Saturday, April 1, 2017

သိက္ခာထပ် ခြင်း

ရဟန်းတော်တစ်ပါးအားသိက္ခာထပ် ခြင်းအကြောင်း

ရဟန်းတော်တစ်ပါးအား သိက္ခာထပ် အလှူ ပြုလုပ်မှာဖြစ်တဲ့အတွက် သိက္ခာထပ်ခြင်းဆိုသည်မှာ၊ ဘာတွေလည်း ရဟန်းအတွက်ရော၊ လှူဒါန်းသူ ဒကာဒကာမများ အတွက်ပါ၊ ဘာတွေလိုအပ်ပြီး၊ ဘာတွေ လိုက်နာကျင့်သုံးရမည်များကို ဘုန်းဘုန်း သီတဂူစတား အားမေးလျောက်ဖြစ်ခဲ့ပါတယ်။

ညခင်း အတွက် သာသနာရေးရာ ကိစ္စအ၀၀ကို မေးလျောက်သည့်အခါတိုင်း မဆိုင်းမတွ ဖြေကြားပေးလျက် ဆုံးမသွန်သင် ပေးလျက်ရှိသည့် အရှင်ကောဝိဒသီရိ (သီတဂူစတား) အား ကျေးဇူးတင်ကြောင်းလည်းလျောက်ထားပါတယ်။ဦးဇင်းမှ....

သိမ်ထပ်ခြင်းမင်္ဂလာ

သိမ်ထပ်တယ်ဆိုတာ ပုနောပသမ္ပဒလို့ ခေါ်တယ်၊ နောက်တစ်ကြိမ် တဖန်ရဟန်းပြုပေးခြင်းဟု ဆိုသည်။ ဘာ့ကြောင့် ပုနောပသမ္ပဒ သိမ်ထပ် (ကံထပ်) မင်္ဂလာပြုကြသနည်း?

၁။ အကယ်၍ ပထမရဟန်းခံစဉ်က အကြောင်းအမျိုးမျိုးကြောင့် ရဟန်းခံ ကံ မမြောက်ခဲ့သော် သို့မဟုတ် မပြည့်စုံခဲ့သည်ရှိသော် ကံမြောက်သွားစေသည်၊ ပြည့်စုံသွားစေသည်။
၂။ အကယ်၍ ကံမြောက်ပြီးဖြစ်သော်လည်း ခိုင်ရာသံပတ် မြတ်ရာထွဋ်တင် ဆိုတာလို ပိုပြီး ဖြူစင်သွားအောင် ခိုင်မြဲအောင် ပြုလုပ်ပေးရာရောက်သည်။
၃။ ရဟန်းအတွက် ပစ္စည်းလေးပါး ပြည့်စုံ လုံလောက်စေသည်။
၎။ အလှူရှင် ရဟန်းဒကာ ဒကာမများအတွက် ကုသိုလ်ပွားစေသည်။

ရဟန်းအတွက်တော့ ရဟန်းသိက္ခာဟာရှိနေပြီးဖြစ်တဲ့အတွက် ဒကာ၊ ဒကာမတိုးခြင်းပဲ ရပါတယ်။ ကုသိုလ်အနေနဲ့ ကိုယ့်ဒကာ၊ဒကာမတွေကို မေတ္တာပို့ပေးတာ၊ ဒကာ ဒကာမများ အကျိုးများမဲ့ တရားတွေ ဟောပေးတာ၊ ကိုယ့်ဒကာ၊ ဒကာမတွေ စိတ်ကျေနပ်အောင် သာသနာပြုပေးတာတွေ လုပ်ပေးမယ် ဆိုရင်တော့ သိက္ခာထပ်ခံရတဲ့ရဟန်းမှာ အကျိုးဖြစ်ပါတယ်။

လှူဒါန်းပေးတဲ့ ဒကာ၊ဒကာမတွေမှာလည်း မိမိရဟန်းရဲ့ သာသနာပြုလုပ်ငန်း တွေကိုကြည့်ပြီး ၀မ်းသာပီတိဖြစ်မှု ကုသိုလ်၊ ရဟန်းရဲ့လိုအပ်တဲ့အရာကို ထောက်ပံ့ပေး တဲ့ကုသိုလ်၊မိမိအရင်က သံယောဇဉ်ထား စရာမရှိလို့ မလှူဖြစ်ခဲ့ပေမဲ့ မိမိရဟန်းရှိတဲ့အခါ သင့်တော်တဲ့ အလှူလေးတွေ လုပ်ဖြစ်တဲ့အကျိုးတွေ ရရှိကြောင်း...

တချို့သောသူများဟာ မိမိနဲ့ရင်းနှီးတဲ့လူမရှိရင် ဘုန်းကြီးကျောင်းရောက်ဖို့ ခဲယဉ်းပါတယ်။မိမိနဲ့ရင်းနှီးတဲ့ ရဟန်းသံဃာများရှိရင် ကျောင်းကိုရောက်ဖြစ်ပြီးဒါနကုသိုလ်၊ သီလကုသိုလ်၊ ကျောင်းဝေယျာဝစ္စ တံမြတ်လှည်းခြင်းစတဲ့ ကုသိုလ်များတိုးပွားစေကြောင်း.. မိမိနဲ့ရင်းနှီးမှုရအောင် မိမိဆွေမျိုးမတော်တဲ့ သံဃာကို သိက္ခာထပ် အကျိုးရလဒ်တွေဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒါကတော့ အလှူမစတင်မီ သိထားသင့်သည်များကို မေးလျောက်ခဲ့ခြင်းဖြစ်ပါတယ်။ လှူဒါန်းဖွယ်ရာ ပစ္စည်းများကိုတော့ အလှူကျင်းပ မည့် ရေကြည်မင်္ဂလာ ဆရာတော်မှ လမ်းညွန် မိန့်ကြားပေးခဲ့ပါတယ်။

ဒီလိုနဲ့ အလှူလေး ကို တနေ့တာစီစဉ် မှုများဖြင့် စတင်ကျင်းပ ဖြစ်ခဲ့ပါတယ်။
အလှူဒါနအတွက် ရေစက်သွန်းချ တရားတော်ကိုတော့ ပုသိမ်မြို့ မဟာမြိုင်တောရ ကျောင်းဆ၇ာတော် ဘဒ္ဒန္တ ဣန္ဒောဘာသမှ ချီးမြှင့်ခဲ့ပါတယ်။
ဤသို့သော တရားတော်ကို နာယူ ဖတ်ကြားရပြီး သူတော်စင်အပေါင်းတို့သည် ယခုလို ကံထပ်မင်္ဂလာ ကုသိုလ်ထူးကို ရယူနိုင်ကြပါစေ....

ရေးသားသူ ညခင်းနှင့်လမင်း

တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Credit: မူရင်း

No comments:

Post a Comment