Sunday, April 2, 2017

🌷 မြတ်α€…ွာα€˜ုα€›ာြးα€–α€…်တော်α€…α€₯် - α€—ုဒ္ဂဝင် ထကျα€₯်း 🌷


🌷 မြတ်စွာဘုရားဖြစ်တော်စဉ် - ဗုဒ္ဓဝင် အကျဉ်း 🌷
____________________________________________

🌻 ၁ ။  ဗျာဒိတ်ခံယူသောဘဝ = သုမေဓာ ရှင်ရသေ့ဘဝ ။

🌻 ၂ ။  ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့် နေ့ ။

🌻 ၃ ။  ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာဘုရား ။

🌻 ၄ ။  ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသ္မီး ။

🌻 ၅ ။  ပါရမီဖြည့်ရာ ကာလ = လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း
     ( သုမေဓာရသေ့ဘဝမှ ဝေဿန္တရာမင်းဘဝအထိ ) ။

🌻 ၆ ။  ဖြည့်ခဲ့သောပါရမီ = ဒါန ..... , စသော ပါရမီ(၁ဝ)ပါး ၊ အပြား (၃၀) ၊ စွန့်ခြင်းကြီး (၅) ပါး ။

🌻 ၇ ။  ပါရမီဖြည့်ရခြင်းရည်ရွယ်ချက် = ဝေနေယျ  သတ္တဝါများ၏အကျိုးချမ်းသာကို    ဆောင်ရွက်ရန် ။

🌻 ၈ ။  နောက်ဆုံးစံခဲ့သောနတ်ပြည် = တုသိတာနတ်ပြည် ။

🌻 ၉ ။  နတ်သားအမည် = သေတကေတု မည်သောနတ်သား ။

🌻 ၁ဝ ။ ဘုရားဖြစ်ရန်တောင်းပန်သူ = နတ် ၊ ဗြဟ္မာများ ။

🌻 ၁၁ ။ ကြည့်ခြင်း(၅)ပါး =
(က) လူ့သက်တမ်း (ကာလ) ၊
(ခ) ဘုရားဖြစ်ရန်ဇမ္ဗူဒီပကျွန်း (ဒီပ) ၊
(ဂ) ဘုရားဖြစ်ရန်အရပ် (ဒေသ) ၊
(ဃ) ဘုရားဖြစ်ရာမျိုးနွယ် (ကုလ) ၊
(င) အမိအသက်အပိုင်းခြား (မာတုအာယုပရိစ္ဆေဒ) ။

🌻 ၁၂ ။ မယ်တော်အိပ်မက် = နတ်မင်းများကအနောဝတတ်အိုင် သို့သယ်ပြီး ရေချိုးပေး ၊ ကျောက်ဖျာ၌အိပ် ၊ ဆင်ဖြူတော်ဝင်သည်ဟုမက် ။

🌻 ၁၃ ။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် (၆၇)
    ဝါဆိုလပြည့် ၊ ကြာသပတေးနေ့ ။

🌻 ၁၄ ။ မိဘအမည် = သုဒ္ဓေါဓနနှင့် မာယာဒေဝီ ။

🌻 ၁၅ ။ နေပြည်တော် = ကပိလဝတ်ပြည် (သက္ကတိုင်း) ။

🌻 ၁၆ ။ အမျိုးအနွယ် = သာကီဝင်မင်းမျိုး ။

🌻 ၁၇ ။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် (၆၈)၊ ကဆုန်လပြည့် ၊ သောကြာနေ့ ။

🌻 ၁၈ ။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်
      ( ကပိလဝတ်နှင့် ဒေဝဒဟအကြား )  ။

🌻 ၁၉ ။ ဘုရားဖြစ်မည်ဟု ဧကန်ဟောသူ = ကောဏ္ဍညပုဏ္ဏား ။

🌻 ၂ဝ ။ မိထွေးတော် = ဂေါတမီ ။

🌻 ၂၁ ။ မင်းသားအမည်  = သိဒ္ဓတ္ထ မင်းသား ။

🌻 ၂၂ ။ ဖွားဖက်တော်များ = ယသော်ဓရာ ၊ အာနန္ဒာမင်းသား ၊ ဆန္န ၊ ကာဠုဒါယီ အမတ် ၊ ကဏ္ဍကမြင်း ၊ဗောဓိပင် ၊ ရွှေအိုးကြီး (၄) လုံး ။

