုင်ငံခြားယောဂီ တယောက် ဓါတ်ပုံရိုက်ကူးထားခြင်း
ဖြစ်ပါသည်။
နိုင်ငံခြားမှ ဘာသာခြား အမျိုးသမီးတဦးသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လေ့လာဖတ်ရှုရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို ယုံကြည်သက်ဝင်လာပါသည်။
ထိုအခါ စာပေများကို ဖတ်ရာကို အားရတင်းတိမ်ခြင်း မရှိပဲ ကျင့်ကြံပွားများ အားထုတ်ရန်
ဆုံးဖြတ်လိုက်တော့သည်။
မြတ်စွာဘုရား ပွင့်တော်မူရာဒေသဖြစ်သော ဗုဒ္ဓဂါယာသို့ ရောက်ရှိ၍ မြတ်စွာဘုရား၏
သာသနာပြုရာ ဒေသများသို့ သွားရောက်ဖူးမျှော်ရင်း မြတ်စွာဘုရား၏
မူလပုံတော် အစစ်ကို ဖူးမြော်ချင်သည့် သဒ္ဓါတရား ဖြစ်ပေါ်လာပါသည်။
ဗုဒ္ဓစာပေထဲတွင် သစ္စာအဓိဌာန် ပြုပါက အလိုရှိရာ တောင့်တရာ ဖြစ်နိုင်ကြောင်းဟု
ဆိုထားသောကြောင့် သစ္စာအဓိဌာန်ပြုရန် ဆုံးဖြတ်လိုက်ပါတော့သည်။
သို့ရာတွင် သာမန် သစ္စာအဓိဌာန် မဟုတ်ပါပဲ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့်
မဟာဗောဓိညောင်ပင်ရင်းတွင် အနှစ် (၂ဝ) အားထုတ်ပြီး အဓိဌာန်ပြည့်ပြီးသည့် နေ့တွင်
မဟာဗောဓိပင်ကို ဓါတ်ပုံရိုက်ပြီး ရိုက်သည့်ပုံတွင် ဂေါတမ မြတ်စွာဘုရား ပုံတော်ကို
ဖူးတွေ့ ရစေရန်သစ္စာအဓိဌာန်ပြု ခဲ့ပါသည်။
အနှစ် (၂ဝ) တင်းတင်းပြည့်သောနေ့တွင် ကြည်လင်သော စိတ်ဓါတ်၊ ယုံကြည်သော သဒ္ဓါတရားတို့ဖြင့် မဟာဗောဓိညောင်ပင်ကို ဓါတ်ပုံရိုက်ပါသည်။ ယုံကြည်ထားသည့်အတိုင်းပင်
မြတ်စွာဘုရား၏ ပုံတော် ပေါ်လာပါတော့သည်။
ထို့ ပြင် မောင်းထောင် မြေဇင်း ဆရာတော်ကြီး၏ မန္တလေးတိုင်း ရန်ကင်းအေးငြိမ်း ရိပ်သာ ယောဂီများ အထဲမှ ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်နှင့် ယောဂီဦးစောမြင့်တို့ကဤပုံတော်မှာ မြတ်စွာဘုရား၏ ပုံတော်ဖြစ်ကြောင်းကို သမာဓိထူထောင်ပြီး သမာဓိ တည်ကြည်လာတော့ စိတ်ကိုညွှတ်ပြီး အလင်းနိမိတ် လွှတ်တဲ့သဘောပါ။ သမာဓိခိုင်တော့ ဝိပဿနာကူးပါတယ်။ အဲဒိအခါ
အခုပုံတော်နဲ့တော့ တထေရာတည်းတူတဲ့ ပုံတော်ကို ဖူးခဲ့ရပါတယ်။
လည်ပင်းတော်က ဆင်စွယ်လို ဖြူပြီး အဖုအထစ် မရှိဘူး ခင်ဗျ။ လုံးပြီးတော့ ချောနေတာဘဲ။ နားတော်ကလည်း ပခုံးထိ ရှည်တယ်။ မျက်နှာတော်ရဲ့အလယ်မှာ ဥဏ္ဏလုံ မွှေးရှင်တော်လည်း ရှိတယ်ခင်ဗျ။ လက်တော်ကလည်း သွယ်လျတယ်။ ရှည်တယ်။ ခြေဖဝါးတော်ကလည်း ညီညာတယ်။ နှာခေါင်းတော်ကလည်း စင်းတယ်။ အထူးခြားဆုံးကတော့ ရောင်ခြည်တော် ခြောက်သွယ်ပါဘဲ။ လိမ်လို့ မရဘူးခင်ဗျ။ ပုခုံးတော်ကနေ ထွက်တာဗျ။ နတ်ဗြဟ္မာတွေနဲ့ ယှဉ်ရင် ဘယ်လိုမှကို နှိုင်းယှဉ်လို့ မရအောင် ထူးခြားပြီး သွင်ပြင်လက္ခဏာ ကြည်လင်ပါပေတယ်ဗျာ။ ကြည်ညိုစရာ အရမ်းကောင်းပါတယ်ဗျာ။
ထိုအမေးအဖြေ လုပ်ခဲ့သော ဆရာဦးမြင့်နိုင်မှာ ယခုလက်ရှိ မန္တလေးမြို့ ၇၄လမ်းနှင့်
၃၅လမ်းကြားထောင့်တွင် နေထိုင်လျက်ရှိပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ယောဂီဦးစိုးမြင့်ကိုလည်း ဖုန်းနံပါတ် (၉၅-၂-၃၂၂၇၉)သို့ ဆက်၍ မေးမြန်းနိုင်ပါသည်။
ဆရာဦးမြင့်နိုင်မှာ ယောဂီဦးစောမြင့်အား ဝိပဿနာရှုမှတ်နည်း သင်ကြားပြသပေးခဲ့သူ ဖြစ်ပါသည်. ယခုလည်း ဝိပဿနာတရားတော်များကို သင်ကြားပြသပေးလျက် ရှိပါသည်။
ထို့အပြင် ရန်ကင်းအေးငြိမ်း ဓမ္မရိပ်သာသို့ ဖုန်းနံပါတ် (၉၅-၂-၅၇၂၅၃) သို့
ဆက်၍ မေးမြန်းနိုင်ပါသည်။
မင်းမင်းသိန်း
Credit: Original upload
No comments:
Post a Comment