အသိတရားကိုသတိကပ်ပေးပါ။
ဘာကြောင့်လဲဥပမာဆိုကြပါစို့ယာဉ်မောင်းနေတယ်ဆို
ပါစို့။ကားဖြစ်ဖြစ်ဆိုင်ကယ်ဖြစ်ဖြစ်မောင်းနေတယ်ပေါ့
နော်။လူကိုတိုက်မိမလားဒါမှမဟုတ်ကိုယ့်ရှေ့ကကား
သို့မဟုတ်ဆိုင်ကယ်ပဲအရှိန်များပြီးတိုက်မိမလားဆိုပြီး
စိုးရိမ်နေမဲ့အစားငါအရှိန်များရင်တိုက်မိမယ်ဆိုတဲ့အသိ
လေးတော့ရှိတယ်အဲ့ဒီအသိလေးကိုသတိလေးကပ်ပြီး
မောင်းနှင်မယ်ဆိုရင်ကိုယ်လည်းအန္တရာယ်ကင်းသလို
တစ်ဖက်လူကိုလဲအန္တရာယ်မဖြစ်စေဘူးပေါ့။ဒါမှလည်း
ကိုယ်လိုရာခရီးကိုချောချောမွေ့မွေ့နဲ့ရောက်ရှိနိုင်မှာပေါ့
အကယ်၍များသတိလေးတစ်ချက်လွတ်ခနဲဖြစ်သွားတာ
နဲ့ကိုယ်ဘဝတစ်ခုလုံးပြောင်းသွားနိုင်တယ်ဆိုတာရင်ထဲ
မှာအမြဲနှလုံးသွင်းထား။ထိုနည်းတူစွာပဲတရားအားထုတ်
တဲ့အခါမှာလဲဝိပဿနာကိုအားထုတ်ရင်ဘယ်လိုအကျိုး
ဆက်တွေသက်ရောက်နိုင်မလဲဆိုတာကိုယ်ကိုယ်တိုင်
အသိဆုံးဖြစ်မှာပါ။သို့ပေမဲ့လည်းသိနေပေမဲ့သတိလစ်က
နဲဖြစ်သွားရင်ကိုယ်ရည်မှန်းထားတဲ့နိဗ္ဗာန်ကိုအလွယ်တ
ကူရောက်နိုင်ပါ့မလား။ဒါကြောင့်အသိကိုသတိလေးက
အမြဲကပ်နေပေးရမယ်။သတိဆိုတာပိုတယ်မရှိဘူး။
အခုတရားစခန်းသွားနေကြတဲ့ယောဂီတွေအများကြီး
တွေ့ဖူးပါတယ်။တစ်ချို့ကအိမ်မှာစိတ်ညစ်လို့တရားစ
ခန်းလာဝင်တာတို့တစ်ချို့များကျပြန်တော့လည်းဝါသနာ
ပါလို့တစ်ချို့ကြတော့လည်းတရားစခန်းရောက်ရင်ဟိုလူ့
အကြောင်းပြောဒီလူ့အကြောင်းပြောချင်လို့ဝင်တဲ့လူလဲ
ရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်တရားလိုချင်လို့တရားစခန်း
သွားပါတယ်ဆိုမှတရားမရနိုင်ရင်ကိုယ်လုပ်တာပင်ပန်း
ယုံပဲရှိမှာပေါ့။တစ်ချို့များတရားစခန်းသွားဝင်တယ်ပြန်
လာလို့မေးကြည့်ရင်ဘာမှမသိဘူးဘယ်သိမလဲနှလုံးမှ
မသွင်းတတ်တာ။သူများဝင်လို့လိုက်ဝင်တာတွေအဖော်
ခေါ်လို့ဝင်ရတာတွေရှိပါတယ်။အားလုံးကိုမဆိုလိုပါဘူး
ဒါကြောင့်ဘုရားဟောကျမ်းတွေကိုသိနေယုံနဲ့မရဘူး။
ကိုယ်တိုင်လဲကျင့်ကြံပွားများမှနိဗ္ဗာန်ကိုရောက်နိုင်မှာ
ပေါ့။မကောင်းတဲ့စိတ်လေးတွေကိုလဲသတိလေးနဲ့ဖြည်း
ဖြည်းခြင်းဖယ်ရှားပါ။
အသိတရားကိုသတိလေးကလက်ကိုင်ထားမယ်ဆိုအမှားနည်းပြီးအမှန်မြင်နိုင်ပါစေလို့……………
မည်သူတစ်ဦးတစ်ယောက်ကိုမှပုတ်ခတ်စွပ်စွဲရေးသား
ခြင်းမဟုတ်ပါ။အကယ်၍များဒီစာထဲကအတိုင်းဖတ်ရှု
နေသောဓမ္မမိတ်ဆွေများပါဝင်နေပါကအနှုးညွှန့်တောင်း
ပန်အပ်ပါသည်။
မေတ္တာဖြင့်ရေးသားသူ #သူတော်စင်#
Credit: Original upload
No comments:
Post a Comment