🌻 ၂၃ ။ ကြင်ယာတော် = ယသောဓရာ (ဘဒ္ဒကဉ္စနာ) ။

🌻 ၂၄ ။ ရင်သွေးတော် = ရာဟုလာ ။
     
🌻 ၂၅ ။ ယောက်ဖတော် = ဒေဝဒတ် ။

🌻 ၂၆ ။ နန်းစံသောနှစ် = ၁၃ နှစ် (၁၆နှစ်မှ -၂၉နှစ်ထိ) ။

🌻 ၂၇ ။ မြင်သောနိမိတ် = သူအို, သူနာ, သူသေ, ရဟန်း ။

🌻 ၂၈ ။ တောထွက်သောအသက် = (၂၉) နှစ် ။

🌻 ၂၉ ။ တောထွက်သောနေ့ = မဟာသက္ကရာဇ် (၉၇) ဝါဆိုလပြည့် ။

🌻 ၃ဝ ။ တောထွက်ချိန်ပါသူ = ကဏ္ဍကမြင်းနှင့် ဆန္န ။

🌻 ၃၁ ။ ဖြတ်ကူးသောမြစ် = အနော်မာမြစ် ။

🌻 ၃၂ ။ ပယ်သောအရာ = ဆံတော်နှင့် အဝတ် ။

🌻 ၃၃ ။ ဆံတော်တည်ရာစေတီ  = တာာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ။

🌻 ၃၄။ ဝတ်တော်စေတီ = ဗြဟ္မာ့ပြည်ရှိ ဒုဿစေတီတော် ။

🌻 ၃၅ ။ သင်္ကန်းပရိက္ခရာလှူသူ = ကဋိကာရဗြဟ္မာ ။

🌻 ၃၆ ။ ဒုက္ကရစရိယကျင့်ရာဌာန = ဥရုဝေဠတော ။

🌻 ၃၇ ။ ဒုက္ကရစရိယကျင့်သောနှစ် = (၆)နှစ် ။

🌻 ၃၈ ။ ဘုရားဖြစ်သောနှစ် -မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ် ၊ ကဆုန်လပြည့်နေ့ ။

🌻 ၃၉ ။ ဘုရားဖြစ်ချိန်အသက် = `` ၃၅ ´´ နှစ် ။

🌻 ၄ဝ ။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း = (၁ဝဝ) တမ်း ။

🌻 ၄၁ ။ ဒုက္ကရစရိယကျင့်ချိန် အလုပ်အကျွေး = ပဉ္စဝဂ္ဂီ (၅) ဦး ။

🌻 ၄၂ ။ ဘုရားဘွဲ့တော် = ဂေါတမ ။

🌻 ၄၃ ။ ဃနာနို့ဆွမ်းကပ်လှူသူ = သုဇာတာ အမျိုးသ္မီး ။

🌻 ၄၄ ။ ရွှေခွက်မျှောသောမြစ် = နေရဉ္ဇရာမြစ် ။

🌻 ၄၅ ။ ဗောဓိပင်အသွားမြက်လှူသူ = သောတ္ထိယမြက်ရိတ်သမား ။

🌻 ၄၆ ။ မြက်မှ ဖြစ်သောအရာ = ရွှေပလ္လင် ။

🌻 ၄၇ ။ ရွှေပလ္လင်လာလုသူ = ဝသဝတ္တိနတ်ပြည်နေမာရ်နတ် ။

🌻 ၄၈ ။ ဘုရားဘက်မှ သက်သေပြုသူ = ဝသုနြေ္ဒမြေစောင့်နတ် ။

🌻 ၄၉ ။ ဘုရားဦးစွာ ရသောဉာဏ်များ = ပထမယာမ်၌   ပုဗ္ဗေနိဝါသဉာဏ် ၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ် ၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ် ၊၊

🌻 ၅ဝ ။ ဓမ္မစကြာဟောသောနေရာ = မိဂဒါဝုန်တော ။

🌻 ၅၁ ။ ဓမ္မစကြာဟောသောနေ့ = ၁ဝ၃ ခု ၊ ဝါဆိုလပြည့်  စနေနေ့ ။

🌻 ၅၂ ။ ပထမဦးဆုံးရဟန္တာဖြစ်သူ = ရှင်ကောဏ္ဍည ။

🌻 ၅၃ ။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ ၊ မိဂဒါဝုန်တော ။

🌻 ၅၄ ။ ပထမဆုံးသာဝက = ပဉ္စဝဂ္ဂီ (၅)ဦး ။

🌻 ၅၅ ။ နောက်ဆုံးကျွတ်သောသာဝက = သုဘဒ္ဒပုရိဗိုဇ် ။

🌻 ၅၆ ။ လက်ျာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ။

🌻 ၅၇ ။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန် ။

🌻 ၅၈ ။ အဆုံးအမ = ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ ။

🌻 ၅၉ ။ ကျင့်စဉ်သိက္ခာ = သီလ, သမာဓိ, ပညာ ။

🌻 ၆ဝ ။ နောက်ဆုံးဆွမ်းလှူသူ = စုန္ဒ ။

🌻 ၆၂ ။ ပရိနိဗ္ဗာန်ပြုသောအသက် = သက်တော် (၈ဝ) ၊  ၀ါတော် (၄၅) ။

🌻 ၆၃ ။ ပရိနိဗ္ဗာန်စံသောနေ့  = မဟာသက္ကရာဇ် ၁၄၈ - ခု ၊ ကဆုန်လပြည့် အင်္ဂါနေ့ ။

ဗုဒ္ဓဝင် 🌷 အကျဉ်းပြီး၏။

@@@ အရှင်စန္ဒဇောတိ(သာသနာနွယ်) ပူဇော်သည်။

Credit: Original upload

No comments:

Post a Comment